၅၉၂

2.3K 377 3
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၉၂)

ရှန်ယန်ရှောင်ပုံစံဟာ ရုတ်တရက်ကြီး စိတ်လက်ပေါ့ပါးသွားတဲ့ပုံ ဖြစ်နေပါသည်။သူမက နည်းနည်းလေး လန့်နေပုံရသော ဖေးယွမ်ကို ကြည့်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်သည်။
“မင်းတိုင်ပင်ကြီးကလည်း အဆင့်မြင့်နတ်ဆိုးတွေကို ကျွန်မ ချန်ထားရဲကြောင်းကို သိထားတာပဲ ဘာဖြစ်လို့ တစ်ခြားနတ်ဆိုးတွေကိုရော ဖွတ်မထားနိုင်ရမှာလဲ မဟုတ်ဘူးလား”
“မင်း”
ဖေးယွမ်ရင်ထဲမှာ မကောင်းတော့ဘူးဟု အော်လိုက်မိသည်။ရှန်ယန်ရှောင်ရဲ့ အပြုအမူတို့က နဂိုကနဲ့ တော်တော်လေးကွာနေပါသည်။အခုမတိုင်မီက ဒီကောင်မလေးဟာ ငြိမ်းချမ်းဖို့အတွက် အကြိမ်ကြိမ်သည်းခံနေခဲ့ပြီး အခုအခါမှာတော့ သူမမျက်နှာဟာ ထီမထင်ဟန်ဖြစ်နေပြီး နတ်ဆိုး တို့နှင့် ပတ်သက်နေတဲ့အကြောင်းကိုပါ ဝန်ခံနေပါသည်။
တစ်ကယ်ကတော့ ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းသူတစ်ယောက်ဟု ယူဆထားခဲ့သော ဖေးယွမ်က သူ့ကိုယ်သူနှင့် အဖွဲ့တို့အပေါ်မှာ ဘေးဆိုးကြီး ယူဆောင်လာခဲ့မိတာပဲ ဖြစ်ပါတော့သည်။
သူမပြောသင့်သည့် အချက်ပေါင်း မြောက်များစွာရှိသည့်ထဲကမှ နတ်ဆိုးအကြောင်းကို အစဖော် လိုက်မိခဲ့တာဖြစ်လေသည်။
ရှန်ယန်ရှောင်ဟာ သည်းခံမှုကို နောက်ဆုံးအားကိုးအားထားရာအဖြစ် အသုံးပြုနေခဲ့ရပြီး ဖေးယွမ် ကတော့ နတ်ဆိုးအကြောင်းကို ဖွင့်ပြောလိုက်တာဖြစ်သည်။ဒီတော့ ရှန်ယန်ရှောင်နဲ့ နတ်ဆိုးတွေ ရဲ့ ပတ်သက်မှုအကြောင်းက ဧကရာဇ်နားထံ ပေါက်ရောက်သွားတော့မှာ သေချာသွားခဲ့ပြီး ရှန်ယန်ရှောင်တစ်ယောက် တက်သစ်နေမြို့တော်ကို တည်ဆောင်နိုင်သည်ဖြစ်စေ မတည် ဆောက်နိုင်သည်ဖြစ်စေ နတ်ဆိုးတွေနဲ့ ပတ်သက်တဲ့ အကြောင်းကို သူမရဲ့ အပြစ်အဖြစ် ပြောဆို အကြောင်းပြ၍ အရေးယူပါလိမ့်မည်။
ထိုအခါတွင် တက်သစ်နေမြို့တော်အား သူမပိုင်ဆိုင်မှာ မဟုတ်တော့သလို သူမကိုယ်တိုင်လည်း အပြစ်ပေးခံရဦးမှာ ဖြစ်ပါသည်။ဒီတော့ ရှန်ယန်ရှောင်အနေဖြင့် ဒီအဖြစ်ဆိုးကြီးကို အဖြစ်မခံနိုင်ပါလေ။
ဆက်ဖုံးကွယ်ထားလို့ မရမှတော့ သူမလည်း ပြောင်ပြောင်တင်းတင်းနဲ့ ချပြလိုက်တာပဲ ကောင်းပါသည်။အနည်းဆုံးတော့ သူမလည်း ဆက်သည်းခံနေစရာမလိုတော့ဘူးလေ အခု သူမ အလုပ်သင့်ဆုံးကိစ္စကတော့ အထူးတမန်တော်အဖွဲ့ကို တက်သစ်နေမြို့တော်အတွင်းမှာပဲ နေခိုင်းထားဖို့ဖြစ်ပါသည်။
“မင်းတိုင်ပင်ကြီးဖေးယွမ်ရဲ့ အစွမ်းကိုတော့ ကျွန်မ တစ်ကယ်ပဲ အံ့ဩမိပါတယ်။ကျွန်မက နည်းနည်းလောက် သည်းခံနေလိုက်ရင် ဒီအတိုင်းပဲ ပြီးသွားမယ်လို့ တွေးထားခဲ့မိတာ ဒါပေမဲ့ မင်းတိုင်ပင်ကြီးက ဒီအကြောင်းကို ဖော်ထုတ်နိုင်လိမ့်မယ်လို့ တစ်ကယ်ကို မထင်ထားခဲ့မိခဲ့ဘူး။ ဘာပဲဖြစ်ဖြစ်လေ ဒီလိုဖြစ်သွားမှတော့ ကျွန်မလည်း ဆက်ဖုံးထားဖို့ မလိုတော့ဘူးပေါ့”ဟု လက်နှစ်ဖက်ကိုဖြန့်ကာ ရှန်ယန်ရှောင်‌ပြောလိုက်သည်။သူမက ဖေးယွမ်နောက်မှာ ပုန်းနေသော လီချီကို ပြုံး၍ကြည့်ပြီး ဆက်ပြောပြန်ပါသည်။
“စိတ်မကောင်းစရာတစ်ခုကတော့ ဒီမှာရှိတဲ့ နတ်ဆိုးတွေကို သုတ်သင်ဖို့အတွက် မင်းတိုင်ပင်ကြီး ကို ကျွန်မ မကူညီနိုင်ပါဘူး။ဘာလို့လဲဆိုရင် တက်သစ်နေမြို့တော်ထဲက နတ်ဆိုးအားလုံးက ကျွန်မရဲ့ မြို့သူမြို့သားတွေဖြစ်ပါတယ်”လို့ ရှန်ယန်ရှောင်က ဝံ့ကြွားကြွားဖြင့် ခေါင်းကိုမော့ပြီး ရယ်မောပြောဆိုလိုက်ရာ ရယ်သံလွင်လွင်ထွက်ပေါ်သွားပါသည်။
“မင်းရဲ့မြို့သူမြို့သားတွေဟုတ်လား မင်းက နတ်ဆိုးတွေကို မြို့သူမြို့သားတွေလို့ သတ်မှတ်နေ တာလား မင်း စိတ်မှကောင်းသေးရဲ့လား ဒီနတ်ဆိုးတွေက လူတွေကို စားသောက်တာကို မင်း မသိဘူးလား မင်းက တစ်ကယ့်ကို ရူးနေတာပဲဟ မဟုတ်ဘူး အဲ့ဒါမဟုတ်ဘူး မင်းက နတ်ဆိုးတစ် ကောင်ပဲ ဟုတ်တယ်မလား မင်းက လူ့အသွင်ယူထားတဲ့ နတ်ဆိုးပဲဖြစ်ရမယ်”လို့ လီချီက ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ရှန်ယန်ရှောင် သူ့ကိုကြည့်နေပုံက ယုန်တစ် ကောင်ကို မြွေဆိုးတစ်ကောင်က ကြည့်နေပုံမျိုးဖြစ်သည်လို့ သူခံစားမိနေရသည်။
“နတ်ဆိုးတဲ့လား မဟုတ်ဘူး ကျွန်မကို နတ်ဆိုးရှင်လို့ပဲ ခေါ်စေချင်တယ်”ဟု ရှန်ယန်ရှောင်က လီချီ၏ ဖြူရော်ရော်မျက်နှာကို ကြည့်၍ ပြုံးကာပြောလိုက်သည်။ (မြင်းဖြူရှင် ဆင်ဖြူရှင်ကဲ့သို့)

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now