Chapter 34

1.8K 350 13
                                    

သူမကငါ့ရဲ့ဘယ်အရာကို ကြိုက်တာလဲ?

ချီဖုန့်ရောက်လာတော့ သူတို့တွေစားပြီးနေပြီ။ သုံးယောက်သား ချီဖုန့်ပြောမှာကို စောင့်စားနေခဲ့ကြတယ်။

ချီဖုန့်ထိုင်ပြီး ခဏကြာတော့မှ "သူက ငါ့အထက်တန်းကျောင်းကတစ်ယောက်ပဲ"

"တကယ်ကြီးလား? ဒါပေမယ့် ချီbroရဲ့ကျောင်းက အတန်းဖော်တစ်ယောက်ပဲရောက်လာတာဆို" ရှဲ့ချီပေါင် ရေရွတ်လိုက်တယ်။

ချီဖုန့် : "အဲ့ဒါသူပဲ... ငါသူ့ကို တွေ့တွေ့ချင်း လုံးဝမမှတ်မိဘူး.. ဘာလို့လဲဆိုတော့.....
သူ့ပုံစံက လုံးဝပြောင်းလဲသွားခဲ့လို့"

ချီဖုန့်ရဲ့ 'လုံးဝပြောင်းလဲသွားခဲ့လို့' ဆိုတဲ့စကားကို သူတို့ သိပ်နားမလည်ဘူး။

ရှဲ့ချီပေါင် သူမရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ထူးထူးခြားခြားဖြစ်နေတတ်တဲ့ ပုံစံလေးတွေကို ပြန်မြင်ယောင်ကြည့်နေတယ်။

ကောင်းကျွင်းဖိန်း မဝံ့မရဲနဲ့ "သူမက plastic surgery လုပ်လိုက်တာလား?"

"ဟုတ်တယ်" ချီဖုန့်စိတ်မသက်သာစွာနဲ့ဖြေလိုက်တယ်။
"ငါ့အတွက်လုပ်ခဲ့တာတဲ့.." သူသက်ပြင်းချလိုက်ပြန်တယ်။
သည့်ထက်ပို မပြောလိုတော့တဲ့ မျက်နှာနဲ့ သူ့နားထင်ကိုသူ ပွတ်နေခဲ့တယ်။

တစ်ယောက်ကိုတစ်ယောက်လှမ်းကြည့်လိုက်ချီဖုန့်ကိုနားလည်မှုတွေနဲ့ပဲ ဒီအကြောင်းအရာကို ဆက်မပြောဖြစ်ကြတော့ဘူး။

ကောင်းကျွင်းဖိန်းက ချီဖုန့်နဲ့ လင်ခယ်တို့အတွက် နသီးသန့် အချိန်ပေးလိုတာကြောင့် ချီပေါင်ကို အခန်းပြန်ဖို့ပြောလိုက်တယ်။
အရိပ်အကဲမသိတဲ့ ချီပေါင်လေးကတော့ လင်ခယ်ကို အခန်းပြန်လိုက်ဖို့ ခေါ်နေခဲ့တာကြောင့်
ကောင်းကျွင်းဖိန်း နားအုံကို တစ်ချက်တီးပေးလိုက်တယ်။

ချီဖုန့်က လင်ခယ်လက်ကို လှမ်းဆွဲလိုက်ကာ
"ငါနဲ့ ခဏလောက်နေပေးပါလား.. မင်းကိုပြောစရာရှိတယ်"

ကောင်းကျွင်းဖိန်း : "ဒါဆို ငါတို့ ပြန်နှင့်ပြီ"

ကောင်းကျွင်းဖိန်းတို့ထွက်သွားပြီး တော်တေယ်ကြာတဲ့အထိ ချီဖုန့်ဘက်က စကားတစ်ခွန်းမှ ထွက်မလာသေး။ သူ စားပွဲကိုပဲ ငေးကြည့်နေတော့မှာလား။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now