အပိုင်း (32)အဆက်

845 129 1
                                    


[Unicode]

" မင်းတို့ ရောက်လာကြ ပြီလား ''

သူမက အပြုံးလေးနဲ့ နှုတ်ဆက်လိုက် ပြီးတော့ စုန့်ချီယန် ဆီကနေ စျေးဝယ်အိတ် ကို လက်လွှဲ ယူလိုက်တယ်။

" မဂ်လာ ပါရှင့် ကျွန်မက တော့ ရှလျောင်ပါ။ ကျွန်မ က စီနီယာရဲ့ ကျောင်းနေဖက်ပါ ။ ''

ထို အမျိုး သမီးက စုန့်ချီယန် ကိုကြည့်လိုက်တယ်။ နောက်မှ အဲ့ အမျိုးသမီး က သူမကို ပြုံးရင်း ကြည့်လာခဲ့တယ်။

" မဂ်လာပါ ရှောင်ရှရေ..... ကြိုဆိုပါတယ် အထဲကို ဝင်ခဲ့လေ ။ မင်း ဖိနပ်လဲ စီးစရာ မလိုပါဘူး။ ကိုယ့်အိမ် လိုပဲသဘောထားပါ။ အန်တီ ကို အားယန် ခေါ်သလိုပဲ ရှောင်ရီ လို့ပဲ ခေါ်နိုင် ပါတယ်။ ပြောရမယ် ဆိုရင်တော့ အန်တီ ရဲ့ အမျိုးသား က ကုပ္မဏီ ကိစ္စ တစ်ချို့ကြောင့် အပြင် ခဏ ထွက်သွားခဲ့တာလေ။ သူက နေ့လည်ခင်းမတိုင် ခင်လောက်တော့ ပြန်လာမှာပါ။ ပြီးတော့ ရှလျောင်ရေ စုန့်ချီယန် ကို ဂရုစိုက်ပေး ပါအုံးနော်။ ''

ရှလျောင် တွေ့လိုက်ရတာ ကတော့   စုန့်က သူမ အပေါ်ကနေ ကြည့်နေ ငုံ့ ပြီး ကြည့်နေတာကိုပေါ့။ ဒါကြောင့် သူမက ခေါင်းကို တိတ်ဆိတ် စွာငြိမ့်လိုက် ပြီး သိမ်မွေ့စွာ ပြန် နှုတ်ဆက် လိုက်တယ်။

" ရှောင်ရီ  မဂ်လာပါ.....''

စုဝေ က သူတို့ကို ဧည့်ခန်းထဲ မှာထားခဲ့လိုက်တယ်။ အဲ့နောက် သူမက အိပ်ခန်း ထဲကို လှမ်းအော်လိုက်တယ်။ အသက် ၁၂ နှစ် ၁၃ နှစ် လောက်ရှိတဲ့ ကလေး မလေး ၂ ယောက်က အိပ်ခန်း ထဲကနေပြီး တော့ ချက်ချင်းပဲ ထွက်လာခဲ့တယ်။ တစ်ချက် ကြည့်တာနဲ့တင် ကို သူတို့လေး တွေ က အမွှာ မှန်း သိသာ နေတယ်။ မိန်း မငယ်လေး ၂ ယောက်က တူညီတဲ့ နက်မှောင် သန်စွမ်းတဲ့ဆံပင် အရှည်ကြီး တွေရယ် ၊ အညို ရောင်မျက်လုံးတွေ ရယ်၊ တူညီတဲ့ ရုပ်ရည် နဲ့ ခန္ဓာကိုယ် တွေ ရှိကြတယ်။

သူတို့ ၂ယောက်က စုန့်ချီယန် အနားကို ပြေးသွားကြပြီး ပြိုင်တူအော် လိုက်တယ်။

" အယ်လ်ဘတ်! "

" မောနင်း ကလေးတို့ ''

စုန့်ချီယန် က ခါးကိုင်း လိုက်ကာ ကလေးတွေရဲ့ ခေါင်းလေးတွေ ကို ထိလိုက် တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now