Chapter 25

2K 398 23
                                    


ဒီစကားလုံးတွေ ပြောထွက်လိုက်မိတဲ့နောက် နှစ်ယောက်လုံး နေရခက်နေကြတယ်။

လင်ခယ်ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး။

ချီဖုန့်ဘက်က "ငါ့မှာ ပထမဆုံးအနမ်းတောင် မရှိသေးဘူး....."ဆိုတဲ့စကားဟာ
"ရည်းစားမထားဖူးဘူး"ဆိုတာကို ပိုယုံသွားအောင် ထပ်လောင်းပြောလိုက်ရုံတင်။
တမင်တကာကြီး ကြွားပြောလိုက်တာတော့ မဟုတ်ခဲ့ရပါဘူး။

ဘာပဲဖြစ်ဖြစ်ပါ....
လင်ခယ်သာ straight တစ်ယောက်ဆိုရင် ချီဖုန့်မှာ ပထမဆုံးအနမ်းရှိတာ မရှိတာကို သိပ်ပြီး အရေးစိုက်နေမှာမဟုတ်ဘူး။

သူအခု ချီဖုန့်ကို သန့်စင်တဲ့ကောင်လေးလို့ မြင်ရမယ့်အစား သနားစရာကောင်လေးလို့ပဲ မြင်နေတယ်။

သူ့စိတ်ထဲမှာ ဖြစ်တည်နေခဲ့တဲ့ လေးလံစေတဲ့အရာအားလုံးကို စွန့်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ လင်ခယ် စိတ်တွေပေါ့ပါးသွားကာ စိတ်လွတ်လက်လွတ် ရယ်လိုက်မိတယ်။

အဲ့ဒီနောက် 0.1စက္ကန့်လောက်လေး အကြာမှာပဲ ချီဖုန့် ကိုယ့်စကားတွေကို ဘယ်အခြေအနေထိရောက်သွားမှန်း သဘောပေါက်သွားရတော့တယ်။

လင်ခယ်ရယ်လိုက်တာ ခဏလေးမှ ခဏလေးပဲမို့ ချီဖုန့်သာ လင်ရယ်ရဲ့ကော့တက်သွားတဲ့ နှုတ်ခမ်းထောင့်လေးတစ်ဖက်ကို မမြင်လိုက်ရရင် သိလိုက်မှာမဟုတ်ဘူး။

ချီဖုန့် မျက်လုံးမှေးကြည့်လိုက်ကာ....
"မင်း ငါ့ကိုလှောင်နေတာလား??"

လင်ခယ် လက်နဲ့နှုတ်ခမ်းကို ကာလိုက်ပြီး..
"မဟုတ်ပါဘူး...."

ချီဖုန့် : "......."

အမှန်တော့ ချီဖုန့်ရဲ့စကားလုံးတွေဟာ လင်ခယ်ကို လေပေါ်ပျံတက်စေခဲ့တဲ့အထိပဲ။

​ရည်းစားရှုပ်တယ် မြှာပွေတယ်လို့ ထင်ထားခဲ့တဲ့သူတစ်ယောက်ဟာ ရည်းစားတစ်ယောက်တောင် မထားဖူးသေးတဲ့အပြင်
ပထမဆုံးအနမ်းတောင် မရှိသေးဘူးတဲ့လေ။ ဒီအခြေအနေကြီးမှာ သူဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မှာလဲ???
သူ့မှာ ပျော်နေစရာအကြောင်းလည်း သေသေချာချာ ရေရေရာရာလည်း ရှိမနေခဲ့ပေမယ့်လည်းပေါ့။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now