Chapter 8

2K 415 16
                                    


Qi Feng သူ့ကို ဟိုးအရင်ကတည်းက မေ့သွားပြီဆိုတာ သူသိနေခဲ့ပေမယ့်လည်း
သူ့နာမည်ပြောလိုက်တဲ့အခါ နည်းနည်းလေးတောင် သိယောင်မပြခဲ့တဲ့ Qi Feng ပုံစံကို မြင်လိုက်ရတော့ ဝမ်းနည်းမိတယ်။

သူ Qi Feng ကို နှစ်ပေါင်းများစွာ စွဲလန်းခဲ့ရတယ်။ ရက်တွေ လတွေ နှစ်တွေနဲ့ နေ့ရက်ဆက်ပေါင်းများစွာ၊ ညပေါင်းများစွာ..

Ling Ke , Xie Qi Bao နဲ့ သူ့မိသားစုကိုနှုတ်ဆက်ပြီး သကာလ ပစ္စည်းတွေဆက်ပြီးနေရာချနေခဲ့တယ်။Qi Feng ကတော့ သူတို့မိသားစုနဲ့ ပွဲကျနေလေရဲ့။ သူတို့အကြောင်းလည်းမေး သူ့အကြောင်းလည်းပြောနဲ့။

သူနဲ့ယှဥ်ရင် Ling Ke ဟာ ပေါင်းသင်းဆက်ဆံရေးမှာအားနည်း​နေတာ သိသာနေတယ်။ Ling Ke သိထားသလောက် Qi Feng တို့ မိသားစုရဲ့ချမ်းသာမှုဟာ ဘယ်သူမှယှဥ်လို့မရဘူးတဲ့။ ဒါပေမယ့် အခုမြင်နေရတာတော့ Qi Feng ဟာ သိုသိုသိပ်သိပ်နေတတ်တဲ့ပုံ။ သူ့အဖေဟာစီးပွားရေး လုပ်ငန်းရှင်ဖြစ်တဲ့အကြောင်းနဲ့ သူ့အမေလည်း အလုပ်လုပ်နေတယ်ဆိုတဲ့အကြောင်းပဲ ပြောပြတယ်။ သူပြောသွားတာလည်းမမှားဘူးလေ။ အေးလေ..မှန်နေတာပဲ။

Ling Ke နားလည်လိုက်ရတာတော့ 18 နှစ်သား Qi Feng ဟာ သူထင်ထားတာထက် အများကြီးပိုရင့်ကျက်နေတာပါပဲ။
Xie Qi Bao က​တော့ Qi Feng အကြောင်းကိုတော်တော်လေး စိတ်ဝင်စားနေပုံပဲ။ အထင်လည်းကြီးနေမိပုံပေါ်တယ်။
Qi Feng ရဲ့ ရုပ်ရည်သွင်ပြင်တွေအပြင် သူ့ရဲ့မာနထောင်လွှားမှု မရှိတာတွေကြောင့်လည်းပါမှာပေါ့။ Qi Feng ကလူကြီးတွေ ထိုင်ဖို့တောင် ခုံတွေသွားရှာလာပေးသေးတယ်။ ဒါတွေကြောင့် Xie Qi Bao ရဲ့ Qi Feng အပေါ် အထင်ကြီးမှုတွေဟာ 2 ဆတက်သွားတာဖြစ်နိုင်တယ်။ အခုတောင်မှ Qi Feng ကို အစ်ကိုQi လို့တောင် စခေါ်နေပြီ။ နံပါတ်7အစ်ကိုလို့ ခေါ်တာနဲ့တောင်ဆင်နေတယ်။ (Note/  Qi=七=7 ဆိုတာနဲ့ အသံထွက်ဆင်နေလို့ပါ။)

Xie Qi Bao ဟာ မြောက်ဘက်မြို့ငယ်လေးကနေလာပြီး တက္ကသိုလ်လာတက်တာပါ။ သူ့အဘိုးကို အလည်ပို့ရင်းရော ၊ သူ့ကိုကျောင်းလိုက်ပို့ရင်းရော တစ်မိသားစုလုံး အလည်လိုက်လာကြတာပေါ့။

အခုလိုပူတဲ့ရာသီဥတုမှာ ကျောင်းအဆောင်ရဲ့ အခန်းဟာပူလောင်မွန်းကြပ်လွန်းတယ်။ AC ရှိပေမယ့် remote ပျောက်နေတယ်။ 
အခုလိုလူအများကြီး အခန်းကျဥ်းထဲစုနေရတော့ ပိုပြီးမွန်းကြပ်နေတာတော့ အမှန်ပဲ။
Xie Qi Bao ရဲ့ အမေဟာသူ့သားအတွက် ဝါးဖျာလေးခင်းပေး၊ ပစ္စည်းတွေနေရာချပေးရင်း Qi Feng နဲ့ Ling Ke ကိုလည်း သူတို့ဒေသထွက်မုန့်လေးတွေကျွေးတယ်။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now