Chapter 28

1.9K 361 22
                                    


လေအေးတွေရုတ်တရက် တိုက်လာသလိုပဲ။ အခြေအနေကြီးကလည်း။

ချီဖုန့်လို ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်အနေနဲ့တော့ အခြေအနေကြီးကို ဒီလိုအဖြစ်ခံမှာမဟုတ်ဘူး။ အထင်လွဲနိုင်တဲ့အနေအထားကို ရှင်းလင်းနိုင်ဖို့အတွက် သူ ဒါကိုအခွင့်ကောင်းတစ်ခုအနေနဲ့ အသုံးချလိုက်တယ်။
ရှောင်ကျီကို ကျေးဇူးတင်တဲ့အနေနဲ့ ညစာကျွေးချင်လို့ သူဖိတ်ခေါ်လိုက်ရတဲ့အကြောင်းကစလို့ အသေးစိတ်ကို သေချာလေးရှင်းပြပေးခဲ့တယ်။

"ခေါင်းဆောင်ရှောင်က တော်တော်လေးသဘောကောင်းတယ်။ ကျွန်တော်လည်း နောက်မှ အဲ့ဒီဆိုင်က အတွဲတွေDate ကြတဲ့နေရာမှန်းသိတာ။ အနည်းဆုံးတော့ ကျွန်တော် ဒီလိုနေရာတွေရှိမှန်း သိလိုက်ရတာပေါ့ဗျာ။ " ချီဖုန့်ရိုရိုသေသေလေးကိုပြောနေတာ။
"ကျွန်တော်လည်း စီနီယာ အပြောခံရမှာစိုးလို့ ကောင်လေးကို ပြန်ပြောပြလိုက်ဦးဆိုပြီးတောင် စနေခဲ့သေးတယ်။ ကြည့်ရတာ စီနီယာရှောင်က ဒီလို အသေးအဖွဲလေးတွေကို အာရုံမထားတတ်ဘူးထင်တယ်။ ဒါကြောင့် အစ်ကို့ကို မပြောပြထားတာဖြစ်မယ်"

ချီဖုန့်စကားကို ကြားလိုက်ရတော့ လင်ခယ် မချီးကျူးဘဲမနေနိုင်တော့ဘူး။ တော်တော် EQ မြင့်တဲ့ကောင်။ (Emotional Intelligence)

ရှောင်ကျီကိုအပြစ်မမြင်စေဘဲ သူတို့နှစ်ယောက် ဆက်ဆံရေးက ရိုးသားတဲ့ဆိုတာကို ပြသွားတာ။ တစ်ချိန်တည်းမှာ ကောင်လေးဆီက ယုံကြည်မှုတောင် ပြန်ယူလိုက်သေးတယ်။
တခြားသူသာဆိုရင် ရှောင်ကျီက မရိုးသားတာဖြစ်နိုင်တယ်ဆိုပြီးတောင် မိန်းကလေးကို အပြစ်ဖို့ပစ်နိုင်တယ်။

ထင်တဲ့အတိုင်းပဲ ကျုံးယွမ်က စိတ်မဆိုးတဲ့အပြင် ထပ်ပေါင်းပြီးတောင် ပြောလိုက်သေးတယ်။ "အား ငါ မှတ်မိပြီ။ ဟိုတလောက သူပြောဖူးသလိုပဲ။ သူ ငါ့ကို အကင် လိုက်ကျွေးခိုင်းတာကို ငါမအားလို့ လိုက်မကျွေးဖြစ်ဘူး။ ငါမကျွေးပေမယ့် သူ့ကို ကောင်လေး ချောချောလေး တစ်ယောက်က လို​က်ကျွေးတယ်တဲ့။ ငါက စနေတယ်ထင်တာ။ တကယ်ကြီးဖြစ်နေတာပဲ။ မင်းလို့ပဲ မသိထားတာ။ ရှောင်ကျီက ပွင့်ပွင့်လင်းလင်း နေတတ်တဲ့ မိန်းကလေးပါ"

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now