Chapter 30

2.2K 386 6
                                    

မင်းက ကိုယ်ချင်းစာပေးတတ်လိုက်တာ

ချီဖုန့်ကလည်း မရမက တောင်းနေတယ်။ လင်ခယ်အတွက်လည်း ဝက်ဝံရုပ်က သိပ်အရေးမပါတော့ ဒီတိုင်းပဲပေးလိုက်တယ်။

ချီဖုန့်ရဲ့အနမ်းကို ရထားတာနဲ့တင်ပဲ သူတော်တော်လေး တန်နေပြီလေ။

ချီဖုန့်ရဲ့ပထမဆုံးအနမ်း.....

ချီဖုန့်ကတော့ ဒါကို ပထမဆုံးအနမ်းလို့ သတ်မှတ်လား မသတ်မှတ်လား သေချာမသိပေမယ့်လည်း....

ပထမဆုံးအနမ်းဆိုတာ နှုတ်ခမ်းချင်းနမ်းတာကိုပဲ သတ်မှတ်တာလား?

ကိုယ့်ဘာသာကိုယ်တွေးပြီး ပန်းစည်းကိုကောက်ကိုင်ကာ ချီဖုန့်နဲ့အတူ ထွက်လာခဲ့လိုက်တယ်။

​အပြန်လမ်းမှာ သူတို့နှစ်ယောက်လုံးတိတ်ဆိတ်နေတယ်။ ချီဖုန့်ကတော့ ဝက်ဝံရုပ်ကလေးကို နှိပ်စက်နေတယ်။ မြှောက်လိုက်၊ ပြန်ဖမ်းလိုက်၊အရုပ်လေးရဲ့ မျက်နှာကို ထိုးလိုက်နဲ့။ အခုလို အရုပ်ကလေးကို အနိုင်ကျင့်နေတာကို လင်ခယ် မမြင်ချင်တော့တာကြောင့် Wechat ကိုဖွင့်ကြည့်လိုက်တယ်။

မဖွင့်ခဲ့မိရင်တောင် အကောင်းသား။ အခုတော့ ...

post တွေအကုန်လုံးက သူနဲ့ချီဖုန့် နမ်းနေတဲ့ပုံတွေနဲ့ Video file တွေချည်းပဲ။
ထောင့်ပေါင်းစုံက ရိုက်ယူထားတဲ့ ပုံပေါင်း၊video ပေါင်းမြောက်များစွာ....
အတန်းgroup chat ထဲမှာလည်း သူတို့အကြောင်းတွေပဲ....
Noti သာ ပိတ်မထားခဲ့ရင် သူ့ဖုန်းတော့ မတွေးရဲစရာပဲ။
ဘာအကြောင်းအရာတွေshare နေကြလဲဆိုတာ သွားဖတ်စရာတောင်မလိုဘူး။

Wechat Moment* ထဲဝင်ကြည့်တော့လည်း ဒီဟာတွေပဲ။
"သေလိုက်တော့ မင်း"

Moment ထဲမှာ ပထမဆုံး လာပေါ်တဲ့post ကိုတင်ထားတဲ့သူက 'ကောင်းကျွင်းဖိန်း'
<ငါ့အခန်းဖော်နှစ်ယောက်တွဲနေကြပြီ 🙂>
ချီဖုန့်သူ့နှဖူးကို နမ်းနေတဲ့ပုံနဲ့။

ပုံထဲမှာ သူက ပြုံးနေတာလား???
.... WTF! ဘယ်လောက်တောင် ရူးမိုက်လိုက်သလဲ။ ဘာလို့သူကပြုံးနေရတာလဲ?

လင်ခယ် Zoom ဆွဲပြီးကြည့်ဖို့ ပြင်လိုက်တဲ့အချိန်မှာ ချီဖုန့်ဘေးနားကပ်လာတယ်။
"ဘာဖြစ်လို့လဲ"

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now