၅၇၁

2.1K 341 1
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၇၁)

မြို့တော်သခင်ဆီကို လူကိုယ်တိုင် လာလည်မယ်…
ရှန်ယန်ရှောင်ရဲ့ ကြေညာချက်ကို နားထောင်နေကြသူအားလုံး တုန်သွားကြပါတယ်။ဒီစကားလုံး တွေက ယဉ်ကျေးသိမ်မွေ့လှသော်လည်း သူမရဲ့လေသံနဲ့ အရှိန်အဝါတိုကြောင့် ခြိမ်းခြောက်တဲ့ ပုံစံသက်ရောက်နေပါတယ်။
တစ်ဖက်သားကို မျက်နှာပေါ်နင်းကာ အခုလိုအမိန့်ပေးလိုက်တာကြောင့် မှော်ဆန်းကြယ်မြို့ရဲ့ နာမည်ပျက်သွားပြီလို့ ပြောနိုင်ပါတယ်။
သို့သော်လည်း မည်သူကမျှ ခွန်းတုံ့မပြန်ရဲခဲ့ကြပါဘူး။တုံ့ပြန်ပြောတာက သေတာနဲ့မထူးဘူးလေ။
ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ရှေ့မှာ သူတို့မြို့ရဲ့ အတော်ဆုံးအစွမ်းဆုံးသူတွေတောင် အမှိုက်ပဲ ဖြစ်သွားမှာပါ။
ရှန်ယန်ရှောင်က တိတ်ဆိတ်နေတဲ့ မှော်ဆန်းကြယ်မြို့ကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းထက်မှာ ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြစ်တည်သွားကာ ဇာမဏီ့အား တစ်ဖက်သို့ပြန်လှည့်ရန် ပြောလိုက်ပါတယ်။
“ပြန်ကြမယ်”
အမိန့်သံတစ်ခွန်းနဲ့ပဲ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်လုံး မှော်ဆန်းကြယ်မြို့ကနေပြီး အစီအစဉ်တကျ ဖြင့် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါတော့သည်။
အရှိန်အဝါကြီးလှသော ဒဏ္ဍာရီသတ္တဝါတွေ လူတွေ၏မြင်ကွင်းကနေ ပျောက်ကွယ်သွားပါပြီ။ ရှန်ယန်ရှောင်တို့ မျက်စိအောက်က ပျောက်သွားတော့မှသာ မှော်ဆန်းကြယ်မြို့ကလူတွေ ခြေလှမ်းကိုအနိုင်နိုင်လှမ်းရဲကြပါတော့တယ်။
အစောင့်တပ်သားတွေနဲ့အတူလာတဲ့ ကန်းတီအနေနဲ့ အရောက်နောက်ကျပါတယ်။မြို့တံခါးနား မှာ စုရုံးနေကြတဲ့ မြို့သားတွေကိုကြည့်ပြီး သူ့မျက်နှာ မှုန်ကုပ်ကုပ်ဖြစ်သွားသည်။
“ဘာဖြစ်နေကြတာလဲ”လို့ ကန်းတီအော်လိုက်သည်။
မြို့တံခါးတွေကို စောင့်ကြပ်ဖို့ တာဝန်ကျတဲ့ တပ်သားတွေက မြို့ရိုးပေါ်ကနေ သူ့ဆီကို အမောတကော ပြေးလာခဲ့ပါတယ်။
“မြို့တော်သခင်ကို သတင်းပို့ပါတယ် အခုလေးတင်…မိန်းကလေးငယ်တစ်ယောက်က…သူက ဒဏ္ဍာရီသတ္တဝါရှစ်ကောင်နဲ့အတူ မြို့အဝင်မှာ ရပ်နေခဲ့တာပါ…”
“ဒဏ္ဍာရီသတ္တဝါ ရှစ်ကောင်ဟုတ်လား မင်းမမှားတာ သေချာသလား”လို့ ကန်းတီက အစောင့်ဖြစ်သူကို မယုံနိုင်စွာကြည့်လိုက်ပါတယ်။
ဒီကောင်က ငါ့များ လာနောက်နေတာလား…
ဘယ်မိန်းကလေးက ဒီလောက်စွမ်းလို့ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ကို ခေါ်လာနိုင်မှာမို့လဲ။
“ကျွန်တော်မျိုးသေချာပါတယ်အရှင် ဒီနေရာမှာရှိသူအားလုံး ဒီကိစ္စကို သိကြပါတယ်”
ကန်းတီ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။အဆိုပါပုဂ္ဂိုလ်က ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ကို ခေါ်ထုတ်နိုင်လို့ ဘယ်လောက်တောင်စွမ်းလဲဆိုတာကို သူ ခန့်မှန်းလို့တောင်မရပါ။ လင်းလက်တိုက်ရဲ့ တိုင်းပြည်တိုင်းမှာရှိတဲ့ ဒဏ္ဍာရီသတ္တဝါတွေက ဂဏန်းတစ်လုံးစာသာ ရှိကြတာပါ။ရှစ်ကောင်ဆိုတာက တစ်တိုင်းပြည်လုံးမှာရှိသမျှ အကောင်အရေအတွက်နီးပါး ဖြစ်ပါတယ်။
“ကောင်မလေးနဲ့ဒဏ္ဍာရီသတ္တဝါတွေ ဘာဖြစ်သွားကြတာလဲ”
ကန်းတီ အသက်ရှူဖို့တောင်ခက်သွားရပါတယ်။တစ်ဖက်သားက ဘယ်သူဘယ်ဝါဖြစ်ပါစေ အခုလို ဒဏ္ဍာရီသတ္တဝါတပ်မကြီးနဲ့ဆိုမှတော့ စော်ကားပစ်မှားမိလို့ မဖြစ်ပါဘူး။
“သွ…သွားကြပြီ”
“ထွက်သွားပြီ ဟုတ်လား”
ကန်းတီဟာ လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်သော်လည်း ကောင်မလေးရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကိုတော့ သူလည်း ခန့်မှန်းလို့မရဘူးဖြစ်နေပါတယ်။
“သူ…သူက သခင်ကြီးအတွက် အမှာစကား ချန်ထားခဲ့ပါတယ်”လို့ အစောင့်ဖြစ်သူက ထိတ်လန့်စွာဖြင့် ပြောလိုက်ပါတယ်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now