Chapter 7

2.1K 415 22
                                    

August လ....

နွေရာသီကျောင်းပိတ်ရက်ဟာ ကုန်ဆုံးသွားပြီ။

Ling Ke တက္ကသိုလ်ရဲ့ကျောင်းသားရေးရာကိုသွားတယ်။ ကျောင်းcampus မြေပုံနဲ့ သူနေရမယ့်အခန်းသော့ကိုသွားယူတယ်။ သဘောကောင်းတဲ့ senior အစ်မတစ်ယောက်က သူ့ကိုအစအဆုံး လိုက်ကူညီပေးခဲ့တယ်။ သူနေရမယ့်အဆောင်ကအစ ရှာကူပေးတာ။ သူ့လိုပဲ ပထမနှစ် စတက်ကြမယ့်သူတွေလည်းအများကြီး။

တင်းကြပ်မှုတွေ၊ ထိန်းချုပ်မှုတွေအောက်ကနေ လွတ်ထွက်လာကြပြီ။
လွပ်လွပ်လပ်လပ် နေခွင့်ရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ သူတို့အားလုံးလိုလို တတ်ကြွနေကြတယ်။ သူတို့အသက်တွေကလည်း 18-19 ဝန်းကျင်ပေါ့။
အပျံသင်စငှက်ကလေးတွေနည်းတူ သူတို့တွေဟာ ပတ်ဝန်းကျင်အသစ်ကို စိတ်ဝင်တစားလေ့လာနေကြသလို မျက်နှာမှာလည်း ပျော်ရွှင်မှုအရိပ်အယောင်တွေထင်ဟပ်လို့။

'He he he, ဒီနှစ်ကတော်တော်ကံကောင်းတာပဲ။ Junior ချောချောလေးနှစ်ယောက် ငါတို့ဆီရောက်လာတာ' senior တစ်ယောက်ကလှမ်းပြောလိုက်တယ်။

'Eh?'
Ling Ke ကြောင်တောင်တောင်ဖြစ်သွားတယ်။နှစ်ယောက်?? ပြီးတော့ငါကအဲ့နှစ်ယောက်ထဲကတစ်ယောက်လား?

'မင်းရှေ့ကလာသွားတဲ့တစ်ယောက်ကလည်းတော်တော်ကြည့်ကောင်းတယ်' ပြောရင်းနဲ့ seniorအစ်မကအဲ့ကောင်လေးအရပ်ကိုမှန်းပြီးလက်နဲ့တိုင်းပြတယ်။
'အင်း....မင်းထက်တော့နည်းနည်းရှည်မယ် ကျောင်းသားရေးရာမှာရှိနေတဲ့ ကျောင်းသူအသစ်တွေဆို သူ့ဆီကနေမျက်လုံးတောင်မခွာနိုင်ဘူး။ '

Ling Keအစ်မကြီးရဲ့အမူအယာတွေနဲ့စကားတွေပြောပုံတွေကို သဘောတကျနဲ့ရယ်လိုက်တယ်။ ဒီအစ်မကြီးကတော့အပိုတွေချဲ့ကားပြောနေပြန်ပြီ။
'မင်းလည်းချောတာပဲ.....တကယ်လိုမင်းသာသူ့ထက်အရင်ရောက်လာရင် မင်းကိုလည်းအကုန် သဘောကျကြမှာပဲ...
ကံဆိုးသွားတာက မင်းက သူ့နောက်မှ ရောက်လာတော့ ကောင်မလေးတွေ သိပ်သတိမထားလိုက်မိဘူးဖြစ်သွားတယ်..
သူတို့တွေရဲ့စိတ်က ဟိုကောင်လေးနောက်ပါသွားပြီလေ"

Ling Le အဲ့ကောင်လေးကိုတောင် မြင်ဖူးချင်သွားတယ်။
သူက gay လေ....ဆိုတော့.. အဲ့ကောင်လေးကို မြင်လိုက်ရင်ကော သူကြိုက်သွားနိုင်လောက်လား?
သူက ချောတဲ့ကောင်လေးတွေဆို မျက်စိကျတတ်တယ်မလား။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now