Chapter 4

2.1K 406 12
                                    

Ling Ke ဟာ ခန်းမရဲ့နောက်ဆုံးနားမှာ ထိုင်ပြီး ပြိုင်ပွဲဝင်ကျောင်းသားတွေရဲ့ဩချရလောက်တဲ့ ဖျော်ဖြေမှုတွေကိုကြည့်နေခဲ့တယ်။ တစ်ဖက်မှာလည်း သူဟာ စိတ်လှုပ်ရှားမှုတွေ၊ စိတ်ပူပင်မှုတွေ တစ်ပြိုင်နက် ခံစားနေရတယ်။

Performance တစ်ခုစီတိုင်းဟာ ကောင်းလွန်းတဲ့အတွက် တစ်ခုပြီးတိုင်းမှာ လက်ခုပ်သံတွေတစ်ဖြောင်းဖြောင်း ထွက်လျက်ရှိတယ်။ Ling Ke ရဲ့ ပြိုင်ဘက်တွေဟာ မလွယ်ကူတဲ့ပြိုင်ဘက်တွေပေါ့။

တာဝန်ရှိသူတစ်ဦးဟာ Performance တစ်ခုပြီးတိုင်းမှာ ယှဉ်ပြိုင်သူတွေရဲ့result ကို တစ်ခါတည်းကြေညာပေးတယ်။ သူတို့သတ်မှတ်စံချိန် မမှီတဲ့သူတိုင်းဟာ ပြိုင်ပွဲကနေအပယ်ခံရတယ်။

သီချင်းဆိုကြတဲ့ ယောက်ျားလေးနဲ့မိန်းကလေးစုံတွဲတစ်တွဲမှာ ယောက်ျားလေးကကောင်းပေမယ့် မိန်းကလေးဘက်ကအမှားတွေများလွန်းတဲ့အတွက် အထုတ်ခံရတယ်။

ဒါကို ယောက်ျားလေးဘက်က စိတ်ဆိုးသွားပြီး
'ဒီပြိုင်ပွဲကမတရားဘူးလို့ ကျွန်တော်ထင်တယ်' လို့ထပြောတယ်။

Jiang Ying " ဆရာ Wang" လို့ခေါ်တတ်တဲ့ တာဝန်ရှိသူဟာ မျက်ခုံးလှုပ်သွားတယ်။

'ဘယ်လိုမတရားတာမျိုးလဲ'

ကျောင်းသားလေးဟာ စိတ်ဆိုးစွာနဲ့ ပြန်ပြောတယ်။
'ကျွန်တော်သူ့ထက်ကောင်းတဲ့ Partner နဲ့သာဆိုရင် အထုတ်မခံရလောက်ဘူး။'

ဘေးနားမှာ ရပ်နေတဲ့ ကျောင်းသူလေးဟာ သူ့အမှားကြောင့်ဆိုပြီး စိတ်မကောင်းဖြစ်နေပုံပေါ်တယ်။ သူမဟာ ခေါင်းကို လုံးဝမဖော်တော့တဲ့အပြင် ငိုမဲ့မဲ့လေးကိုဖြစ်နေပြီ။
အောက်မှာထိုင်နေကြတဲ့ ကျောင်းသားတွေကတော့ ကောင်လေးကိုသနားတဲ့အကြောင်းတွေပြောနေကြတယ်။

ဆရာ Wang က သူ့ရဲ့အနားမှာရှိတဲ့ လူတစ်ယောက်ကို ကျောင်းသူလေးအား နှစ်သိမ့်ပေးဖို့ လှမ်းပြောလိုက်တယ်။ အဲ့ဒီလူဟာ Ling Ke ကို Interview ခါနီး အိမ်သာပြေးသွားတဲ့ Li Xuan ဆိုတဲ့လူပေါ့။

'စိတ်မကောင်းမဖြစ်ပါနဲ့'

Li Xuan ဟာ ကျောင်းသူလေးကို
'ခဏလောက်စကားပြောရအောင်' ဆိုပြီး ညင်ညင်သာသာလေးပြောလိုက်တယ်။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now