Chapter 27

1.9K 397 20
                                    


ပွဲမရောက်ခင် ရက်အနည်းငယ်လောက်အလိုကစလို့ သူတို့နှစ်ယောက်ဟာ အချိန်တိုင်းနီးပါး စန္ဒယားလေ့ကျင့်နေခဲ့ကြတယ်။ သူတို့ ဒီရက်ပိုင်းတစ်ရက်ကို 7နာရီ 8နာရီနီးပါး နေ့တိုင်းအတူရှိနေခဲ့ကြတယ်။

နေ့ရက်တိုင်းအနေနီးလာတာနဲ့အမျှ သူတို့နှစ်ယောက်ဟာ တစ်ဦးကိုတစ်ဦး ပိုပိုနားလည်လာကြတယ်။ အကြည့်နဲ့တင် တစ်ဦးရဲ့ဆိုလိုရင်းကို တစ်ဦးကသဘောပေါက်သွားတာမျိုး။

လင်ခယ်ဘက်က တစ်ခြားသူကို လုံးဝပေးမသိဘဲ ဖွက်ထားတတ်တဲ့ သူ့နှလုံးသားတစ်စုံအကြောင်းကလွဲရင်ပေါ့။

သူဘယ်လောက်ပဲ ချီဖုန့်ကိုစိတ်ကူးယဉ်နေပါစေ။ အခုလို Straight တစ်ယောက်အနေနဲ့ရှိနေစဉ်မှာ လုံးဝရှေ့ဆက်တိုးလို့မဖြစ်ဘူး။

အဲ့ဒီနေ့က သူတို့မှားတီးလေ့ရှိတဲ့ အပိုဒ်ကို ထပ်တလဲလဲ လေ့ကျင့်နေခဲ့ကြတယ်။

"၈ခုမြောက် သံစဉ် ... အေးအေး ဟုတ်တယ် အဲ့ဒီနေရာ ပြန်တီးကြည့် ....
ဒီနေရာရောက်ရင် မင်း key ၃ နဲ့ ၄ ကို ရောထွေးပြီး တီးလိုက်ပြီ" ချီဖုန့် လင်ခယ်တီးတာကို နားထောင်ရင်း ပြောပြနေတယ်။

လင်ခယ်သေချာလေးပြန်တီးကြည့်တယ်။ သူ့အမှားကို သူကိုယ်တိုင်တောင် သတိမထားမိခဲ့ဘူး။

"မှားနေသေးတယ်" ချီဖုန့် ခေါင်းခါလိုက်ရင်း လင်ခယ်နောက်မှာလာရပ်တယ်။
လင်ခယ်ရဲ့အနောက်ကနေ ခါးကိုအသာကိုင်းကာ လက်တွေကို စန္ဒယားခလုတ်လေးတွေပေါ် တင်လိုက်တယ်။ လင်ခယ်ဟာ ချီဖုန့်ရင်ခွင်ထဲ အလိုလိုရောက်သွားတယ်။
"ဒီတိုင်းလေးနေပြီး သေချာနားထောင်ကြည့်"

လင်ခယ်: "........."

သူတို့နှစ်ယောက် ဒီအခန်းကျဉ်းလေးထဲမှာ ရက်ပေါင်းများစွာလေ့ကျင့်လာခဲ့ကြတာပဲ။ လင်ခယ် အသားချင်းထိကပ်နေမှုတွေကို အသားကျနေခဲ့ပြီးသားလေ။ ဒါပေမယ့် အခုလိုအခြေအနေကတော့ ပထမဆုံးမို့လို့ပဲလား။ သူ့နှလုံးသားတွေအခုန်မြန်နေလွန်းနေပြီ။ ကြာရင် သူနှလုံးခုန်ရပ်ပြီး သေသွားတော့မယ့် အနေအထားမှာရှိတယ်။ သိရဲ့လား။

ချီဖုန့် သူ့ကို အနောက်ကနေ သိုင်းဖက်ထားတဲ့အနေအထားလိုဖြစ်နေတဲ့အပြင် ချီဖုန့်ရဲ့ ဝင်သက်ထွက်သက်တွေက သူ့ကို တိုးဝှေ့ကျီစယ် နေသလိုပဲ။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now