၅၃၆

2.7K 407 49
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၃၆)

ရှန်ယန်ရှောင် နည်းနည်းအံ့ဩသွားခဲ့ပါသည်။ခြေရာပျောက်ဒေသဟာ မည်သည့်တိုင်းပြည်နှင့်မှ မသက်ဆိုင်သောနေရာဖြစ်ပြီး တိုင်းပြည်နှစ်ခုအကြားရှိ လျှိုမြောင်အတွင်းတည်ရှိတာဖြစ်သည်။နတ်ဆိုးနှင့် နတ်တို့၏ စစ်ပွဲကြီးက လွင်ပြင်ကြီးမှာ ချိုင့်တွေလျှိုမြောင်တွေဖြစ်လာစေတာဖြစ်ပြီး ထိုနေရာမှာ ခြေရာပျောက်ဒေသဖြစ်ပေါ်လာခြင်းဖြစ်သည်။ထိုဒေသတွင် မည်သည့်တရားဥပဒေမှ လွှမ်းမိုးခြင်းမရှိပါချေ…
ခြေရာပျောက်ဒေသဟုခေါ်ရခြင်းအကြောင်းက ထိုဒေသမှာရှိသူတွေဟာ အခြေခံအားဖြင့် လောကကြီးရဲ့ မေ့ဖျောက်မှုကိုခံထားရလို့ဖြစ်ပြီး ထူးဆန်းသောအရာတွေကို ထိုဒေသမှာ တွေ့ရှိနိုင်ပါသည်။
ထိုဒေသတွင် ဒုစရိုက်လောကသားများနေထိုင်နေကြသည့်အတွက် မည်သည့်တိုင်းပြည်ကမှ ထိုဒေသကို လက်အောက်ခံအဖြစ်ပြုလုပ်ဖို့ မတွေးကြပါဘူး။
တိုင်းပြည်များက အလိုရှိဆုံးသော ဒုစရိုက်သမားတွေဟာ ထိုဒေသကို ရောက်ရှိဖို့အတွက် အစွမ်းကုန်ကြိုးစား ထွက်ပြေးကြပြီး ရောက်သွားရင် သူတို့အနေဖြင့် လုံခြုံစိတ်ချရပြီဖြစ်သည်။
ခြေရာပျောက်ဒေသကို ကျွန်ဈေးကွက်ကြောင့်လည်း လူသိများပါသေးသည်။ကျွန်ရောင်းကျွန်ဝယ် ပြုလုပ်ခြင်းအား တိုင်းပြည်လေးခုလုံးက ကန့်သတ်ပိတ်ပင်ပြီးဖြစ်ပါသည်။သို့ပေမယ့် ခြေရာပျောက်ဒေသမှာ ကျွန်တွေကို ကြက်တွေငှက်တွေဝယ်ကြရောင်းကြသလို အလွယ်တကူဝယ်ယူနိုင်ပါသည်။
ခြေရာပျောက်ဒေသမှနေ၍ ဝယ်ယူထားသော ကျွန်တွေကတော့ တိုင်းပြည်လေးခုလုံးမှာ တရားဝင်ပါသည်။
တိုင်းပြည်လေးခုအတွင်းမှ သူကောင်းမျိုးတွေနဲ့လူကုံထံတွေဟာ အလုပ်သမားအဖြစ်သုံးဖို့ သို့မဟုတ် သူတို့၏ စိတ်ဆန္ဒဖြေလျော့ဖို့အတွက် စသည်ဖြင့်အကြောင်းမျိုးစုံအတွက် ကျွန်တွေကိုဝယ်ယူကြပါသည်။
ကျွန်တွေကို ရိုက်နှက်တာမျိုး သတ်ဖြတ်တာမျိုးအထိ ကျွန်ပိုင်ရှင်အနေဖြင့် ပြုလုပ်ခွင့်ရှိပါသည်။
“ခြေရာပျောက်ဒေသက ကျွန်တွေကို ညွှန်ချင်တာလား”လို့ ရှန်ယန်ရှောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
လူ့အခွင့်အရေးချိုးဖောက်သော ဒီလိုဖိနှိပ်မှုမျိုးကို ရှန်ယန်ရှောင်သဘောမကျပါဘူး။သူမက လူ့အခွင့်အရေးနှင့် ကျားမတန်းတူအခွင့်အရေးရှိသော ခေတ်သစ်ကမ္ဘာကလာတာဖြစ်လို့ ဒီကမ္ဘာရှိ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သဘောမကျတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
“အင်း”လို့ တူလန်းခေါင်းညိတ်ကာပြောသည်။
“အဲ့ဒီမှာ ကျွန်တွေအများကြီးရှိတယ်လေ။ငွေလုံလုံလောက်လောက်ရှိရင် လိုသလောက် ဝယ်လို့ရတာပဲ။ အဲ့ဒီကျွန်တွေက ကောင်းကောင်းလေ့ကျင့်ပေးထားပြီးဖြစ်လို့ ပိုင်ရှင်ဖြစ်သူကို ပုန်ကန်တာမျိုးက ဖြစ်တောင့်ဖြစ်ခဲပဲ။စွန့်ပစ်နယ်မြေထဲမှာ သူတို့တွေအလုပ်လုပ်ရရင်လည်း ဘာမှ အတွန့်တက်နေကြမှာလည်း မဟုတ်ကြဘူးလေ”
ရှန်ယန်ရှောင်က ဘာမှမပြောဘဲ နားထောင်နေပေမယ့် မျက်မှောင်ကြုတ်ထားတာကတော့ ပြေလျော့မသွားခဲ့ပါဘူး။
“ဒီလိုကိစ္စမျိုးကို မင်းသဘောတူချင်မှတူလိမ့်မယ် ဒါပေမယ့်လည်း အခုကြုံနေရတဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် ဒီနည်းလမ်းပဲရှိတယ်”လို့ ရှန်ယန်ရှောင်သဘောမတွေ့ဖြစ်နေတာကို မြင်နေရတဲ့ တူလန်းကပြောလိုက်သည်။
ခဏတာစဉ်းစားလိုက်ပြီးနောက် ရှန်ယန်ရှောင် မတ်တပ်ထရပ်လိုက်သည်။
“ခြေရာပျောက်ဒေသကို ကျနော်သွားမယ်။အစ်ကိုကြီးတူက အဖွဲ့သားတွေထဲကနေ လူနည်းနည်းလောက် ရွေးထုတ်ပြီးကျနော်နဲ့အဖော်အဖြစ်ထည့်ပေးလိုက်ပါ ကျနော် ကျွန်နည်းနည်းလောက်သွားဝယ်မယ်”လို့ ပြောလိုက်သော ရှန်ယန်ရှောင်တစ်ယောက် ကျွန်ဆိုသောစကားလုံးသုံးရတာကို ကသိကအောက်ဖြစ်နေမိပါသည်။
ပြောရမယ်ဆိုရင်ဖြင့် လက်စောင်းထက်သော စောရလေးရဲ့ အတွင်းစိတ်နက်နက်ရှိုင်းရှိုင်းတစ်နေရာမှာ ဖြောင့်မတ်မှန်ကန်သော သူတော်ကောင်းစိတ်လေး ရှိနေပါသည်။လောကြကြီးထဲမှာ သူမလုပ်နိုင်သော ကိစ္စတွေရှိသလို တစ်ချို့အရာတွေကိုတော့ သူမအနေနဲ့ လက်သင့်ခံလို့ကို မရပါဘူး။
ရှန်ယန်ရှောင်အဖြေစကားကြားလိုက်ရတဲ့ တူလန်းအဖို့လည်း စိတ်ပေါ့ပါးစေတဲ့ သက်မတစ်ချက် ချလိုက်မိသွားပါသည်။မြို့တော်ကို အချိန်အတန်ကြာသည်အထိ ပြန်မတည်ဆောက်နိုင်သေးရင် ဒီလိုအပျက်အစီးတောထဲမှာပဲ ဆက်လက်နေထိုင်နေကြရဉီးမှာဖြစ်ပါသည်။ကျန်လူတွေအနေနဲ့ ထုတ်မပြောကြပေမယ့် သူတို့နေထိုင်နေကြတဲ့ အဆောက်အဉီရဲ့ ခေါင်မိုးက အချိန်မရွေးပြုတ်ကျ လာနိုင်တာကြောင့် အမြဲလိုလို သတိထားနေကြရပါတယ်။
နတ်ဆိုးရဲ့လက်ချက်နဲ့ မသေကြရဘဲ အိပ်နေတုန်းအိမ်ပြိုကျလို့ သေကုန်ကြရပါလိမ့်မယ် ဒီလိုဆိုရင် တော်တော်လေးကြေကွဲဖို့ကောင်းသွားမှာပါ။သူတို့အဖွဲ့သားတွေ တော်တော်လေး ဆွေးနွေးတိုင်ပင် လိုက်ကြသည်။တူလန်းက ဝံပုလွေခြောက်ကောင်လုံးကို သူမနှင့်အတူထည့်လိုက်မှာဖြစ်ပြီး လန်ဖန်းလီ ဖူတူ ဇာမဏီနှင့် ဖီးနစ်လေးတို့လည်း လိုက်ကြမှာဖြစ်သည်။
အခန်း(၅၃၆)

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now