အပိုင်း (42) အဆက်

764 112 3
                                    

Tea of Summer

[Unicode]

    တစ်ခါတစ်ရံ ထို ဆိုင်ကို လာတဲ့ စားသုံးသူတွေက စင်ရော်ငှက်တွေ ကို အစာကျွေး လေ့ရှိကြတယ်။ ဘာလို့လဲ ဆိုတော့ အဲ့ဆိုင်လေး အနားမှာ စင်ရော်တွေ နေတဲ့ ကျွန်းလေး ရှိလို့ပဲ ဖြစ်လေတယ်။ လင်းချင်နဲ့ ရှလျောင် တို့ကတော့ အစာကျွေး လို့ရတယ် ဆိုတဲ့ စကား ကို ကြားလိုက်ရတာကြောင့် သူတို့တွေ ကို ပြောင်းဖူးတွေ ပေါင်မုန့်တွေ ပစ်ပေး ပြီး ကျွေးခဲ့ ကြတယ်။ ပင်လယ်ရဲ့ လေပြေလေညှင်း လေး က သူတို့လေးတွေ ရဲ့ ဆံပင်တွေ ကို လွင့်နေအောင် တိုက်နေကြလေတယ်။

  ဝေ့ချင်နဲ့ စုန့်ချီယန် တို့ကတော့ မိန်းကလေး ၂ ယောက်ကိုသာ ကြည့်နေခဲ့ ကြလေတယ်။ ဝေ့ချင် ကတော့ စုန့်ချီယန် ဘက်ကို လှည့်ပြီး မျက်ခုံး တစ်ဖက် ပင့်ကာ ပြော လိုက်တယ်။

" အရင်တုံးက မင်း ဘယ်လို မိန်းကလေး မျိုးကို ရှာတွေ့လိမ့် မလဲ ဆိုတာ ကို ငါ အမြဲ ပူပန်နေ ခဲ့ရတာ။ လိမ္မာ ပါးနပ်ပြီး စမတ်ကျတဲ့ သူလေး ဖြစ်မလား ဒါမှ မဟုတ် သိမ်မွေ့ပြီး တာဝန်ကျေတဲ့ သူလေး ဖြစ်လောက်မယ် လို့ပေါ့။ ဒါပေမယ့် ငါဘယ်တော့မှ မတွေးမိခဲ့တဲ့ တက်ကြွနွေးထွေးပြီး လှပချစ်စရာ ကောင်းတဲ့ ညီမငယ်လေး ကို မင်းက အောင်မြင်စွာ လှည့်စား သွား နိုင်မယ်ဆိုတာ ကိုလေ။''

   ဝေချင်က အထက်တန်း မအောင်ခင် ကျောင်း ကို ၄ နှစ် တက်ခဲ့ ရပြီး ဆေးတက္ကသိုလ် ကို သွား ခဲ့ ရတယ်။ ဆေးကျောင်း မှာလဲ ၄ နှစ်သာ တက်ရပြီး အခုဆို ပေါမောက္ခ အထူး အတန်း ထဲ ထိကို ဝင်နိုင် ခဲ့တယ်လေ။ ငယ်ငယ် ကတည်း က စာတော်လွန်း လို့ အတန်းတွေ မဟားတရား ကျော်တက်ပြီး ထူးချွန် လွန်းတဲ့ စုန့်ချီယန် အကြောင်း ကိုသာ ထည့်မတွက်ရင် သူက အထူးတန်း မှာ အငယ်ဆုံးပဲ။ ဒါတောင် သူနဲ့ စုန့်ချီယန် တို့က ၆နှစ်လောက် ကို အသက်က ကွာနေသေးတာ။

  ဝေ့ချင်နဲ့ ဂျက်ဖရီ တို့ကတော့ အုပ်စုလိုက် ခရီး ထွက်တဲ့ အချိန်ကြမှသာ ဒီညီငယ်လေး က မျက်နှာသေ ကြီး နဲ့ အမြဲ မနေမှန်း သိလာပြီး ပိုရင်း နှီးလာခဲ့ ကြတာလေ။ စုန့်ချီယန်က ထိုင်ခုံပေါ်ကို မှီပြီးတော့ ဇိမ်ရှိစွာ နဲ့ ထိုင်ကာ ခွက်ထဲ ကရေခဲတုံးလေး တွေ ကို ကောက်ဝါး နေခဲ့တော့တယ်။ သူက ရှလျောင် ရဲ့ နောက်ကျော လေး ဆီကို စိတ်ဝင်စား မှု အပြည့် နဲ့ နှုးညံစွာ ကြည့် လိုက်တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now