Chapter 33

2K 354 4
                                    

တာဝန်တစ်ခုပြီးဆုံးခြင်း

သူတို့အစီစဉ်အတိုင်း ရှဲ့ချီပေါင်က လိုလိုလားလားနဲ့ Catherine နဲ့ ပူးပေါင်းမယ့်အကြောင်း စာစစီလိုက်တယ်။
ဓာတ်ပုံရိုက်ဖို့  အခန်းထဲကို ပတ်ရှာကြည့်ရင်း "ချီBro မင်းအတွက်အသုံးမဝင်ဘဲ သူမကိုပေးလိုက်လို့ရတဲ့ တစ်ခုခုမရှိဘူးလား?"

သူတို့တွေတ်ိုင်ပင်နေကြတုန်းမှာဘဲ ချီဖုန့်ကတော့ နောက်ထပ် ရေတစ်ဘူးသောက်လို့ကုန်သွားပြီ။ ချီပေါင်စကားကိုကြားလိုက်တာနဲ့ "ဒီရေဘူးဆိုရမလား"

ရှဲ့ချီပေါင်: "အိုး လား လား ... ဒီရေသန့်ဘူးလေးပဲ သဒ္ဒါတာပေါ့..ကပ်စေးနည်းလိုက်တာ"

ချီဖုန့်: "သူပဲ ဘာဖြစ်ဖြစ် ရတယ်ဆို"

ရှဲ့ချီပေါင် စာစီပြီးသွားတာနဲ့ အားလုံးကိုဖတ်ပြလိုက်တယ်။
"ဒါကငါ့ရဲ့အခန်း။ ပထပုံက ချီဖုန့် ရဲ့ စာကြည့်စားပွဲ။ ဒုတိယပုံက ဘေစင်.. အဲ..ဘယ်ဘက်က သွားတိုက်တံနဲ့ ခွက်က ချီဖုန့်ဟာ။ အခုလောလောဆယ်မှာတော့ ဒီလို တစ်ကိုယ်ရေသုံး ကိုယ်ပိုင်ပစ္စည်းတွေကို မပေးပါရစေနဲ့ဦး.. ငါမင်းကို သူသောက်ထားတဲ့ ရေသန့်ဘူးအခွံတွေ အရင်စပေးမယ်။ ငါတို့ တွေ့ဖို့နေရာတစ်ခုခု မင်းဘက်ကစီစဉ်ထားလိုက်တော့"

အားလုံး ဘာအသံမှမထွက်ဘဲ နားထောင်ပြီးတဲ့နောက် အားရပါးရ အသံကျယ်ကြီးတွေနဲ့ ရယ်မောလိုက်ကြတော့တယ်။
"Hahahahahahahaha"

ကောင်းကျွင်းဖိန်းက ဒါမျိုးလွယ်လွယ်သွားလုပ်လို့မရတဲ့အကြောင်းပြောပြရင်း ရေသန့်ဘူးခွံအစား ချီဖုန့်လက်ရှိသုံးနေတဲ့ ဘောပင်လေးပေးဖို့ အကြံပေးလိုက်တယ်။ ပြီးတော့ ဘောပင်ကိုလည်း တစ်ကယ်ပေးလိုက်စရာမလိုပါဘူး။ ငါတို့လိုချင်တာ သူမနဲ့ထိပ်တိုက်တွေ့ဖို့ပဲလေ။

သူတို့စာပို့ပြီး မကြာခင်မှာဘဲ ပြန်စာတစ်စောင်ရောက်လာတယ်။

"သူမဆီက စာပြန်ပို့လာပြီ" ရှဲ့ချီပေါင်အော်လိုက်တာနဲ့ ကျန်တဲ့သုံးယောက်ကလဲ သူ့နားဝိုင်းလာကြတယ်။

Catherine: " OK"

သူမ ငါတို့ထောင်ချောက်ထဲဝင်လာပြီ!!
"Oh!!!!"
လေးယောက်သား ထီပေါက်သလိုကို ပျော်ရွှင်ပြီး လက်ခုပ်တွေထတီးနေခဲ့ကြတယ်။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now