Chapter 35

2.4K 393 21
                                    

ကနဦးသဘောတူညီချက်

လင်ခယ် သူ့နားသူ မယုံနိုင်စွာနဲ့ ချီဖုန့်ကိုငေးကြည့်နေမိတယ်။

လင်ခယ်ပြန်မေးလိုက်ချင်ပေမယ့် တစ်ဖက်ကလူက straight ဆိုတာ သတိရလိုက်တယ်။ သူနည်းနည်းလေးလွဲသွားတာနဲ့ အကြီးကြီးကားသွားနိုင်တယ်။ တစ်ဖက်က ပြောနေတဲ့လေသံကတော့ နောက်နေတာမဟုတ်ပေမယ့်လို့.....

သူတိတ်နေတာကြာသွားပုံရတယ်... ချီဖုန့်ကရှင်းပြလာတယ်" စီနီယာလျန်ပြောဖူးတယ်လေ ငါတို့အတွဲရှိရှိမရှိရှိ လူတွေက ငါတို့ကို ထင်နေမှာပဲ ဆိုတာလေ... အဲ့ဒီတော့ အမှားကိုအမှန်ဖြစ်အောင်လုပ်လိုက်ယုံတင်ပါ"

"အမှားကို ..." ဘာဖြစ်တာ.... လင်ခယ် ကြောင်သွားပြန်တယ် "အမှန်ဖြစ်အောင်လုပ်တာ"

"ဆိုလိုတာကကွာ..ငါတို့နှစ်ယောက်လုံး ကောင်မလေးမထားချင်ဘူးဆိုတော့ နှစ်ယောက်လုံးတွဲလိုက်တယ်လို့ကြေငြာလိုက်မယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပြီးသားဖြစ်သွားတာပေါ့... ဟန်ဆောင်တယ်ဆိုတာကတော့ငါတို့နှစ်ယောက်ပဲသိတဲ့ကိစ္စလေ" လင်ခယ်စိတ်ဆိုးသွားမှာ ကြောက်နေတာကြောင့် ချီဖုန့်ဘက်က စကားတွေကို လင်ခယ်မျက်နှာကြည့်ပြီး ဂရုတစိုက်လေးပြောနေခဲ့တယ်။

"မင်းကောင်မလေးမထားချင်ဘူးဆိုရင်တောင် ငါ့ကိုရွေးချယ်စရာမလိုပေမယ့်လို့.." ချီဖုန့်ပြောနေတာကို ခဏရပ်လိုက်တယ်။ ခုနကလိုပြန်ပြောထွက်ဖို့ သူစိတ်ဓာတ်တွေ ကျလာသလိုပဲ...
"ငါ့အတွက်ကတော့ လိုအပ်လို့ပါ...မင်းနဲ့တွဲနေတယ်ဆိုပြီးတော့လည်း စမ်းမန်ကိုပြောခဲ့ပြီးပြီ... သူယုံလားမယုံလား မသိပေမယ့် သူနဲ့ထိပ်တိုင်ရင်ဆိုင်ဖို့လိုအပ်ခဲ့ရင် မင်းနဲ့တွဲနေဖို့တော့လိုမယ်ထင်တယ်"

လင်ခယ် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်တယ်။ ချီဖုန့်ဆိုလိုချင်တာကိုသူသဘောပေါက်ပါတယ်။

ရှဲ့ချီပေါင်ပြောသလိုပေါ့ ဒါတွေကိုရှောင်ဖို့ ကောင်မလေးထားဆိုတာလေ.. ချီဖုန့်က ကောင်မလေးမထားဘဲ သူနဲ့တွဲဖို့ဆုံးဖြတ်လိုက်တာပဲ...

ချီဖုန့် သူ့ကို ဝန်ခံလိုက်တာဟာ တခြားအကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့ပေမယ့်လည်း....

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationUnde poveștirile trăiesc. Descoperă acum