Chapter 17

2.2K 414 22
                                    


ဒုတိယပွဲမှာ ရှိန်ယွဲ့ကျယ် အောက်လမ်းက သွားတယ်။
ချီဖုန့်က အလယ်လမ်း.....
လင်ခယ်တို့သုံးယောက်က အပေါ်လမ်း.....

Gameထဲမှာတော့ သူတို့အချင်းချင်း Skillတွေနဲ့စကားပြောကြတယ်။

ခုနကပွဲတုန်းက လင်ခယ်ရဲ့ skillကြောင့် အခုအားလုံးက သူ့အပေါ် ပိုအရောဝင်လာကြသလိုပဲ။

Gameစတာနဲ့ ကျောက်စီနဲ့ လီခိုင်ရှင်းဟာ လင်ခယ်နဲ့ စကားပြောတော့တယ်။

အလင်းသခင်: 0, မင်းဒီမြို့ကပဲလား?

Lin_k : en (en=yeah)

ငါ့ညီမက ငါ့ထက်သုံးလပဲငယ်တယ်: 0, မင်းDota ဆော့တာ ဘယ်နှစ် နှစ်ရှိပြီလဲ?

Lin_k : 2

ငါ့ညီမက ငါ့ထက် သုံးလပဲငယ်တယ်: ငါလည်း ၂နှစ်လောက်ပဲရှိသေးတယ်။
မင်းတအားproကျတာပဲ။ဘယ်လိုလုပ်ပြီး အဲ့လောက်skill ကြမ်းနေရတာလဲ။

Lin_k : အများကြီးလေ့ကျင့်ထားတာ။

ငါ့ညီမက ငါ့ထက်သုံးလပဲငယ်တယ်:  ............

လင်ခယ်ရဲ့ အဖြေတွေဟာ ပြတ်သားလွန်းနေတယ်။အကုန်လုံး လိုရင်းတိုရှင်းပဲ....

ဒါပေမယ့် လေ့ကျင့်ထားတာ ဆိုပြီး လင်ခယ် ပြောလိုက်တာကတော့ တကယ်ပါ။ လေ့ကျင့်ရင်းနဲ့ပဲ သူ့လက်ရည်တက်လာတာ။

သူ ချီဖုန့်ကြောင့် Dotaကိုစဆော့ဖြစ်ခဲ့ပေမယ့် သေချာလေး Trainပြီး ဆော့ခဲ့တယ်။

သူ့မှာ ဘယ်အရာကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင်လုပ်တတ်တဲ့အကျင့်ရှိတယ်။ ဒီစိတ် အရင်းခံကြောင့် Dotaမှာလည်း အကောင်းဆုံးဖြစ်အောင် ဆော့ရင်းနဲ့ အခုလိုကျွမ်းကျင်လာတာ။

သူလက်ရည်တက်ဖို့ Tutorialတော်တော်များများလိုက်ဖတ်ခဲ့တယ်။
ကျွမ်းကျင်ကစားသမားတွေ ဆော့ပြထားတဲ့ Video filesတွေကို လိုက်ကြည့်တယ်။
ပြီးတော့ အဲ့နည်းလမ်းတွေအတိုင်း လိုက်ဆော့တယ်။ Mouseကိုဘယ်လိုထိန်းချုပ်ရတယ်ဆိုတာကအစ သူ တစ်ခုချင်းစီကို အသေးစိတ်လိုက်လေ့လာခဲ့တယ်။

လက်ချောင်းတွေနဲ့ Keyboardတွေ Mouseတွေ လိုက်ထိန်းပြီးဆော့ရတာက သူများတွေအတွက် သီးသန့်ပြန်လေ့ကျင့်ရနိုင်ပေမယ့် ငယ်ငယ်တည်းက စန္ဒယားတီးလာခဲ့တဲ့ သူ့အတွက် အခက်အခဲသိပ်မရှိတော့ဘူး။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationDonde viven las historias. Descúbrelo ahora