အပိုင်း ( 27)

876 117 1
                                    

Unicode................................................

27. ​ေနွရောသီရဲ့ လက်ဖက်ရည်

" ဟိုင်း.. ဂျုနီယာ ညီမလေး ( ရှောင် ရှစ်မေ့) ..''

ရှလျောင် တစ်ယောက် ကတော့ သူမရဲ့ နှစ်လယ် စာမေးပွဲတွေ ပြီးသွားတာတောင်မှ သူမမှာ အားတဲ့ အချိန် များများစားစား မရှိခဲ့ဘူး။ သူမက စီပွားရေး မေဂျာက စီနီယာ ကျောင်းသူတွေ နဲ့ နောက်လာမယ့် ပရောဂျက် အတွက် ခန်းမကြီး ထဲမှာ ထိုင်ပြီး ဆွေးနွေး နေတုံး ယောကျာ်း တစ်ယောက်ရဲ့ ခေါ်သံကြောင့် အကုန်လုံး တိတ်ဆိတ် သွားကြတော့တယ်။

   လူတွေ အကုန်လုံးက ဆွေးနွေးနေ ကြတာကို ရပ်လိုက်ကြ ပြီးတော့ အလိုအလျောက်ပဲ အသံကြားရာ ဝင်ပေါက်နေ ရာကို လှမ်းကြည့် လိုက်ကြတယ်။ ရှလျောင်လဲ သူမကို လှမ်းခေါ်တဲ့ အသံကြားလို့ လှမ်း ကြည့်လိုက် တယ်။ သူမက အခုဆွေးနွေး နေတဲ့ အဖွဲ့ ထဲမှာ အငယ်ဆုံး ဖြစ်ပေမယ့် သူမက အမေရိကန်ကောလိပ် မှာ ဒုတိယနှစ်ကျောင်းသူ ဖြစ်ဆဲ့ အပြင် သူမယူထားတဲ့ မေဂျာ ၂ ခုကြောင့် သူမရဲ့ ဘေးမှာ သူမရဲ့ စီနီယာ တွေနဲ့ ဂျူနီယာ တွေ ရှိနေကြတယ်။

  သူမက ' ဂျူနီယာ ညီမလေး ( ရှောင်ရှစ်မေ့) လို့ခေါ်သံ ကြားတုံးက သူမကို ခေါ်တယ် ပဲ ထင်လိုက်တယ်။ ဒီအဖွဲ့ ထဲမှာ တစ်ခြား တရုတ် ကျောင်းသူကျောင်း သားတွေ ပါတာမို့ တရုတ်လို နှုတ်ဆက်တဲ့ အသံကြားတော့ ဘယ်သူမှ အရမ်း အထူးအဆန်း အနေနဲ့ မအံ့သြ သွားကြဘူး။

  ရှလျောင်က ဝင်ပေါက်ကို ကြည့်တဲ့ အခါမှာ သူမနဲ့ သိပ်မရင်းနှီး တဲ့ မျက်နှာ တစ်ခုကို တွေ့လိုက်တယ်။ သူမဦးနှောက် ကို အလုပ်ပေး ပြီး မြန်မြန် ရှာလိုက်တဲ့ အခါမှာ တော့ တစ်ခဏ အတွင်းပဲ သူမ မှတ်မိသွား တော့တယ်။ သူမနဲ့ စုန့်ချီယန် တို့ စာကြည့်တိုက်မှာ ဆုံတဲ့နေ့က သူက စုန့်ချီယန် ရဲ့ နောက်မှာ ထိုင်နေတဲ့ သူတစ်ယောက်ပဲ။

ရှလျောင်က မတ်တပ်ရပ် ပြီးတော့ ဖော်ဖော်ရွေရွေ နဲ့ပြုံး ပြလိုက်တယ်။

" မဂ်လာပါ စီနီယာ အကို...''

ဝေချင်း ကလဲ ရိုးရိုးရှင်းရှင်း ပဲ ပြန်နှုတ် ဆက်လိုက်တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now