Chapter 12

2.1K 438 26
                                    


Ling Ke အရင်ကတည်းက Qi Feng ဆွဲတဲ့ပုံတွေကို QQ မှာ မြင်ဖူးနေတော့ သူပုံဆွဲတော်မှန်း သိပြီးသား....ဒီခွက်မှာ ပုံဆွဲတာလောက်ကတော့ Qi Feng အတွက် မျက်စိမှိတ်ဆွဲတောင် ရတယ်။ ဒါပေမယ့် ခွက်ပေါ်က ပုံတွေကို မြင်လိုက်ရတော့ Ling Ke တော်တော်အံ့သြသွားရတာတော့အမှန်ပဲ။ Qi Feng က ဒီလိုကလေးဆန်နေလိမ့်မယ်လို့ ဘယ်သူတွေးထားခဲ့မှာလဲ...

ခွက်က ပုံလေးတွေကို အနီးကပ်ယူကြည့်မိတော့မှ ကြောင်ရုပ်လေးတွေက မတူတာကိုသတိထားမိတယ်။ Qi Feng ရဲ့ ခွက်က ကျေနပ်နေတဲ့ ရုပ်လေးနဲ့ဖြစ်ပြီး Ling Ke ရဲ့ ခွက်မှာတော့ ရှက်နေတဲ့ပုံလေး။

ဒီလိုချိုမြိန်မှုတွေအတွက် Ling Ke နှလုံးသားလေးအခုန်မြန်လာရပြန်ပြီကော။ သူတို့နှစ်ယောက်က အခန်းဖော်တွေ ဖြစ်နေကြပေမယ့် အခုအနေအထားကြီးက သူတို့နှစ်ယောက် date နေကြသလို ခံစားချက်မျိုး။

အတွေးနဲ့အတူ Ling Ke ခပ်မြန်မြန် သူ့မျက်နှာကို ဘေစင်ကရေအေးအေးနဲ့ မျက်နှာသစ်ချလိုက်တယ်။ သူ့မျက်နှာတွေ ပူလာလို့....စိတ်ကလေးလည်း ငြိမ်လို့ငြိမ်ညားပေါ့လေ။

ရုတ်တရက် Qi Feng ရဲ့ " ဝါး " ဆိုတဲ့ အပျင်းကြောဆွဲတဲ့ အသံကြီး သူ ကြားလိုက်ရတယ်။ သူထပြီးဆင်းလာတဲ့အချိန် အသံကျယ်သွားလို့ Qi Feng နိုးသွားပုံရတယ်။ Qi Feng ညက ကောင်းကောင်းအိပ်မပျော်တဲ့ပုံပဲ။ Ling Ke သွားတိုက်နေရင်းနဲ့ " Errr " ဆိုတဲ့ အသံကြောင့် ရေချိုးခန်းအပြင် ထွက်ကြည့်လိုက်တယ်။

Qi Feng.. 
စောင်ကြီးခြုံ မျက်နှာလေးပဲ ဖော်ပြီး ရေချိုးခန်းဘက်ကို လှမ်းကြည့်နေရှာတာ။ Ling Ke ကို မြင်တော့မှ " ဘာလို့ အစောကြီး ထတာလဲကွာ " ဆိုပြီး လေးတိလေးကန် ထပြောတယ်။

Ling Ke ပါးစပ်ထဲက အမြှုပ်တွေ ထွေးလိုက်ပြီးမှ " မင်း ပင်ပန်းနေတယ်ဆိုလည်း ဆက်အိပ်လေ "

Qi Feng ဆီက အသံမကြားတော့ဘူး။ ဒါပေမယ့် " အင်း " ဆိုတဲ့ အသံသေးသေးလေး စောင်အောက်က ကြားလိုက်သလိုပဲ။

Ling Ke မျက်နှာသစ်ပြီး ထွက်လာတော့ Qi Feng အိပ်ယာပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်ပဲ ရှိသေးတယ်။ ခဏနေတော့မှ အကျယ်ကြီး အော်သမ်းပြီး ထလာတယ်။ Qi Feng မျက်လုံးမှာတော့ အမည်းဝိုင်းဝိုင်းကြီး နှစ်ဝိုင်း ထင်းနေတယ်။ သူကောင်းကောင်း အိပ်မပျော်ဘူးဆိုတာကို ပြနေသလိုလို...

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now