Chapter 22

2.3K 372 18
                                    


စနေတနင်္ဂနွေနှစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် ပုံမှန်ကျောင်းတက်ရက်တွေရောက်လာပြန်တယ်။ သတင်းပညာမေဂျာရဲ့ ပထမနှစ်ကျောင်းသားတွေအနေနဲ့ အဓိကဘာသာရပ်သုံးခုကိုသင်ယူရတယ်။

တရုတ်သတင်းပညာရပ်သမိုင်းကြောင်း၊သတင်းအတတ်ပညာဘာသာရပ် နဲ့ သတင်းအချက်အလက်ရှာဖွေဖော်ထုတ်ခြင်းဆိုင်ရာဘာသာရပ်။
(History of Chinese Media, Accomplishments in Media and Interviews in News)

နာမည်ကြီးတက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသားတွေအနေနဲ့တော့ ဒီလေးနှစ်တာဟာ လွယ်ကူနေမှာတော့မဟုတ်ပါဘူး။

သတင်းပညာရပ်မျိုးစုံကို လေ့လာကြရမယ့်အပြင် အပြောစွမ်းရည်၊ စိတ်ခံစားမှုထိန်းချုပ်ခြင်းအတတ်၊ လူမှုဆက်ဆံရေးပညာတွေနဲ့ အထွေထွေဗဟုသုတပေါင်းစုံကိုပါ လေ့လာသင်ယူရမှာဖြစ်ပါတယ်။

ဒါဟာအနာဂတ်မှာ တောက်ပတဲ့ ကြယ်တစ်ပွင့်အဖြစ်ရပ်တည်ဖို့ ဒီတက္ကသိုလ်ကနေ အစပျိုးပေးလိုက်တဲ့ ပထမဆုံးအဆင့်ဖြစ်ပါတယ်။

အတန်းတက်ရတဲ့ ပထမရက်မှာ မေဂျာမတူကြပေမယ့် သင်ယူရတဲ့ဘာသာရပ် တူတဲ့ အတန်းတွေအားလုံးဟာ တစ်ခန်းတည်း အတူသင်ယူရတယ်။
ဒါကြောင့် တစ်ခန်း တစ်ခန်းမှာ စုစုပေါင်း ကျောင်းသားတစ်ရာကျော်လောက်ရှိတယ်။

ကျောင်းသားတွေဟာ သင်ယူရတဲ့ဘာသာရပ်တွေအပေါ်မှာပဲဖြစ်ဖြစ်၊ သင်ပေးတဲ့ဆရာတွေရဲ့ အာဘော်ကိုပဲဖြစ်ဖြစ် သိပ် စိတ်ဝင်စားကြတာလေ့ မရှိဘူး။

သူတို့ တကယ် စိတ်ဝင်စားကြတဲ့အရာက အတန်းပြီးတဲ့အခါ ချီဖုန့်ကို စာပေးနေ​ကြတဲ့ မိန်းကလေးအတန်းလိုက်ကြီးကိုပါ။

ကောင်မလေးတွေဟာ အတန်းရှေ့မှာ ချီဖုန့်ကို စောင့်နေကြတာမျိုးမဟုတ်ဘဲ ချီဖုန့်ထိုင်နေတဲ့နေရာအထိ စာ လာပေးကြတယ်။

ရပ်စောင့်ရင် ချီဖုန့်ထွက်မလာတာတွေ ဖြစ်နိုင်တဲ့အတွက် သူ့ဆီတိုက်ရိုက်ချဥ်းကပ်တဲ့နည်းက ပိုထိရောက်တယ်ဆိုပဲ။

လင်ခယ်ကကော ရည်းစားစာတွေမရဘူးလားလို့မေးကောင်းမေးမှာပေါ့.....

လင်ခယ်လည်းရပါတယ်။
ဒါပေမယ့် ချီဖုန့်ရတာနဲ့ ယှဥ်လိုက်ရင် သူ့ဟာက အသေးအမွှားလေးဖြစ်သွားရတယ်။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now