Chapter 14

2.2K 414 32
                                    


LingKeစိတ်တွေ တည်ငြိမ်မှုပြန်ရလာတဲ့အချိန် ဖုန်းထဲကို messageဝင်လာတယ်။

📩QiFeng: "ဘယ်မှာလဲ??"

                      ..........

မင်းနှစ်ပေါင်းများစွာ သဘောကျ နှစ်ခြိုက်ခဲ့ရတဲ့ Idolဆီက ဂရုတစိုက်ပို့တဲ့ စာလေးတစ်စောင်ရခဲ့ရင် ဘယ်လိုခံစားရမလဲ??

ပြီးတော့ သူက မင်းကို အရာရာဂရုစိုက်ပေးနေတယ်ဆိုရင်ကော?

မင်းရဲ့အတွေးတွေကို သိနေတယ်ဆိုရင်ကော?

သူ့ကိုဘယ်လိုReplyပြန်လိုက်သင့်လဲ?

သူဘယ်လိုမှ စဥ်းစားလို့မထွက်တော့ဘူး။ဒါQiFengဆီကပထမဆုံးဝင်လာတဲ့message.....

နောက်ဆုံးတော့ Messageကို ဝင်မဖတ်ဘဲထားလိုက်ပြီး မမြင်ချင်သလို ဟန်ဆောင်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

........Yes!
သူကျောင်းထဲ ခဏတော့ လျှောက်ပတ်ကြည့်လိုက်ဦးမယ်။အခု သူ QiFengနဲ့တွေ့ဖို့ အခုအဆင်သင့်မဖြစ်သေးဘူး။

QiFengစောင်လျှော်ပြီးတော့ တစ်ယောက်တည်း ပျင်းလာတယ်။
Lingkeတစ်ယောက် အခုထိပြန်လည်းမလာ.....သူပို့ထားတဲ့စာလည်း reply မပြန်။

သူတင်ထားတဲ့Wechat postကိုသွားကြည့်တော့ likeတွေ အများကြီး...
သူငယ်ချင်းအသစ်က ဘယ်သူလဲလို့ မေးထားတဲ့ commentတွေကလည်း အများကြီးပဲ.......

LingKeတစ်ယောက်ပဲ သူ့ကိုအဖတ်မလုပ်တာ။
တစ်ခြားသူတွေက ဘယ်သူ့ကို ရည်ညွှန်းမှန်း သိမှာမဟုတ်ပေမဲ့ Lingkeကတော့ သိသင့်ပါတယ်.....သူ့ကိုရည်ညွှန်းထားတာမှန်း အသိသာကြီးကို......

သူ့ကို ရည်ရွယ်ပြီး တင်ထားတဲ့ Postလေးကို Likeလေးတော့ ပေးသင့်တယ်မဟုတ်ဘူးလား။
(ပေးသင့်လား မပေးသင့်ဘူးလား ပရိသတ်ကြီး??)

သူ ပို့စ်ကို ပြန်ဖျက်လိုက်ရမလား.......

Gao JunFeiတောင် likeထားပြီးပြီကို .......
LingKeတစ်ယောက် ဒီpostကို မမြင်သေးတာလား....သူဘာတွေလုပ်နေလို့လဲ.......

စိတ်ရှုပ်စွာနဲ့QiFengဖုန်းပိတ်လိုက်ပြီး အိတ်ထောင်ထဲ ပြန်ထည့်ထားလိုက်တယ်။
သူ့စ်ိတ်တွေဟာ Lingkeဆီ ယိမ်းယိုင်နေတာကို သူသတိထားမိတယ်။
သူနဲ့LingKe သိတာမှ ၂ရက်ပဲရှိသေးတာလေ။
Lingkeက သူ့အနား အချိန်ပြည့်နေဖို့ အကြောင်းမှမရှိတာကို။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now