အပိုင်း (38)

804 110 5
                                    

[Unicode]

   သူမတို့ရဲ့ စာမေးပွဲ ပြီးသွားတဲ့ နောက်မှာတော့ ရှလျောင်ဟာ စာမေးပွဲ ခန်းမထဲက ထွက်လာပြီး တံခါးနားရောက်တော့ ခါးကို ဆန့်ကာ အပြင်းကျော ဆွဲ လိုက်တယ်။ နောက်ဆုံး တော့ ခရစ်စမတ် က ပြန်ရောက် လာခဲ့ပြီပဲ...။

  အေးစက်ပြီး စိုစွတ် နေတဲ့ ဒီဇင်ဘာလေ အေးတွေက သူမရဲ့ လည်ပင်း တစ်ဝိုက်ကို တိုးဝင်သွားတဲ့အခါ ချမ်းစိမ့်စိမ့် ဖြစ်လာတာကြောင့် သူမရဲ့ ကုတ်အကျ်ီ် ကိုခပ်တင်းတင်း ဆွဲ စု လိုက်တော့တယ်။ နောက်မှာတော့ သူမရဲ့ တိုက်ခန်း ကိုပြန်ဖို့ လုပ်လိုက် တယ်။

" ဆမ်းမား.!!"

  သူမကို တစ်စုံတစ်ယောက်က အနောက်ကနေ လှမ်းခေါ် လိုက်တာ ကို ကြားလိုက် ရတယ်။ ရှလျောင်လဲ ရပ်ပြီးတော့ အနောက်ကို ပြန်လှည့်ကြည့်တဲ့ အခါ တရုတ်ကျောင်းသား တစ်ယောက် သူမဆီကို လမ်းလျှောက် လာတာ ကိုတွေ့လိုက်ရတယ်။ ရှလျောင်က တော့ သူမရဲ့ ခေါင်းလေး ကို ကိုင်ကာ တစ်ခဏလောက်တွေး ကြည့်လိုက်တယ် ။ သူမ မှတ်မိတဲ့ အရာ ကတော့ အဲ့တရုတ်ကျောင်းသား ဟာ သူမနဲ့ အသက်တူတူ အတန်းတူတူပဲ ဆိုတာ ကိုပေါ့...။ ကြည့်ရတာတော့ သူကလဲ ရှန်ဟိုင်း ကပဲ ဖြစ်ပုံ ရတယ်။ သူမက သူ့ကို ရှန်ဟိုင်း တရုတ်ကျောင်းသား ပါတီလုပ်တုံး က တွေ့ဖူးတယ်။ အဲ့လူက သူမဆီကို လမ်းလျောက် လာပြီး ပြုံးပြနေတယ်။

" သိပ်မကြာခင် ဒုတိယ နှစ်ဝက် စာမေးပွဲ ကြီးတောင် ပြီးတော့ မယ်နော်..။ မင်းနောက်တစ်ခါ ယူမယ့် မေဂျာတွေ ကိုကော ဆုံးဖြတ် ပြီးပြီလား? .."

  အမေရိကား မှာတော့ ကောလိပ်ရဲ့ ပထမဆုံး စာသင်နှစ် ၂ နှစ်က အထွေထွေ လိုအပ်တဲ့ သင်ခန်းစာတွေ ကိုသင်ရတယ်။ ကျောင်းသားအများ စုကလဲ သူတို့ နှစ်ခြိုက်တဲ့ မေဂျာတွေကို ဒုတိယ နှစ်ကောလိပ် တက်ရတဲ့ အချိန့မှာပဲ ရွေးချယ် လိုက်ကြတာ များတယ်။ ရှလျောင်က အဆော တလျင်နဲ့ ပြန်ဖြေ လိုက်တယ်။

" ကျွန်မ မှာ လုံလောက်တဲ့ အိမ်စာကြွေးတွေ တစ်ပုံ ကြီးရှိပြီးသားပါ...။ အစကတည်းက ဒုတိယ နှစ်ရဲ့ ပထမ နှစ်ဝက် စာမေးပွဲ ပြီးကတည်းက ဘဏ္ဍာ ငွေနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ဆိုတဲ့ မေဂျာ နှစ်ခုကို ရွေး ချယ်ပြီးသား ဖြစ်နေ လို့လေ...''

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now