အပိုင်း (35) အဆက်

866 125 11
                                    

[Unicode]

  စုန့်ချီယန် ကတော့ အကူအညီ ကင်းမဲ့နေတဲ့ ပုံစံလေး အဖြစ်ရှိနေတုံးပဲ။

" ရှရှ....ဆေးတွေက အလုပ်ဖြစ်ပါတယ်ကွာ။ ဒါပေမယ့် အဲ့လောက်မမြန်ဘူးလေ။''

ရှလျောင်တစ်ယောက် သူမရဲ့ လက်ကို ရှက်ရွံ့ စွာနဲ့ပဲ ပြန် သိမ်းလိုက်တယ်။ သူမက အသံတိုးတိုးနဲ့ ပဲရေရွတ် လိုက်တယ်။

" အိုး.....ဟုတ်သား..''

စုန့်ချီယန် ရဲ့ ညာဘက် နှုတ်ခမ်းထောင့် လေးက ကော့တက်သွားတယ်။ သူက သူ့ဘယ်လက်နဲ့ ကောင်မလေးရဲ့ ညာလက်ကို ထိ လိုက်တယ်။

" မင်းရဲ့ လက်တွေက အရမ်းကို အေးစက်နေတာပဲ''

ရှလျောင်ကတော့ ဒါကို သိပ်ဂရုမစိုက်တဲ့ ပုံနဲ့ ပြန်ဖြေ လိုက်တယ်။

" အိုး..... ကျွန်မက နည်းနည်းလေး သွေးအားနည်းတယ်လေ။ ကျွန်မ ရဲ့ ခြေလက်တွေက အမြဲတမ်း အေးစက်နေခဲ့တာလေ။ ကျွန်မနေသား ကျနေပါပြီ။ အ့......ရှင် ဘာလုပ်နေတာလဲ?''

သူမက ရုတ်တရက် မတ်တပ် ထရပ်လိုက်တဲ့ စုန့်ချီယန် ကိုကြည့်လိုက်တယ်။ စုန့်ချီယန် က တစ်ဖက်က သူ့ကိုယ်ပိုင်ခွက်လေး ကိုကိုင်ထားပြတော့ ကျန်တဲ့ လက်တစ်ဖက်နဲ့ သူမရဲ့ လက်အကွေးနားလေးကို ကိုင်ကာ သူမကို မီးဖိုခန်း ထဲ ခေါ်သွားတော့တယ်။ နောက်တော့ ရှလျောင်ရဲ့ လက်ကို လွှတ်လိုက်ပြီးတော့ စင်ပေါ်က ဖန်ခွက်တစ်ခွက်ကို ယူလိုက်တယ်။ အရင်ဆုံး အနေနဲ့ သူက အဲ့ ဖန်ခွက်ကို ရေအေးနဲ့ ဆေးလိုက်တယ်။ ဆေးပြီးတဲ့နောက် အဲ့ ဖန်ခွက်ထဲကိုရေနွေး အိုးထဲက ရေတွေ လောင်းထည့်လိုက်တယ်။ ရေနွေးတွေလဲ ဖြည့်ပြီးသွားရော အဲ့ခွက်ကို ရှလျောင်ရဲ့ လက်ထဲ ထိုးထည့်ပေး လိုက်တော့တယ်။ ရှလျောင်တစ်ယောက် အဲ့ဖန်ခွက် ကို ကိုင်လိုက်တဲ့ အချိန်မှာတော့ ဖန်ခွက်က နွေးနေပြီပဲ ဖြစ်လေတယ်။ အနွေးဓာတ်လေးက သူမရဲ့ လက်တွေကနေ တစ်ဆင့် သူမရဲ့ က်ုယ်တစ်ခုလုံးကို ရောက်သွားတယ်။ ဒီနွေးထွေးတဲ့ ခံစားချက်လေးကြောင့် သူမ မျက်လုံးထဲမှာ စိတ်ကျေနပ်တဲ့ အမူအရာလေး ဖြတ်သွားတယ်။ သူက သူမရဲ့ မျက်လုံး ကိုပဲ စိုက်ကြည့် နေလေတယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now