၅၅၇

2.2K 345 6
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၅၇)

“ဘာကွ ငါတို့မိသားစုရဲ့ ရှောင်လေးကို ဘယ်သူက အနိုင်ကျင့်တာလဲ ဘယ်သကောင့်သားက ဒီလောက်ထိ ဇပြင်းနေတာလဲ”ဆိုသော ပျင်းရိပျင်းတွဲလေသံတစ်ခုက လူအုပ်နောက်မှနေ ထွက်ပေါ်လာကာ ရင်းနှီးနေသော အသံက ရှန်ယန်ရှောင်၏ နှလုံးသားကို ခုန်သွားစေခဲ့ပါသည်။
ထို့နောက်မှာတော့ ရင်းနှီးလွန်းလှတဲ့ လူငါးဦီးက သူမရဲ့မျက်စိရှေ့ကို ရောက်လာပါတော့သည်။
ချောမောခန့်ညားကာ သူမတူသော မျက်နှာအသွင်များနဲ့ ဖြောင့်မတ်မှန်ကန်တဲ့ သူရဲကောင်းတို့၏ ဟန်ပန်လက္ခဏာတို့နှင့် လောကကို အလေးမထားကြတဲ့ အမူအရာတို့နှင့် ကြူရှီယာ၊ယန်ယု၊တန်နာဇီ၊ယန်းရှီနဲ့ လီရှောင်ဝေတို့ဖြစ်ကြပါသည်။
ဒီငနာငါးကောင် စွန့်ပစ်နယ်မြေထဲကို ဘယ်အချိန်ကတည်းက ရောက်နေလဲ ဘယ်သူမှမသိကြပါဘူး။အခုတော့ သူတို့အားလုံးက ရှန်ယန်ရှောင်ရှေ့မှာ မူပိုင်အပြုံးကိုယ်စီနှင့် ရပ်နေကြပါတယ်။
“မင်းတို့အားလုံး…က ဒီကို ဘာ လာ လုပ် နေ ကြ တာ လဲ”ဟု ကိုယ့်မျက်လုံးကိုကိုယ် မယုံနိုင်ဖြစ်နေတဲ့ ရှန်ယန်ရှောင်က မေးလိုက်ပါသည်။
“ငါတို့ရဲ့ ညီမလေးက ဒီလောက်ခေါင်းပါးခြောက်ကပ်လှတဲ့ နေရာကိုထွက်သွားတာကိုးကွ။ဒါကို သိထားတဲ့ ငါတို့အစ်ကိုကြီးတွေက နင့်ကို တစ်ယောက်ထဲ ဘယ်စိတ်နဲ့ပစ်ထားနိုင်ရက်မှာလဲကွ။မင်းသွားတဲ့အချိန်တုန်းက ငါတို့မှာလည်း လုပ်စရာလေးတွေရှိနေသေးလို့သာ မင်းနဲ့အတူလိုက်မလာနိုင်ခဲ့တာလေ။အခု တစ်လကြာသွားတဲ့ နောက်မှာ ငါတို့ကိစ္စလေးတွေလည်း ဖြေရှင်းပြီးသွားကြပြီဆိုတော့ နင့်မြို့ငယ်လေးထဲမှာ လာခိုလှုံတဲ့ သဘောပေါ့ကွာ”ဟု ကြူရှီယာက ပြုံးစစဖြင့် ပြောလိုက်သည်။
“ငါနင့်ကိုမတွေ့တာ တစ်လပဲရှိသေးတာကို နင်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ပိန်သွားရတာလဲ ဒီနေရာမှာ စားကောင်းတာတွေမရဘူးလားဟ”လို့ တန်နာဇီက မချိုမချဉ်မျက်နှာပေးဖြင့် ပြောလိုက်တာဖြစ်ပြီး မျက်ခွက်ကို ပိတ်ကန်ပစ်ချင်စရာကောင်းနေပါတယ်။
“တက်သစ်နေမြို့တော်ရဲ့ မြို့ရိုးတံတိုင်းတွေက ပြီးကာနီးနေတာကို ငါတွေ့တယ်။ဒီတစ်လအတွင်း နင် တော်တော်လေးပင်ပန်းခဲ့ရမှာပဲ”ဟု ပြောလိုက်တဲ့ ယန်းရှီမျက်နှာက အေးစက်သယောင်ရှိသော်လည်း သူ့စကားတွေထဲမှာ စိုးရိမ်ပူပန်မှုတွေကို ခံစားမိနိုင်ပါတယ်။
“နာဇီပြောတာဟုတ်တယ်ဟ နင်က တစ်ကယ့်ကိုပါးပါးလေးပဲ ကျန်တော့တာ အခု ငါရောက်နေပြီဆိုတော့ လာမယ့်ရက်တွေမှာ ကောင်းကောင်းလေးချက်ကျွေးမယ်”ဆိုသော ယန်ယုရဲ့လေသံထဲတွင် ညင်သာကြင်နာမှုတို့
ပြည့်နေပါသည်။
မတွေ့မမြင်ရတာ တစ်လကြာပြီဖြစ်သော သူမရဲ့အပေါင်းအသင်းတွေ ရုတ်တရက်ကြီး မျက်စိရှေ့မှာ တွေ့လိုက်ရ ကာ ပူပန်စိုးရိမ်မှုတွေနဲ့ ပြောလိုက်တဲ့စကားတွေကြောင့် ရှန်ယန်ရှောင်၏ မျက်ဝန်းတို့ နီတီတီဖြစ်လာရသည်။
စွန့်ပစ်နယ်မြေဟာ ပျော်စရာနေရာမဟုတ်ပါဘူး။သူမ ရေးတေးတေးမှတ်မိနေတာကတော့ စွန့်ပစ်နယ်မြေအကြောင်းကို ဒီငနာတွေ ပြောကြတုန်းကဆိုရင် သူတို့လေသံတွေထဲမှာ သဘောမတွေ့တဲ့ အရိပ်အယောင်တွေနဲ့ဖြစ်ကြပါတယ်။ဒီနေ့မှာတော့ ဖူးဖူးမှုတ်ခံထားရတဲ့ သခင်လေးတွေအဖြစ်ကို ပစ်ထားခဲ့လိုက်ကြပြီးနောက် ဒီစွန့်ပစ်နယ်မြေထဲကို အပြေးရောက်ရှိလာကြပါတယ်။သူမရဲ့စိတ်ထဲမှာ တုန်ခါသွားသလို အရမ်းကံကောင်းတာပဲဟုလည်း ခံစားမိလိုက်ပါတယ်။သူမမှာ ဒီလို အပေါင်းအသင်းတွေ ရှိနေတာဟာ ဆုလာဘ်တစ်ခုပါပဲ။
“မင်း…မင်းတို့လုပ်တာ လွန်လွန်းတယ်နော် မင်းတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်တွေက ပြန်ခေါ်မှာကို မကြောက်ကြဘူးလား ဒီကိုလာလို့ တစ်ကယ်ပဲ ပြဿနာမရှိဘူးလား”ဟု ပြောလိုက်သော ရှန်ယန်ရှောင်ရဲ့ နှာခေါင်းလေးက ရှုံ့ပွရှုံ့ပွဖြစ်နေပါတယ်။
သူမ ပြန်လည်ဝင်စားမွေးဖွားလာပြီးနောက်ပိုင်း အားလုံးလိုလိုကို သူမတစ်ဦီးထဲသာ လုပ်ကိုင်လာခဲ့ရတာဖြစ်ပြီး သူမ ရရှိထားသော အောင်မြင်မှုမှန်သမျှကိုလည်း သူမရဲ့လက်နဲ့ ထုဆစ်ထားခဲ့ရတာဖြစ်သည်။သို့သော်လည်း သူမ အခုသိလိုက်ရတာကတော့ သူမဆီမှာ သစ္စာရှိနောက်လိုက်နောက်ပါတွေ ရှိရုံသာမကဘဲ နောက်ကျောမလုံဖြစ်စရာမလိုသော ယုံကြည်ရမည့် ရောင်းရင်းတွေပါ ပိုင်ဆိုင်ထားခြင်းကိုဖြစ်ပါသည်။
“ကြည့်ရတာတော့ နင်က အစစအရာရာကို စနစ်တကျ စီစဉ်ထားပြီးတဲ့ပုံပဲ ဒါပေမဲ့ မင်းအတွက် ငါတို့တွေ ဘာလက်ဆောင်တွေ သယ်လာသလဲဆိုတာရော မသိချင်ဘူးလား”လို့ ကြူရှီယာက ရယ်ကာပြောလိုက်သည်။
ထို့နောက်မှာတော့ ရှေ့ကိုတိုးလိုက်ပြီး သူမရဲ့လက်သေးသေးလေးကို ကိုင်လိုက်ကာ တက်သစ်နေမြို့တော်ရဲ့ လမ်းတစ်လမ်းဆီကို ခေါ်သွားလိုက်ပါတော့သည်။လမ်းပေါ်မှာ တွေ့မြင်ရတာက လှည်းတစ်စီးစီတိုင်းမှာ လူငယ်ငါးယောက်ခြောက်ယောက်ခန့် ရှိနေတဲ့ လှည်းအစီးရေ ရာနဲ့ချီပဲ ဖြစ်ပါတယ်။
“ဒီလူတွေက”လို့ နဝေတိမ်တောင်ဖြစ်စွာနဲ့ သူမ မေးလိုက်သည်။
“နင် မြို့တည်ရတော့မှာကိုသိထားလို့ ငါတို့က နင့်အတွက် အကူအညီတွေ ခေါ်လာပေးတာပဲ သူတို့တွေက ပညာရပ်ကိုယ်စီရှိပြီးတော့ ဆောက်လုပ်ရေးကနေ အဝတ်ချုပ်လုပ်မှုထိဆိုပါတော့ ပြောရရင် မြို့တစ်မြို့တည်လို့ ရတယ်ကွာ”ဟု ကြူရှီယာက ပြုံးစစဖြင့်ပြောသည်။
“ဒီလူတွေက ငါတို့မျိုးနွယ်တွေထဲက မဟုတ်လို့ မင်းစိတ်ချလက်ချ သုံးလို့ရတယ် သူတို့မှာ အချုပ်အနှောင် မရှိဘူး ဒီနေ့ကစပြီးတော့ မင်းရဲ့ အုပ်ချုပ်စီမံမှုအောက်မှာ ရောက်သွားကြပြီ”လို့ ပြောလိုက်ရင်း ရှန်ယန်ရှောင်ရဲ့ ခေါင်းလေးကို ကြူရှီယာက အသာအယာပွတ်သပ်ပေးလိုက်ပါတယ်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now