Chapter 2

2.7K 405 9
                                    


Ling Ke အံ့အားသင့်သွားခဲ့ရတယ်။ ဒီစာကြောင်းတွေ ဒီမှာ ရှိနေတာကို သူမသိခဲ့ဘူး။
သူ Schubert ရဲ့ သံစဥ်တွေကို ကျွမ်းကျင်နေပြီးသား။ ဒါကြောင့် စာမေးပွဲဖြေခါနီး အချိန်မှာတောင် သူ အဲ့ဒီနေရာကို ပြန်မလှန်ခဲ့ဖူးဘူး။ ဒီစာရွက်ကို လိုလိုမယ်မယ်ဆိုပြီးတော့သာ စာမေးပွဲခန်းထဲ ယူသွားတာ။ ပြီးတော့ တစ်ခါမှ ပြန်မကြည့်ဖြစ်ခဲ့ဘူး။ ဒီလောက်အရေးကြီးတဲ့ စာတစ်ကြောင်းကို သူမသိခဲ့ဘူး။

သူ Qi Feng ကို သတိရသွားပြန်တယ်။ သူ့ computer ကို အမြန်ဖွင့်ပြီး QQ no ကို ရှာပြီး add လိုက်တယ်။ "Feng" ဆိုတဲ့ user name နဲ့အတူ ခပ်ချောချော anime ပုံလေးတင်ထားတဲ့ profile နဲ့ acc တစ်ခုကိုပေါ့။ ဟိုဘက်ကလည်း ခဏကြာတော့ ပြန်လက်ခံလိုက်တယ်။

Ling Ke တစ်ယောက် အူမြူးနေတယ်။ ပြီးတော့ စကားသွားပြောဖို့ လုပ်တယ်။ ဟိုဘက် acc ရဲ့ user name က အနီရောင်၊ user name ဘေးမှာက အဝါရောင် crown ဆောင်းထားတဲ့ ပင်ဂွင်းငှက်က ပါနေသေး။
ဒါ VIP user ဆိုတဲ့ သင်္ကေတ....

Ling Ke ရုတ်တရက် သူ့မိဘတွေ အဲ့ဒီနေ့က ခွဲခြားပြခဲ့တဲ့ သူတို့ရဲ့ အဆင့်အတန်းကွာခြားချက်ကို သတိရသွားတယ်။ သူ ဒါတွေကို ဂရုမစိုက်ချင်ပေမယ့် ဂရုစိုက်မိနေတယ်။ သူတို့နှစ်ယောက်ကြားမှာ မထင်မှတ်ထားတဲ့ အတားအဆီးတွေ ရှိနေပြီး တစ်ချိန်တည်းမှာ ဘာမှန်းမသိတဲ့ ဆွဲအားတစ်ခုခုက ပြန်ဆွဲထားသလိုလို...

Ling Ke mouse ကို Qi Feng ရဲ့ profile ပေါ် တင်လိုက်မိတဲ့အခါ profile ဘေးကနေ ခေတ်ဆန်ဆန် အဝတ်အစားနဲ့ မျက်မှန်ကို စတိုင်ကျကျ ဝတ်ထားတဲ့ အရုပ်ကလေးပေါ်လာတယ်။ ဒီလိုပုံထွက်ဖို့ဆိုတာ QQ point တွေ အများကြီး ဝယ်ပြီး လုပ်ထားမှ ရမယ့်ဟာ။ ဒါပေမယ့် ဒါတွေက Qi Feng အတွက်တော့အသေးအမွှားပေါ့။ VIP user တောင် ဖြစ်နေပြီပဲ။ ဒါတွေ သူ အလကား ရချင်ရမှာပေါ့။

                                  ........

သူတို့နှစ်ယောက်ကြားကအကွာအဝေးက ဒီမှာလည်း ဝေးကွာနေဆဲပါလား...
Ling Ke ဟာ Qi Feng ကို ဘယ်လိုစပြီးစကားပြောရမလဲဆိုတာပဲ စဥ်းစားနေလိုက်တယ်။

//
'နေကောင်းလား? '

'ငါက Ling Ke လေ ။ ငါ့ကို မှတ်မိသေးလား?'

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationDonde viven las historias. Descúbrelo ahora