၅၆၉

2.2K 365 6
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၆၉)

ထို့နောက် ချက်ချင်းမှာပဲ ရှန်ယန်ရှောင်ဟာ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူမရဲ့ စိတ်နှလုံး ရေကန်အတွင်း ရှိနေတဲ့ ဇာမဏီကို ဆက်သွယ်လိုက်သည်။ဇာမဏီလည်း ချက်ချင်းပဲ မီးလျှံတွေ အဖြစ်သို့ ပြောင်းလဲပြီး ကောင်းကင်ယံထက်၌ ဝဲပျံနေလိုက်ပါတယ်။
“အစွမ်းပြတာ ဟုတ်လား ငါတော့ ဒါကိုသဘောကျတယ်ဟေ့”လို့ ကြူရှီယာက နှစ်လိုစွာပြုံးပြီး တိုးနယားကို ဆင့်ခေါ်လိုက်ပါတယ်။
ရွှေရောင်အလင်းတန်း တောက်ပသွားပြီးနောက် လေထုထဲမှာ အကောင်အထည်ကြီးတစ်ခု တစ်ဖြည်းဖြည်း ဖြစ်ပေါ်လာပါတယ်။လေထုက ဒေါသတကြီးဖြင့် အော်ဟစ်တော့သည်။လေထု ထဲက ရေဓါတ်တို့ စုစည်းသွားပြီး ငွေရောင်တိမ်တိုက်တစ်ခု ဖြစ်ပေါ်သွားကာ ရွှေရောင်အလင်းတန်းအောက်တွင် ဝဲပျံနေပါတယ်။
အလင်းတို့ ကွယ်ပျောက်သွားချိန်မှာတော့ ရွှေရောင်တိုးနယားတစ်ကောင်က လေထဲမှာ အံ့အားသင့်ဖွယ် ပေါ်ပေါက်လာတာကို တွေ့ရမှာပါ။နဂါးခေါင်း ဒရယ်ကိုယ်ထည် ကျားကျောပြင် ရွှေရောင်အကြေးခွံတို့ဖြင့် တည်ဆောက်ဖွဲ့စည်းထားပြီး ရွှေရောင်တိမ်တိုက်လေးခုက ခြေထောက်လေးခုအောက်မှာ တည်ရှိနေသည်ကာ တောင်ကြီးတစ်ခုအလား မားမတ်စွာ မြင်တွေ့နေရပါသည်။တစ်ကယ့်ကို အရှိန်အဝါကောင်းလှတဲ့ အစွမ်းပြင်းသော ပုံပြောင်းမှု တစ်ခုပါပဲ။
“ကြည့်ရတာ ငါတို့လည်း ဒီအတိုင်း ရပ်နေလို့တော့မဖြစ်လောက်ဘူးဟ”လို့ ပြောပြီး ယန်းရှီလည်း မိုးပြာနဂါးကို ချက်ချင်းခေါ်လိုက်ပါတယ်။
မိုးကြိုးတွေပစ်ချုန်းပြီး လျှပ်စီးတို့က တိမ်စိုင်တွေအထက်မှာ တလက်လက်ဖြစ်ကာ ကောင်းကင်တစ်ခွင်လုံးအား ချယ်မှုန်းနေပြီးနောက် မိုးပြာနဂါးရဲ့ ကြီးမားလွန်းသောကိုယ်ဟာ တိမ်စိုင်တွေအကြားကနေ ထွက်ပေါ်လာကာ နဂါးစွမ်းပကားကို ထုတ်ဖော်ပြလိုက်ပါသည်။
ကောင်းကင်ထက်မှာ တည်နေလိုက်ပြီး မိုးကြိုးနှင့်လျှပ်စီးတို့က နဂါးလက်သည်းတို့ အကြားမှာ ဆုပ်ကိုင်ထားတာကို တွေ့ရမှာဖြစ်သည်။
“မင်းတို့ကောင်တွေက မပျံနိုင်တဲ့ ငါ့ကျားဖြူမျိုးနွယ်ကို အနိုင်ကျင့်နေကြတာလား”လို့ ရယ်လိုက်ပြီးနောက် ယန်ယုကထရပ်လိုက်ကာ လက်ကိုလှုပ်၍ ကျားဖြူကို ခေါ်ထုတ်လိုက်သည်။
ကျားဟိန်းသံက တောင်တွေတုန်ခါပြီး မြစ်ရေတွေ ရပ်တံ့သွားစေခဲ့သည်။အဖြူရောင် အလင်းတန်းက မျက်စိကြိမ်းစရာ တောက်ပနေပြီးနောက် မြေပေါ်သက်ဆင်းသွားတဲ့ အဖြူရောင်အလင်းတန်းဟာ မပျောက်ကွယ်ခင်အထိ မြေပေါ်မှာပျံ့နှံ့သွားခဲ့သည်။ထို့နောက်တွင် မြို့လေးတစ်မြို့စာခန့်ရှိသော ကျားဖြူကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
“မပူပါနဲ့ဟ ငါရှိပါသေးတယ်”လို့ တန်နာဇီက ရယ်ရင်းပြောလိုက်ကာ ဖီးနစ်ကျောပေါ်ကနေ ခုန်ချလိုက်သည်။
စွန့်ပစ်နယ်မြေတစ်ခွင်လုံး တစ်ချက်တုန်သွားခဲ့ပြီးနောက် ကွဲအက်သွားခဲ့သော မြေပြင်ကနေ ကြီးမားလှသော ပုံသဏ္ဍာန်ကြီးတစ်ခုဖြစ်ပေါ်လာသည်။လိပ်နက်ကြီးက လူတိုင်းအရှေ့မှာ တောင်ကြီးတစ်လုံးကဲ့သို့ တည်ရှိနေပြီး တန်နာဇီကတော့ လိပ်ကျောကုံးပေါ်မှာ တည်ငြိမ်စွာဖြင့် ရပ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
လီရှောင်ဝေလည်း မျက်နှာပုတ်သိုးသိုးဖြစ်နေတဲ့ ခေါင်းရှစ်လုံးမြွေနဂါးကို တစ်ခုခု ပြောလိုက်ပါတယ်။
“နှစ်ထောင်နဲ့ချီပြီးတော့ မတွေ့ရတော့တဲ့ ငါ့ပြိုင်ဖက်တွေ ဒီနေ့ လာဆုံနေမှတော့ ငါလည်း မျက်နှာအပျက်ခံလို့ ဘယ်ဖြစ်ပါ့မလဲ”ဟု ခေါင်းရှစ်လုံးမြွေနဂါးက သရော်တော်တော် ရယ်မောကာ ပြောလိုက်ပါတယ်။
ဖီးနစ်အပေါ်ကနေ အရိပ်တစ်ခု ခုန်ဆင်းလာပြီးနောက် မြေပေါ်တွင် အမည်းရောင် အခိုးအငွေ့ထုကြီး ဖြစ်သွားပြီးနောက် ခေါင်းရှစ်လုံးနှင့် ကြီးမားလှသော မြွေနဂါးကြီးတစ်ကောင် မြေပေါ်မှာ ဖြစ်ပေါ်သွားပါတော့သည်။သူ့ကိုယ်ထည်ဟာ တစ်ခြား ဒဏ္ဍာရီသတ္တဝါငါးကောင်နဲ့ နှိုင်းယှဉ်ရင် အရေးနိမ့်ဖို့လမ်းမရှိပါဘူး။
မိုးပြာနဂါး၊ ကျားဖြူ၊ ဇာမဏီ၊ လိပ်နက်၊ တိုးနယား၊ ဖီးနစ်နှစ်ကောင်၊ ခေါင်းရှစ်လုံးမြွေနဂါး…
ဒဏ္ဍာရီသတ္တဝါရှစ်ကောင်တို့ဟာ တောင်တန်းကြီးတစ်ခုအသွင်ဖြစ်နေကာ မှော်ဆန်းကြယ်မြို့ကို ဝင်ဖို့ထွက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။စွန့်ပစ်နယ်မြေအတွင်းမှာ တစ်ချိန်ထဲတစ်ပြိုင်ထဲ ဒဏ္ဍာရီသတ္တဝါရှစ်ကောင် ပေါ်ထွက်လာတာဖြစ်ပြီး လေထုက အော်ဟစ်ကြုံးဝါးနေသလို လျှပ်စီးတွေ မိုးကြိုးတွေလည်း မြေပေါ်ဆင်းသက်လာပါတယ်။ဒီအခိုက်အတံ့လေးမှာတော့ နတ်ဆိုးအားလုံးလည်း ကြောက်လန့်တုန်လှုပ်နေကြသလို့ မှော်သားရဲမှန်သမျှလည်း ရိုကျိုးစွာဖြင့် အရိုအသေပေးနေကြပါတော့တယ်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now