၅၉၃

2.1K 315 1
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၉၃)

“ထားပါတော့ ဒီကိစ္စတွေက အရေးမကြီးတော့ပါဘူး။ကျွန်မရဲ့ လျှို့ဝှက်ချက်တွေကို သိသွားကြ ပြီဆိုတော့ တက်သစ်နေမြို့တော်ကြီး တည်ဆောက်လို့မပြီးမချင်း ကျွန်မရဲ့ မြို့မှာပဲ ဆက်နေဖို့ မင်းတိုင်ပင်ကြီးတို့ကို ဒုက္ခပေးရတော့မှာပဲ”လို့ ကြာပန်းလေးသဖွယ် တောက်တောက်ပပပြုံးကာ ပြောလိုက်သော ရှန်ယန်ရှောင်ရဲ့ စကားလုံးတွေက အဆိပ်သင့်ဘိန်းပန်းတစ်ပွင့်အသွင် ဖြစ်နေပါသည်။
“ငါတို့ကို ဒီမှာခေါ်ထားချင်နေတာပေါ့”လို့ ပြောတဲ့ဖေးယွမ်လက်က မှော်ကြိမ်လုံးကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ထားပါသည်။အဲ့အကြောင်းကို ပြောလိုက်မိတာက သူ့ရဲ့ တွက်ချက်မှု မှားယွင်းလို့ဖြစ်သည်။ဒီမိစ္ဆာမလေးက သူတွေးထားခဲ့မိသလိုပဲ မရိုးတဲ့သူဖြစ်နေပါသည်။သူမရဲ့ သည်းခံခဲ့မှုနဲ့ အခုဖြစ်သွားတဲ့ ပြတ်သားမှုတို့က လေးစားဖို့ကောင်းလှပါသည်။
“ဟုတ်ပါတယ်”လို့ သူမရဲ့ ရည်ရွယ်မှုကို ကွယ်ဝှက်မနေဘဲ ဝန်ခံပြောကြားလိုက်သည်။
သူတို့တွေ အခုပြန်သွားကြရင် သူမ အရေးနိမ့်သွားပါလိမ့်မယ် တက်သစ်နေမြို့တော်မှာပဲ ဆက်နေခိုင်းထားမှသာလျှင် သူမရဲ့ လျှို့ဝှက်ချက်တွေကို သူတို့ ဆက်ထိန်းထားနိုင်မှာ ဖြစ်သည်။
“မင်း ဒီလိုလုပ်ရင် ဧကရာဇ်မင်းကြီးက ပုံမှန်မဟုတ်တဲ့အကြောင်း သိသွားမှာပဲ။ငါတို့အဖွဲ့ စွန့်ပစ် နယ်မြေကို လာရတဲ့အကြောင်းက စစ်ဆေးအကဲခတ်ဖို့ပဲဖြစ်တယ်။ငါတို့က သတ်မှတ်ရက်ထက် ကျော်လွန်ပြီး နေနေမယ်ဆိုရင် မင်းကြီးလည်း သေချာပေါက် သံသယဝင်လာမှာပဲ။အဲ့အခါကျ မင်းလည်း သေမှာပဲ”ဟု ဖေးယွမ်ကပြောလိုက်ရင်း အသက်ရှူတာ တည်ငြိမ်အောင် ကြိုးစားလိုက် သည်။သူ့ဆီမှာ ပိုင်ဇီရှိသော်လည်း လက်လွတ်စပယ် မလှုပ်ရှားရဲပါဘူး ရှန်ယန်ရှောင်ပြောတဲ့ အဆင့်မြင့်နတ်ဆိုးနှစ်ရာကျော်က တစ်ကယ်ရှိမရှိဆိုတာ သူသေချာမသိသေးပါ။တစ်ကယ်ရှိနေ လျှင် သူမဆင်မခြင်လုပ်လိုက်တာနဲ့ အခြေအနေမလှမပဖြင့် သေရမှာဖြစ်သည်။
“မင်းတိုင်ပင်ကြီးက ကျွန်မအတွက် စိတ်ပူပေးဖို့ မလိုပါဘူးရှင်။ကျွန်မဆီကို တစ်ကယ်အသုံးဝင် တဲ့ သေမိန့်လွတ်ရွှေပြားယူလာပေးလို့ ကျေးဇူးလည်းတင်ပါတယ်။မဟုတ်ရင် ကျွန်မ စိတ်ပူပန်နေ ရဦးမှာ ဒါပေမဲ့ ဒီရွှေအမိန့်ပြားနဲ့ဆိုရင် ဧကရာဇ်အနေနဲ့ မူမမှန်ဘူးလို့ သိသွားရင်တောင် ကျွန်မကို တော့ အလွယ်တကူနဲ့ ထိတို့ရဲမှာမဟုတ်တော့ပါဘူး”ဆိုသော စကားသံအဆုံးမှာပဲ ရှန်ယန်ရှောင်၏ မျက်လုံးတွေက ဘေးမှာရှိတဲ့ လောင်ယုဆီရောက်သွားပါသည်။
ကြားလိုက်ရသမျှကြောင့် တုန်လှုပ်ခြောက်ခြားနေတဲ့ လောင်ယုအဖို့ ရှန်ယန်ရှောင်၏ အကြည့် အောက်မှာ ပါးစပ်မဟတဟဖြင့်သာ ကြောင်တက်တက် ဖြစ်နေရပါသည်။
“လောင်းရွှမ်ပြည်ရဲ့ တစ်ဦးတည်းသော မင်းသားဖြစ်ပြီး နောက်တက်မယ့် ဧကရာဇ်လည်း ဖြစ်သေးတယ်။ဒီလိုဓားစာခံမျိုး ရှိထားရင် ဧကရာဇ်က ကျွန်မကို အင်အားသုံးရဲမယ်လို့ မင်းတိုင် ပင်ကြီး ထင်နေသေးလား”
“ကျွန်မအမှတ်မမှားဘူးဆိုရင် ဧကရာဇ်က အသက်ခြောက်ဆယ်ပြည့်ပြီးပြီနော် ဒီအချိန်မှာ သူ့ သားတော်ကြီးဖြစ်တဲ့ လောင်ယုမင်းသားသာ မတော်တဆဖြစ်ခဲ့ရင် လောင်းရွှမ်ပြည်ကြီးကို တစ်ပါးသူတွေဆီ ထိုးအပ်လိုက်ရတော့မှာလားမသိဘူး”
တက်မက်ဖွယ်အသံနှင့်ပြောနေသော ရှန်ယန်ရှောင်စကားသံဟာ ကြားရသူတွေအဖို့ သွေးခဲသွား မတတ် ဖြစ်စေပါသည်။
ဖေးယွမ်က ရှန်ယန်ရှောင်ကို မယုံနိုင်စွာကြည့်လိုက်မိသည်။အသက်တောင်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ထံမှ အခုလိုစကားထွက်လာမယ်လို့ သူ မယုံနိုင်ဖြစ်နေပါသည်။
“မင်းလုပ်ဝံ့သလား ဖေးယွမ်ဆိုတဲ့ငါ ဒီမှာရှိနေသ၍ မင်းသားလောင်ယုရဲ့ ဆံချည်တစ်မျှင်ကို တောင် မင်းထိလို့ရမယ်မထင်နဲ့”ဟုပြောလိုက်ပြီး လောင်ယုအား သူ့နောက်ကိုပို့ကာ ကာကွယ်လိုက်ပါသည်။
“မင်းကိုကူညီမယ့် နတ်ဆိုးတွေရှိကောင်းရှိလိမ့်မယ် ငါ့အနေနဲ့ မင်းရဲ့ပြိုင်ဖက် ဖြစ်ချင်မှဖြစ်မယ် အဲ ဒါပေမယ့် ပိုင်ဇီရဲ့အစွမ်းနဲ့ဆိုရင် ငါနဲ့လောင်ယုမင်းသားတို့ ဒီနေရာကနေ ထွက်သွားချင်ရင် မင်းတားနိုင်စွမ်းမရှိပါဘူး”ဟု ဖေးယွမ်ပြောလိုက်သည်။
“မင်း…မင်းတိုင်ပင်ကြီး ကျွန်တော်မျိုးကရောဟင် မင်းတိုင်ပင်ကြီး ကျွန်တော့်ကို ဒီနေရာမှာ ထားခဲ့လို့မဖြစ်ပါဘူး ကျွန်တော့်ကိုပါ ခေါ်သွားပေးပါ”
ဖေးယွမ်က လောင်ယုနဲ့အတူ ထွက်ပြေးမယ်လို့ ကြားလိုက်ရတဲ့ လီချီတစ်ယောက် ခြေထောက်တွေ ပျော့ခွေသွားပါသည်။သူဟာ အရူးတစ်ယောက်မဟုတ်လို့ ရှန်ယန်ရှောင်ရဲ့ လက်ရှိပုံစံအရ ဒီကောင်မလေးဟာ ငကြောက်တစ်ယောက် ငပျော့တစ်ယောက်မဟုတ်မှန်းကို သူကောင်းကောင်းကြီး သိလိုက်ပါသည်။သူမက နတ်ဆိုးတစ်ကောင်ပဲ သေချာပေါက်ကို နတ်ဆိုးမလေးတစ်ကောင်ဖြစ်ရမယ်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now