Chapter 38

3.8K 352 26
                                    

တစ်ကိုက်လောက် စားလှည့်ပါ

အဲ့ဒီစကားရဲ့ အဓိပ္ပာယ်က သိသာလွန်းလှပါတယ်။

ငါ့ကောင်လေးမို့လို့ ငါဝယ်ပေးတာပေါ့။
မင်းတစ်ယောက်တည်းကသာ ငါ့ကောင်လေးဖြစ်နေတဲ့အတွက် ဝယ်ပေးတာပေါ့။

ရိုးရှင်းတဲ့စကားလုံးလေးတွေဖြစ်နေသော်ငြားလင်ခယ်နှလုံးသားကို အခုန်မြန်စေတဲ့ မန္တာန်လေးတွေအလား။

တကယ်တော့ ဒီတစ်လအတွင်း ချီဖုန့် မသိလိုက်မသိဘာသာနဲ့ လင်ခယ်ကိုရင်ခုန်အောင်လုပ်တာတွေများလွန်းနေပြီ။

တစ်ခါကလည်း စာပေဥယျာဉ်ထဲမှာ လမ်းလျှောက်နေကြတုန်း ချီဖုန့် ရုတ်တရက် လင်ခယ်ရဲ့လက်ကို လမ်းကိုင်ခဲ့သေးတယ်။ "ချစ်သူတွေလို ဟန်ဆောင်ကြည့်ဖို့"ဆိုတဲ့အကြောင်းပြချက်ကြီးနဲ့။ လင်ခယ်ကိုယ်တိုင်ကလည်း ကိုယ့်နှလုံးသားကို ကိုယ်တိုင်မထိန်းချုပ်နိုင်တော့ မိနစ်ပေါင်းများစွာ ငြိမ်ပြီး လက်ကလေးပဲ ပေးကိုင်ထားလိုက်ရတော့တယ်။

တစ်ခါကတော့ သူတို့နှစ်ယောက် date ကြတဲ့နေ့လေးမှာပေါ့။ တစ်ယောက်သောသူက အချိန်တွေစီစဉ် ရုပ်ရှင်ရုံလက်မှတ်တွေကြိုမှာထားပြီး ဟိုရောက်တော့ ဖျော်ရည်နဲ့ ပေါက်ပေါက်တွေပါထပ်ဝယ်ခဲ့ကြသေးတယ်။ လင်ခယ်ကတော့ ဘာမှလုပ်စရာမလို..သူ့နောက်ကနေ တစ်ချိန်လုံး လိုက်နေရုံသာ။ နှစ်ယောက်လုံးကတော့ လုပ်နေကျအရာတစ်ခုလိုပဲ လုပ်ခဲ့ကြတယ်။ Date ဆိုပြီး ခေါင်းစဉ်တပ်တာအပြင် ကျန်တာတော့ ဘာမှထွေထွေထူးထူး မရှိခဲ့ဘူး။

တစ်ခါတော့ ချီဖုန့်ကို ချစ်ရေးဆိုထားတဲ့ မိန်းကလေးနဲ့ဆုံတယ်။ သူမဘက်က တစ်ခုခုပြောစရရာရှိပုံပဲ။ လင်ခယ်လည်း ရှိနေတော့ရှက်နေပုံရတယ်။
သူတို့ဟန်ဆောင်ရည်းစားအဖြစ်ရှိလာတဲ့အချိန်အတွင်းမှာ ပထမဆုံးအကြိမ် ကြုံဖူးတာဆိုတော့ လင်ခယ်အဖို့ သူတို့နားမှာ ရှိနေပေးရမလို ထွက်သွားပေးရမလိုဖြစ်နေတယ်။

အဲ့ဒီအချိန်မှာ ချီဖုန့်က " မင်းပြောစရာရှိတာ လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ လင်ခယ်ကို စိတ်ထဲမထားပါနဲ့။ ငါ သူ့ကို ဘယ်အရာမှ လျှို့ဝှက်မထားဘူး "

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now