[ZG] Chapter 23

588 114 5
                                    


နာမည်ကြီးနေတဲ့ကောင်လေးနဲ့ မိန်းမချောလေးကိုမြင်ပြီးတဲ့နောက် ချီချုံရွေ့ဦးဆောင်တဲ့အဖွဲ့ဟာ ဖြစ်နိုင်ခြေရှိတဲ့ ဇာတ်လမ်းပေါင်းစုံကို တွေးနေကြတယ်။

တစ်ချို့ဆို ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်၊အချိန် ၊နေရာ သတင်းအပြည့်အစုံရဖို့ ကြိုးစားနေကြတယ်။

တစ်ယောက်ဆို သူတင်မယ့် ခေါင်းစီးကိုတောင် စဉ်းစားထားပြီးသား။
သူအကျယ်ကြီးရွတ်ပြလိုက်တယ်။
[ဥက္ကဌရဲ့ မိန်းမက ညဖက်မှာ တိတ်တိတ်ပုန်း ချိန်းတွေ့တဲ့လူ : အဲ့ဒီသူက အခုတလော နာမည်သိပ်ကြီးနေတဲ့ ချီဖုန့်များလား?? ဒါမှမဟုတ် မိန်းမလှလေးရှောင်ကပဲ ဆွဲဆောင်နိုင်လွန်းသူလား??]

ချီချုံရွေ့မျက်ခုံးလှုပ်သွားတယ်။
လူသစ်ရဲ့ပုခုံးကို လှမ်းပုတ်လိုက်ရင်း....
"စိတ်ကူးယဉ်တာမဆိုးဘူး။ ဒီနာမည်အစား တခြားတစ်မျိုးပြောင်းလိုက်တာက ပိုကောင်းလိမ့်မယ်...."

လူသစ် : ??????

သူမှားပြောမိလိုက်မှန်း သတိထားမိတော့မှ ပြန်ပြောင်းပြောလိုက်တယ်။
[ဌာနခေါင်းဆောင် ချီကဒီကိစ္စကို ဖုံးကွယ်ပေးထား။ မင်းတို့ သိပ်ကံကောင်းလွန်းနေ...]

ချီချုံရွေ့ : "......."

တကယ်တော့ ချီဖုန့်နဲ့ ရှောင်ကျီကို ဒီလိုနေရာမှာတွေ့ရတာ မထူးဆန်းပါဘူး။

အဲ့ဒီစားသောက်ဆိုင်ကို အတူသွားတိုင်း ချိန်းတွေ့တယ်လို့ပြောလို့ရလို့လား?
နာမည်ကြီးနေတဲ့ကောင်လေးက ရည်းစားရှိတဲ့မိန်းမချောလေးနဲ့ တွေ့ခွင့်မရှိဘူးလား???

ဒါတွေအပြင် ချီဖုန့်က Internet Departmentက အဖွဲ့ဝင်ဆိုတာ လူတိုင်းနီးပါးသိနေကြတာပဲ။
ရှောင်ကျီအနေနဲ့ သူ့ရဲ့အဖွဲ့ဝင်တစ်ယောက်နဲ့ အတူ ညစာစားခွင့်မရှိဘူးလား?

.....တကယ်ကို မဟုတ်မဟပ်တွေ သိပ်လုပ်ကြတယ်။

အမှန်တရားက ဘာကြီးပဲဖြစ်နေဖြစ်နေ ဘယ်သူမှဂရုမစိုက်ပါဘူး။

"အဲ.....ချုံရွေ့...."
ရှောင်ကျီ သူတို့ကို လက်လှမ်းပြလိုက်ကာ ပြုံးပြလိုက်တယ်။

အဲ့တော့မှ ချီဖုန့် လင်ခယ်ကို မြင်သွားတယ်။
ချီဖုန့်မျက်နှာမှာ တစ်ခုခုကို စိုးရိမ်သွားတဲ့အရိပ်အယောင်လေး ဖြတ်ပြေးသွားတယ်။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now