အပိုင်း (44)

779 114 6
                                    

Tea of Summer

[Unicode]

  ရှလျောင် တစ်ယောက် မနေ့က ခရီးသွား ထားတာ တဲ့ အရှိန် ကြောင့် ကောင်းကင်မှာ နေက မြင့်နေတဲ့ အထိကို အိပ်လိုက်တယ်။ ပြီးတော့မှ မနက်ခင်း ကို နောက်ကျစွာ နဲ့ ထလာခဲ့တယ်။ သူမ သမ်းလိုက်ပြီးတော့ သတိထား မိသွား တာက သူမဘေးမှာ အိပ်နေဆဲ ဖြစ်တဲ့ လင်းချင် ကို တွေ့သွား ခဲ့တယ်။ ဒါကြောင့် သူမလေး က တိတ်တိတ် ကလေး အိပ်ယာပေါ် ကနေ ထွက်လာခဲ့တယ်။ နောက်တော့ သူမတွေ့ သွားတာက မနေ့ည ကတည်း ကဝတ်ထားတဲ့ အဝတ်တွေ ကို သူမ အခုထိ လဲလှယ် ထား ခြင်း မရှိသေး တာကို ပါပဲ။

  မနေ့ညက အိပ်ယာ ထဲ ကို သူမ ဘယ်လို ရောက်ခဲ့ သလဲ ဆိုတာကို သူမ မှတ်မိ သွား တဲ့ အခါမှာတော့ အရှက်သည်းစွာနဲ့ သူမ ဆံပင်တွေ ကို ဆွဲဆောင့် မိတော့တယ်။ သူမက မနေ့က အဝတ်တွေ ကို လဲ လိုက်ပြီးတော့ သူမရဲ့ ခရီးဆောင် အိတ်ထဲကနေ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ ကိုထုတ်ယူကာ သန့်ရှင်း ရေး လုပ်ဖို့ ရေချိုး ခန်းထဲကိ သွားတော့တယ်။

ရေနွေး ပူပူလေး နဲ့ ရေချိုးပြီးနောက် ဆံပင်အစို ကြီးနဲ့ ထွက်လာ ခဲ့ပြီးတော့ ညစ်ပေ နေတဲ့ အဝတ်တွေ ကို ပင်မင်းဆိုင် ပို့မယ့်အထဲကို ထည့်လိုက်တယ်။ ဒါတွေ လုပ်ပြီးတဲ့ နောက်မှာတော့ သူမက ဧည့်ခန်းထဲ ကိုလျောက်လာ ခဲ့တယ်။ ဧည့်ခန်း ထဲ က တွန်းတံခါး တွေ က အခန်းတွေကို ပိုင်းခြား ထားခဲ့တာပဲ ဖြစ်လေတယ်။ ဒါပေမယ့် အခန်း တစ်ခန်း ရဲ့ တွန်းတံခါးက အခုတော့ ပွင့်နေတာ ကို  သူမတွေ့ လိုက်တယ်။

  သူမ က အဲ့ အခန်းထဲကို ချောင်းကြည့်လိုက်တဲ့ အခါ အဲ့အခန်းထဲမှာ  အိပ်ယာခင်း တစ်ခုရယ်၊ ခေါင်းအုံး တစ်ခုရယ်၊ ပြီးတော့ လေထိုး မွေ့ယာ ပေါ်မှာ ခေါက်တင်ထားတဲ့ စောင်ရယ် ကိုပဲတွေ့ လိုက်ရတယ်။ ဒါပေမယ့် အိပ်ယာရဲ့ ခြေရင်းမှာ ရှိနေတဲ့ ခရီးဆောင် အိတ်ကို သူမတွေ့ပြီးတဲ့နောက် မှာတော့ ဒီအခန်းဟာ မနေ့ညက စုန့်ချီယန် နေတဲ့ အခန်း ဆိုတာ ကို သူမသိသွား တော့တယ်။ သူမက ဘေးကို ပတ်ရှာကြည့် လိုက်တဲ့ အခါမှာတော့ အမျိုးသားလေးဟာ ဝရံတာ လေးကို မှီနေပြီးတော့ လေသာဆောင်ထဲ ကနေ ပင်လယ်လေ တဖြူးဖြူးနဲ့ တိုက်ခက်နေတာ ကို ခံစားနေ ခဲ့တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now