Chapter 21

2.1K 409 21
                                    


ချီဖုန့်ခေါင်းညိတ်ပြလိုက်တယ်။

ကောင်းကျွင်းဖိန်ခေါင်းရှုပ်သွားတယ်။

"ငါနေတဲ့နေရာမှာဆို ဒီဥပဒေက သိပ်အရေးမပါပေမယ့်.... ဒီလိုမြို့ကြီးမှာတော့ကလေး၁ယောက်ပဲရှိရမယ်ဆိုတဲ့ ဥပဒေကတင်းကြပ်တယ်မလား???
မင်းမိဘတွေက ဘယ်လိုဖြစ်ပြီး ကလေး နှစ်ယောက်ရှိနေရတာလဲ??"

"ငါတို့က အမွှာတွေ....."

"အမွှာ!!!!" လင်ခယ် ရုတ်တရက် ပါးစပ်ကထွက်သွားတယ်။
ချီဖုန့်မှာရှိတဲ့အစ်ကိုဆိုတာက အမွှာဖြစ်နေလိမ့်မယ်လို့ သူ တွေးတောင် မတွေးခဲ့မိဘူး။

"ဟမ်..??? တကယ်ကြီးလား???" ကောင်းကျွင်းဖိန် သိချင်စိတ်ပြင်းပြစွာနဲ့ မေးလိုက်တယ်။

ကောင်းကျွင်းဖိန်: "မင်းတို့နှစ်ယောက်က ရုပ် တော်တော်ဆင်လား??"

"ငါက ပိုချောတယ်..."

လင်ခယ် : "......"

"မင်းက ကိုယ့်ဖက်ကို ယက်တတ်တဲ့ကောင်ပဲ.." ကောင်းကျွင်းဖိန်နောက်လိုက်တယ်။

"မင်းအစ်ကိုက ဘာကျောင်းတက်တာလဲ?? "

ချီဖုန့် : "သူကငယ်ငယ်လေးကတည်းက နိုင်ငံခြားမှာနေတာ..."

လင်ခယ် တစ်ချို့အကြောင်းအရာတွေကိုတွေးမိလိုက်ရင်း.....

"သူနဲ့မင်းနဲ့ ကျောင်းအတူတူ မတက်ခဲ့ဖူးဘူးပေါ့.."

ချီဖုန့် : "အင်း.....မတက်ဖူးဘူး။ ငါကမွေးကတည်းက တရုတ်မှာပဲကျောင်းတက်တာ....."

ကောင်းကျွင်းဖိန် နည်းနည်းလေးထူးဆန်းတယ်လို့ ခံစားမိတာကြောင့်....

"ဘာလို့လဲ?? အမွှာတိုင်းက အမြဲအတူတူ ကြီးပျင်းလာကြတာပဲလေ။ မင်းမိဘတွေက မင်းတို့ကို ခွဲရက်ကြတယ်ပေါ့"

ချီဖုန့်တိတ်ဆိတ်သွားတယ်။ သူ့ဖုန်းကိုကြည့်နေရင်း အသံတိုးတိုးလေးနဲ့ပြောလိုက်တယ်။

"ငါ့မိဘတွေက ကွာရှင်းထားတာ....ငါ့အစ်ကိုက အဖေနဲ့လိုက်သွားပြီး ငါက အမေနဲ့ကျန်ခဲ့တာ..."

ကောင်းကျွင်းဖိန်နဲ့ လင်ခယ် : "........."

အခုတော့ ဘာကြောင့် တစ်ယောက်မှ ချီဖုန့်ရဲ့အစ်ကိုကို မမြင်ဖူးကြတာလဲဆိုတာ လင်ခယ်သဘောပေါက်သွားတယ်။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now