[ZG] Chapter 10

505 120 5
                                    


Qi Feng တစ်ကယ်ပဲ အဲ့ဒီပန်းရောင် ပန်းကန်လုံးကို မလိုချင်ဘူး။ သူ Ling Ke လက်ထဲမှာ အပြာရောင်ကို တွေ့တယ်။ ဘာလို့ Ling Ke က သူ့ကို ပန်းရောင်ပေးတာလဲ? သူ့ရုပ်က ပန်းရောင်ကြိုက်တဲ့ရုပ် ပေါက်နေလို့လား? ပန်းရောင်ခွက်ကြီးကိုင်ထားပြီး သူ 2seconds လောက် ငြိမ်သက်နေမိတယ်။
သူ့အခန်းဖော်က အေးစက်ပြီး အဖက်မလုပ်တတ်တဲ့ သူမျိုး....သူက သူများကို ဒုက္ခအများကြီး ပေးထားပြီးသား။ သူဒီတိုင်းလေးပဲ လက်ခံလိုက်တာပိုကောင်းပါတယ်။ သူ ပန်းရောင်မကြိုက်ဘူးလို့ ပြောချင်နေပေမယ့်လည်း.....

ခဏနေတော့ Ling Ke က ပိုတဲ့ပိုက်ဆံတွေ ပြန်လာပေးတယ်။

တစ်ဖက်သားကို ကျေးဇူးတင်တဲ့ အနေနဲ့ သူ ညစာတော့ လိုက်ကျွေးသင့်တယ်မလား? Ling Ke ကလည်း ညစာစားဖို့ဖိတ်တာကို မငြင်းပါဘူး။ ဒါနဲ့ပဲ သူတို့ ကျောင်းနားက ညဈေးကို ရောက်သွားကြရော။ ​ကျေးဇူးတင်တဲ့အနေနဲ့ ကျွေးတဲ့ ညစာကိုတော့ ကျောင်း canteen မှာပဲမကျွေးသင့်ဘူးမလား။
သူတို့ကျောင်းနားက ညဈေးမှာ ညစာစားဖို့ ထွက်လာခဲ့ကြတယ်။ ကျောင်းဝင်းက ညဘက်မှာ ပိုပြီး အေးချမ်းတိတ်ဆိတ်နေတယ်။ သူတို့ တောင်ဘက်တံခါးကနေ ညဈေးကို ထွက်လာခဲ့ကြတယ်။

ညဈေးမှာ လူတွေ စုံနေတာပဲ။ စားသောက်စရာတွေက အပြည့်။ မီးရောင်တွေကလည်း ထိန်ထိန်ညီးလို့။ အသားကင်ဆိုင်တွေက အနံ့တွေက မွှေးလို့.....တစ်နိုင်ငံလုံးက စားသောက်စရာပေါင်းစုံ ဒီညဈေးမှာ အကုန်ရတယ်။ ကျောင်းသားတွေဟယ သူ့အုပ်စုနဲ့သူ ပျော်ရွှင်စွာ အော်ဟစ်စားသောက်နေကြတယ်

Qi Feng က လှမ်းမေးတယ်။ " ဘာစားချင်လဲ....မင်းရွေးကြည့်လိုက်လေ "

Ling Ke ကတော့ Qi Feng စကားထဲက တရားသဘောကို နားလည်လိုက်တယ်။ သူ Qi Feng acc ကို နှစ်တွေ အများကြီး လိုက်ကြည့်ထားတာ Qi Feng ဘာကြိုက်လဲ သူကောင်းကောင်းသိတာပေါ့။ ငါးကင်၊ မာလာဟော့ပေါ့၊ ငါးချိုချဉ်....

Qi Feng ကတော့ သူဖြေမယ့်အဖြေကို စိတ်ရှည်ရှည်နဲ့ စောင့်နေတုန်း....

ထားလိုက်ပါတော့.....တစ်ခုခု ကောက်ရွေးလိုက်ကြတာပေါ့။ ဘာလို့ အများကြီး စဉ်းစားနေမှာလဲ?

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now