အပိုင်း ( 14 )

1.1K 157 5
                                    

14. ဆောင်းဦးပုံပြင်
 
သူတို့ ခေါက်ဆွဲဆိုင် ကနေ ထွက်လာခဲ့တယ်။ သူတို့ထွက် မလာခင် ဆိုင်ရှင်သူဠေး ကတော်က

"လာရောက် အားပေးမှုအတွက် ကျေးဇူး တင်ပါတယ်...''

  လို့ပြောလိုက်တယ်။ ရှလျောင်ကလဲ သူဠေး ကတော်ကို အချိုသာဆုံး ပြုံးပြလ်ုက်တယ်။ ကျောင်းရဲ့အပြင်ဘက် မှာ
အဲ့လိုမျိုး ကို့ဘာသာစကား ကိုကြားရတာ ရင်ထဲမှာ အရမ်းနေသာထိုင်သာ ရှိတယ်။ အထူးသဖြင့် အရသာ အရမ်းရှိတဲ့ ခေါက်ဆွဲ ကို စားပီးတဲ့အခါမှာပေါ့။

  သူမ နှုတ်ဆက်ပီး အမြန်ပြေးသွားလိုက်တယ်။ ဘာလို့လဲ ဆိုတော့ သူမလေးကို အရှေ့မှာ ရပ်စောင့်နေတဲ့ စုန့်ချီယန် ကိုမှီဖို့လေ။ သူမက သူ့ကို ပြုံးပြလိုက်တယ်။

" ကျေးဇူး စီနီယာ အကိုစုန့်..... ခေါက်ဆွဲ တွေက အရမ်း အရသာ ရှိတယ်....''

  "မင်းကြိုက်ရင် ပီးတာပါပဲ....''

ရှလျောင်....''.........''

ရှလျောင်ဟာ သူမရဲ့ တက်ကြွလွန်းတဲ့ ပုံစံကို ထိန်းလိုက်ပီး စကားတွေ အများ ကြီးပြောမိတဲ့ အတွက် ကို့ကိုကို အပြစ်တင် နေတယ်။ စီနီယာ အကို က အရမ်းကို ဖော်ရွေတာ ပဲ။ သူမကို ထမင်း စားဖို့ အတွက် အပြင်ကိုလဲ အလည်ခေါ်သွား တယ်။

ရှလျောင်ဟာ အ့လိုခေါ်သွား တဲ့ အ​ကြောင်းကို အရမ်းကြီး နက်နက်နဲနဲ တွေးမနေတော့ဘူး။

"အ့လိုဆိုတော့... စီနီယာ အကို ဒီခေါက်ဆွဲဆိုင်က လမ်းထောက့်မှာ ကွယ်နေတာလေ..... အကိုဘယ်လိုရှာ တွေ့ သွားတာလဲ...?''

  ရှလျောင် အရမ်းကို သိချင်နေပါပီ။ စုန့်ချီယန် က သူ့ရဲ့ခေါင်းကို အနောက်ကို လှည့်လိုက်ပီးတော့ သူမလေးကို ကြည့်လိုက်တယ်။

" တစ်ခါတုံးက ငါတို့ လက်တွေ့စမ်း သပ်ရတဲ့ သင်ခန်းစာတွေ လုပ်ပီးတော့
အတန်းဖော်တွေ နဲ့အတူ  နေ့လည်စာ စားဖို့ထွက် လာခဲ့တယ်။ ငါတို့ဒီကို လဲရောက်လာရော စားသောက်ဆိုင်တွေ အကုန်လူ ပြည့်နေတယ်လေ။ အဲ့တော့ ငါတို့လဲ လမ်းလျောက်ပီး ဆိုင်ပတ်ရှာခဲ့တယ်။ ဒီဆိုင်လေးကို တွေ့တော့ တာပဲ။
ဒီဆိုင်မာ ထိုင်ဖို့ စားပွဲ အလွတ်တွေကျန်သေးတာ နဲ့ပဲ စားဖြစ်ကြတယ်။ အဲ့အခေါက် ပီးကတည်းက တစ်ခါတစ်လေ ကို ဒီကိုပဲ လာစား ဖြစ်တာ များတယ်.....။ ''

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now