Chapter 20

2.1K 426 33
                                    

စစ်သင်တန်းရက်တွေ အတွင်း လူတိုင်းအသေမောင်းခံရတယ်။ ဒါကြောင့် အားလုံးလိုလို အခန်းပြန်ရောက်လာကြတာနဲ့ ခြေလက်ဆေးပြီး တန်းအိပ်ရာဝင်ကြတယ်။

ရှဲ့ချီပေါင်လို ညစ်ပတ်အိုးလေးတွေလည်း ပါတာပေါ့။ ခြေထောက်တောင်မဆေးပဲ တန်းအိပ်ပစ်တာ။

အခန်းတစ်ခန်းမှာ ရေချိုးခန်းတစ်ခန်းပဲ ပါတဲ့အတွက် အလှည့်ကျသုံးရတယ်။ ပထမတစ်ယောက်ဖြစ်ဖို့ မြန်မြန်မလုပ်တတ်ရင် စောင့်၊ ဒါမှ မဟုတ်ရင် အားလုံးပေါင်းသုံးလို့ရတဲ့ ရေချိုးခန်းကို သွားသုံး။

လင်ခယ်ရော ချီဖုန့်ရော အားလုံးပေါင်းသုံးရတဲ့နေရာကို မသွားချင်ကြဘူး။ ဒါကြောင့် သူတို့ဟာ ပထမနဲ့ ဒုတိယနေရာအတွက် တတ်နိုင်သမျှ မြန်မြန်လုပ်ကြတယ်။

ရှဲ့ချီပေါင် ကတော့အနှေးလူသား။ သူအခန်းကို ပြန်ရောက်တာနဲ့ လူတစ်ယောက်က ရေချိုးပြီးနှင့်နေပြီ။
သူ စောင့်ရမှာ ပျင်းတာနဲ့ ဖိနပ်နဲ့ ဘောင်းဘီကိုပဲ ချွတ်ပြီး တန်းအိပ်ပစ်တာ။ အင်္ကျီတောင်မလဲဘူး။

ရှဲ့ချီပေါင် သာ တစ်ယောက်ထဲနေတယ်ဆိုရင် သူ တစ်နှစ်လောက်ရေမချိုးဘဲနေလည်း ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး။ အခု အခန်းက ယောက််ျားကြီးလေးယောက်နေနေတာလေ။
တနေကုန် ချွေးတလုံးလုံး နဲ့ပြန်လာ။ တစ်နေကုန် အခန်းတံခါးပိတ်ထားတော့ အနံ့ကရှိတယ်။ AC ကိုတန်းဖွင့်လိုက်တော့ ချွေးနံ့လေးတွေ ကြီးစိုးသွားရော။

အဲ့ဒိီ အနံ့တခုထဲနဲ့တင် လူသတ်လို့ရနေတာကို။

အခုလို ရှဲ့ချီပေါင် ရေမချိုးဘဲ တန်းအိပ်တာ သုံးရက်မြောက်နေ့မှာတော့ ကောင်းကျွင်းဖိန် ဒေါသတွေ ငယ်ထိပ်ရောက်သွားရပြီ။  အတန်းရဲ့ ခေါင်းဆောင် ကောင်းကျွင်းဖိန် မို့ သူတို့ရဲ့အ ခန်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။ သူ့အလုပ်က အခန်းသန့်ရှင်းရေးအတွက် ဂရုစိုက်ပေးဖို့နဲ့ သူကောင်းမွန်စွာ အိပ်စက်နိုင်ဖို့အရေးလည်း ပါပါတယ်။ ဒီည ရှဲ့ချီပေါင်သာ
ရေမချိုးပဲ ထပ်အိပ်ရင် အိပ်ရာချင်းဆက်နေတဲ့ သူ့အတွက် အဲ့ဒီ့ အနံ့နဲ့တင် မွန်းကြပ်ပြီးသေနိုင်တယ်။ ဒါကြောင့် အခု  ရှဲ့ချီပေါင် အခန်းထဲ ဝင်လာပြီး အိပ်ရာဆီသွားနေတုန်းမှာ
ကောင်ကျွင်းဖိန် ဂုတ်ကဆွဲခေါ်ပြီး ရေချိုးခန်းထဲ ပစ်ထည့်လိုက်ကာ အင်္ကျီတွေဆွဲချွတ်ရင်းအော်လိုက်တယ်
" ရေချိူးစမ်း ..."

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now