[ZG] Chapter-6

477 115 1
                                    

သူ အထက်တန်းပထမနှစ်မှာ We Chat စပြီးခေတ်စားလာခဲ့တယ်။ သူ့အတန်းဖော်တွေအကုန်လုံး Wechat ကို သုံးလာကြတဲ့အတွက် Ling Ke လည်း ပြောင်းသုံးခဲ့တယ်။

QQ number နဲ့ပဲ Wechat acc ကို ဖွင့်တယ်။
Wechat acc ဟာ QQ accနဲ့ ချိတ်ထားတဲ့အတွက် QQ မှာရှိတဲ့ friend list အတိုင်း Wechat friend list ထဲဝင်သွားတယ်။ ဒါကြောင့် Qi Feng နဲ့လည်း အလိုလို Wechat မှာ friend ဖြစ်လာခဲ့တယ်။ Ling Ke ဟာ Qi Feng နဲ့ ပတ်သတ်သမျှ group chat တွေထဲ အကုန်လိုက်ဝင်ထားလိုက်တယ်။

ဒီတစ်နှစ်အတွင်းမှာ Qi Feng အရပ်ပိုရှည်လာတယ်။ သူ့ပုံစံဟာ ပိုရင့်ကျက်လာသလို တစ်နေ့တစ်ခြား ပိုတော်လာတယ်။ သူ့ fashion တွေဟာလည်း uniqueဖြစ်လာပြီး အရင်ကထက် ပိုကြည့်ကောင်းလာတယ်။

အခြား 16-17 ကလေးတွေလို ဝက်ခြံတွေ မရှိဘဲ Qi Feng မျက်နှာဟာ သဘာဝကပေးထားတဲ့ လက်ဆောင်တစ်ခုပဲ ။ သူတင်လိုက်သမျှ selfie ပုံတိုင်းမှာ ဘာမှမပြင်ဆင်ထားတာတောင်မှ idol တစ်ယောက်လိုပဲ ချောမောနေပြီးသား။

Ling Ke လို သာမန်လေး သန့်ပြန့်နေတဲ့သူတောင် သူ့ကျောင်းမှာ နာမည်ကြီးနေတာ Qi Feng ဆို ဘယ်လောက်များ နာမည်ကြီးနေမလဲ။

Wechat မှာ QQ နဲ့ မတူတာတစ်ခုက mutual friend မဖြစ်ရင် သူမန့်ထားတဲ့ comment တွေ like တွေ မမြင်ရဘူး။(Lin Keနဲ့ fri မဖြစ်တဲ့သူတွေ Qi Feng ရဲ့ ပုံအောက်မှာ comment လာရေးရင် Lin Keဘက်ကမမြင်ရဘူး။)

Ling Ke က Qi Feng ရဲ့ friend list နဲ့ သူ့ friend list တူနိုင်မယ် မထင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူက အစိုးရအထက်တန်းကျောင်းမှာ တက်ပြီး Qi Feng ကတော့ ကိုယ်ပိုင်ကျောင်းမှာ တက်နေတာလေ။

တစ်ရက်တော့ Lin Ke ကျောင်းက ကောင်မလေးတစ်ယောက်နဲ့ Wechat မှာ friend ဖြစ်ခဲ့တယ်။ အဲ့ဒီကောင်မလေးက Qi Feng ရဲ့ post တွေမှာ like တွေ ဝင်ပေးထားတာ တွေ့ခဲ့တယ်။

သြော် ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ....

အဲဒီကျောင်းသူဟာ Ling Ke တို့ကျောင်းက နာမည်ကြီး ကျောင်းသူဖြစ်ပြီး သူ့ထက် ၁တန်းကြီးတယ်။ သူမဟာ လက်ရှိမှာ ကျောင်းရဲ့ အနုပညာကလပ်ခေါင်းဆောင်ဖြစ်ပြီး Ling Ke ရဲ့ piano စွမ်းရည်ကြောင့် club ထဲ ဝင်ဖို့ ကမ်းလှမ်းရင်း သိကျွမ်းခဲ့ရတယ်။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar Translationजहाँ कहानियाँ रहती हैं। अभी खोजें