အပိုင်း (33)

831 135 13
                                    

[Unicode]

တစ်ညနေ ခင်းဆိုတဲ့ အချိန်ဟာ ရှောင်းရီရဲ့ ကလေးတွ ဖြစ်တဲ့ ချီနိုင်းနဲ့ ချီကျင်းတို့ ကြားမှာ သူငယ်ချင်း ဖြစ်လာစေ ဖို့ ရှလျောင် အတွက်တော့ လုံလောက်တဲ့ အချိန် ပါပဲ။ ချီနိုင်း နဲ့ ချီကျင်းဟာ သူမရဲ့ ဘေး တစ်ဖက် တစ်ချက် စီမှာ ထိုင်နေ ပြီးတော့ သူတို့တွေက ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စား စရာအကြောင်းတွေရယ် ကောလိပ်ကျောင်း သားဘဝ အတွေ့အကြုံတွေ ရယ်ကို မေးခွန်း အချို့မေး ပြီး ပျော်ရွှင်စွာ စကားပြောနေကြတော့တယ်။ ( အတင်းတုပ်နေတတာပါ)

" စီနီယာ အကို..... အဟမ်း...အယ်ဘက် က ငါတို့ ကောလိပ်ကျောင်း သားတွေရဲ့ ဘဝအကြောင်း ကို မင်းတို့တွေ ကိုပြောမပြဘူးလား? "

ငယ်ရွယ်တဲ့ ကလေးမ နှစ်ယောက်လုံးက ပုခုံး တွန့်ပြလာခဲ့တယ်။ ချီကျင်း ကတော့ ပါးစပ်ကို တင်းတင်း စေ့ထားပြီး ချီနိုင်း ကတော့ စကား စပြောလိုက်တယ်။

" အယ်ဘက် က သူ့ကျောင်း အကြောင်းကို ကျွန်မတို့ကို ပြောပြခဲ့မယ်ဆိုရင် အဲ့တာက ကြုံတောင့် ကြုံခဲ ဖြစ်ရပ် လို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် သူက ဒီကိုလာတဲ့ အခါ စကားအများကြီး ပြောလေ့ မရှိဘူး။''

ချီနိုင်း က သူမလေးရဲ့ မေးစေ့ကို ကိုင်ကာ စဥ်းစားနေတဲ့ပုံက သူမလေးကို တည်ငြိမ် ရင့်ကျက်တဲ့ ပုံပေါ်နေစေတယ်။

" အဟမ်း...များသောအားဖြင့် သူက လူတွေကို တူညီတဲ့ နည်းလမ်းနဲ့ပဲ ဆက်ဆံလေ့ ရှိတာပဲ။ အယ်ဘက်မှာ အရမ်းနိမ့်တဲ့ EQ ( emotional) ရှိနေတာပဲ။ ''

သူမပြောပြီးတဲ့ နောက်မှာတော့ ကောင်မလေး နှစ်ယောက်ရဲ့ ဝိုင်းစက်နေတဲ့ မျက်လုံး လေးတွေက သူမဆီကို ရောက်လာပြီး မေးလိုက်တယ်။

" အယ်ဘက် သာ EQ နိမ့်ရင် အမကို ဘယ်လိုလုပ် သူက ဖမ်းမိသွား တာလဲ? "
( Double kill 😅)

ရှလျောင် တစ်ယောက် အံ့သြ ထိန့်လန့် သွားတော့တယ်။ နောက်မှ သဘောပေါက်ပြီး ရှက်သွေး ဖြာလာတော့တယ်။ သူမက ကလေးမ နှစ်ယောက်ရဲ့ ခေါင်းကို သာသာ လေးပုတ်လိုက်ပြီး မှ ပြန်ဖြေ လိုက်တယ်။

" အမတို့က ကျောင်းနေဖက် တွေပါကွာ။ အများကြီး မတွေးကြစမ်းပါနဲ့ ။ ဒါနဲ့ မင်းတို့ရဲ့ အသက်တွေက ဘယ်လောက်ရှိနေပြီလဲ။ ''

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now