၅၂၆

3.2K 476 7
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၅၂၆)

သူတို့ပြောဆိုနေသောအသံက တိုးလွန်းတာကြောင့် တူလန်းတို့တစ်တွေ ဘာကိုမှ သဲသဲကွဲကွဲ မကြားကြရပါဘူး။

သူတို့အနေဖြင့် ရှန်ယန်ရှောင်၏ကျောပြင်ကိုသာ ကြောက်ရွံ့စွာငေးကြည့်နေရုံပဲ တတ်နိုင်ကြပါတယ်။

မည်သူကများ အဆင့်မြင့်နတ်ဆိုးတစ်ကောင်ကို သူတို့အနားမှာ ခေါ်ထားရဲသလဲ ဒါတင်မကဘဲ အဆင့်မြင့်နတ်ဆိုးသုံးကောင်ကြားမှာ ရယ်ရယ်မောမောနဲ့ပြောဆိုရဲတဲ့သူရော ရှိပါ့မလား…

ဒါတွေကို သာမန်လူတွေ လုပ်ရိုးထုံးစံရှိဖူးသလား…

အခုချိန်မှာသာ ရှန်ယန်ရှောင်ကနေပြီး သူမဟာ နတ်ဆိုးတစ်ကောင်ဖြစ်တယ်လို့ ပြောလာရင် သူတို့တွေ အံ့ဩမိမှာ မဟုတ်တော့ပါဘူး။

အဆင့်မြင့်နတ်ဆိုးနှစ်ယောက်ဟာ ရှန်ယန်ရှောင်ပြောတာကို စိတ်ပါဝင်စားစွာ နားထောင်နေကြပြီး သူတို့မျက်နှာတွေက လေးစားသမှုရှိနေရာကနေ မယုံကြည်နိုင်ဟန်ဖြစ်သွားပြီးနောက် ရှန်ယန်ရှောင်အား အံ့ဩတကြီးကြည့်လိုက်ကြပါသည်။

“မင်း…မင်းတစ်ကယ်ပြောနေတာလား”ဟု နတ်ဆိုးတစ်ယောက်က ရှန်ယန်ရှောင်ပြောလိုက်သော အနက်ရောင်စွမ်းအင်တွေကို သူတိုစိတ်ကြိုက်စားနိုင်တယ်ဆိုသော စကားကြောင့် ရင်ခုန်စွာဖြင့် မေးလိုက်သည်။

ရှန်ယန်ရှောင်လည်း အကောင်းဆုံးသက်သေဖြစ်သော ဖူတူအား လက်ညှိုးထိုးပြလိုက်သည်။

“မဟုတ်ရင် ဒီလူက ငါ့နောက်ကို ဘာကြောင့်လိုက်နေမှာလဲ မဟုတ်ဘူးလား”

ဖူတူအသာအယာပြုံးလိုက်သည် သူ့အပြုအမူအပေါ်တွင် နည်းနည်းလေးမှ အရှက်ရသည့်ဟန်မပေါ်ပါလေ။

အဆင့်မြင့်နတ်ဆိုးနှစ်ယောက်က သိပ်တော့မယုံကြည်ပေ။လူသားတို့နယ်မြေကို သူတို့တွေခြေချပြီးကတည်း က အနက်ရောင်စွမ်းအင်အား လုံလောက်စွာစားသုံးခွင့် မရရှိခဲ့ဖူးပါဘူး။လူသားစားခြင်းဖြင့် စိတ်ကျေနပ်မှု ရရှိစေသော်လည်း အဆင့်တိုးတက်မှုလုံးဝမရှိပါဘူး။ဒီအခြေအနေက လင်းလက်တိုက်ပေါ်မှာ အဆင့်မြင့် နတ်ဆိုးတွေ၏ အင်အားကို တိုးပွားလာစေခြင်းမရှိတော့ဘဲ ဆုတ်ယုတ်မှုသာ ဖြစ်ပေါ်စေခဲ့ပါသည်။နည်းပါး လှသော အဆင့်မြင့်နတ်ဆိုးတို့၏ အရေအတွက်ကြောင့် လင်းလက်တိုက်တွင် နတ်ဆိုးတို့၏အင်အားကို လျော့ပါးစေခဲ့သည်။အဆင့်နိမ့်နတ်ဆိုးတွေကလည်း အဆင့်မတက်နိုင်သောကြောင့် အဆင့်မြင့်နတ်ဆိုးတွေ အဖို့ ခေါင်းခဲစေသော ပြဿနာတစ်ခုဖြစ်လာရသည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now