အပိုင်း (2)

2.4K 254 5
                                    

[Unicode] {edit done }

2. နွေရာသီရဲ့ လက်ဖက်ရည် ☕

  တစ်နာရီလောက် ကြာပီးတဲ့ နောက်မှာတော့ ရှလျန် ဟာ သူမ ရဲ့ဖုန်းကိုဆွဲထုတ်လိုက်ပီး ဘယ်နှနာရီ ထိုးပြီလဲ ဆိုတာလဲ ကြည့်လိုက်တယ်။နောက်တော့  သူမလည်းတစ်ခြား ရေနွေးအိုး တစ်အိုးကို ထပ်ဖျော်လိုက်ပြီး  သူတို့ဆီကို ယူသွား ပေး လိုက်တယ်။

ဒီလိုပူပြင်းတဲ့ နေ့ရက်တွေမှာ အသံသွင်း အသံဖမ်း လုပ်တာ နဲ့တင် အချိန်ကို  မြန် မြန် ကုန်စေတာပဲ ဖြစ်တယ်။

သူတို့ကိုကြည့်ရတာကတော့ အသံသွင်းထားတာကို ပြန်နားထောင်နေကြ ဟန်ပေါ်လေတယ်။ ကြည့်ရတာကတော့ အပိုင်း  ​တစ်ပိုင်းအတွက် အသံသွင်းပီးသွား​​ပြီထင်တယ် ။ အဲ့ကောင်လေးက ဘာမှမရှိတော့တဲ့ ပလပ်စတစ်ခွက်ကို လက်ထဲမှာကိုင်ထားပီး ကျောင် ကောရဲ့ အရှေ့ဘက်ခုံမှာ ထိုင်နေတယ်။

သူကတစ်ချက်ပြုံးလိုက်တယ်။

သူ့အသံနားထောင်ရတာတော့ ပင်ပန်းနေတဲ့ပုံပဲ။ ဒါပေမယ့် နားထောင်ရတာနည်းနည်းတော့ သာသာယာယာရှိလေတယ်။

"လက်ဖက်ရည် (ရေနွေးကြမ်း)ကတော့ ကောင်းပါတယ်။ ဒီလိုခွက်မျိုးနဲ့ထည့်တာကတော့ တမင်သက်သက်ဖြုန်းတီးလိုက်သလိုပဲ။.... ''

(စောက်ရမ်းကြီးကျယ်တာပဲ 🙂)

ရှလျန် တစ်ယောက်  လမ်း လျှောက်နေရာကနေချက်ချင်းရပ်သွားတယ်။

သူမရဲ့နှလုံးခုန်သံကိုတောင် ရှင်းရှင်းလင်းလင်း ကြားနေရတယ်။
သူ့ရဲ့အသံဟာငြီးငွေ့မှုတွေအပြည့်ပါနေသော်လည်း သူ့ရဲ့ ပင်ကိုစွဲဆောင်မှုရှိတဲ့အသံကိုမဖုန်းကွယ်ထား နိုင်ဘူးလေ။
အမှန်တကယ်ကို ပျိုမေလေးတွေ ကိုစွဲဆောင်နိုင်တဲ့ ညှိ့အားပြင်းတဲ့အသံလိုမျိုးပဲ။

ရှလျန် ဟာ အင်တာနက်ပေါ်မှာ အသံကောင်းကောင်းလေးတွေကို တော်တော်များများ နားထောင်ခဲ့ဘူး သူ။ ဒါပေမယ့်လဲ သူ့ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ အသံအောက်မှာ မျောသွားမိတယ်။

ရှလျန် ဟာ သူ့ရဲ့ ယောကျာ်း ဆန်လှတဲ့ မျက်နှာကိုမြင်ပီးတော့ စိတ်အတော် ငြိမ်သွားတယ်။ (🙃)

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now