၅၀၂

3.5K 525 11
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၅၀၂)

လိုအပ်သောအရာမှန်သမျှစုဆောင်းပြီးသွားပြီဖြစ်တာကြောင့် ရှန်ယန်ရှောင်လည်း စွန့်ပစ်နယ်မြေသို့ ခရီးစတင်လိုက်သည်။

စွန့်ပစ်နယ်မြေအတွင်းမှာ ခြေကုပ်စခန်းတည်ဆောက်ဖို့ရန်အတွက် သူမမှာ အချိန်နှစ်လရှိတာဖြစ်ကာ အချိန်ပြည့်လျှင် ဘုရင့်တမန်တော်တစ်ဉီးဉီးမှ လာရောက်စစ်ဆေးမည်ဖြစ်သည်။

ဇာမဏီငှက်က လှည်းကိုအရမ်းမုန်းတီးတာဖြစ်လို့ မြို့ပြင်ရောက်တာနဲ့ လှည်းမစီးတော့ပါဘူး။တန်နာဇီ ဝယ်ပေးထားသော လှည်းတွေမြင်းတွေကိုတော့ ငနာလေးကောင်ရဲ့ တပည့်လူယုံဖြစ်သူတွေမှ လောင်းရွှမ်ပြည်နယ်စပ်ထိ သွားရောက်ပို့ဆောင် နေပြီဖြစ်ကာ ရှန်ယန်ရှောင်တို့တစ်တွေ နယ်စပ်သို့ရောက်လျှင် လက်လွှဲယူမှာဖြစ်သည်။

ဖီးနစ်မောင်နှံတို့က လူ့အသွင်ယူကာ ရှန်ယန်ရှောင်နှင့်အတူ ဇာမဏီငှက်ကို စီးနင်းပျံသန်းပြီး အမည်းရောင်မြို့တော်ဆီ သွားလိုက်ကြပါတယ်။

မြို့ကိုရောက်တာနဲ့ ဇာမဏီနဲ့လန်ဖန်းလီတို့ကို လောင်းကစားရုံကိုသွားပြီး ဉီးလေးကြူတို့အဖွဲ့အား ခေါ်ဆောင်ဖို့ ညွှန်ကြားလိုက်ပြီးနောက် ရှန်ယန်ရှောင်ကိုယ်တိုင်ကတော့ တူလန်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ပြောဆိုဆွေးနွေးရန် သွားလိုက်ပါတယ်။

လအတန်ကြာပြီးတဲ့နောက်မှာတော့ ဂူဝံပုလွေအဖွဲ့ဟာ သူတို့ရဲ့အကောင်းဆုံးပုံစံကို ပြန်ရရှိနေပြီဖြစ်သည်။ ဉီးလေးကြူကယ်ဆယ်ပေးထားသော ကြေးစားလေးယောက်လည်း အဖွဲ့ကို ပြန်ရောက်ရှိနေပြီဖြစ်ကာ ရွာမှာ ဖြစ်ပျက်ခဲ့သမျှကို တူလန်းတို့အား ပြန်ပြောပြထားပြီးဖြစ်သည်။ဉီးလေးကြူတို့တစ်တွေက နဂိုလို မတည်မငြိမ်အခြေအနေမှာ မရှိတော့တဲ့ အကြောင်းကိုလည်း ပြောပြထားကြပါသည်။

ဂူဝံပုလွေအဖွဲ့စခန်း၏ တံခါးပေါက်မှာ ရှန်ယန်ရှောင် ရပ်နေပြီး ဖီးနစ်မောင်နှံကတော့ သူမဘေးမှာ အတူရပ်နေကြပါသည်။

တံခါးစောင့်ဖို့ တာဝန်ကျနေသော ကြေးစားနှစ်ယောက်မှာ ပြောလောက်အောင် ကြီးရင့်ခြင်းမရှိကြသေးပါဘူး။ လှပသိမ်မွေ့သော မိန်းမလှလေးတစ်ယောက်က တံခါးဝမှာရပ်နေတာကြောင့် သူတို့တွေမျက်နှာ အနည်းငယ်မထားတတ်ဘူး ဖြစ်သွားကြပြီးနောက် ရင်ကိုကော့ မတ်မတ်ရပ်ကာ ဟန်ရေးပြလိုက်ကြသလို ရှန်ယန်ရှောင်ဆီကိုလည်း ခိုးခိုးကြည့်နေ ကြပါတော့သည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now