၅၂၁

2.9K 422 7
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၅၂၁)

သူတို့အားလုံး ရှန်ယန်ရှောင်၏ ကျောပြင်လေးကိုကြည့်ကာ စိုးရိမ်နေကြပါသည်။သူမ ဘာအသံမှ မပေးတာကြောင့် စိတ်ရှုပ်ထွေးခေါင်းကိုက်နေတာဖြစ်မယ်လို့ အားလုံးက တွေးထင်ထားကြသည်။

ကံမကောင်းစွာနဲ့ပဲ သူတို့အားလုံး ယူဆချက်မှားယွင်းနေကြပါသည်။

တစ်ကယ်လို့သာ သူတို့ထဲက တစ်ယောက်ယောက်ကနေပြီး ရှေ့ကိုတက်ကာ ရှန်ယန်ရှောင်မျက်နှာကို ကြည့်လိုက်မယ်ဆိုရင် မျက်လုံးတွေပြူးကာ ထတောင်ခုန်မိကြပါလိမ့်မယ်။

မြို့ပျက်ကြီးအားကြည့်နေသော ရှန်ယန်ရှောင်မျက်နှာဟာ ဖုံးဖိမရနိုင်သော ဝမ်းသာမှုတွေ ကျေနပ်မှုတွေသာ ပြည့်လျှံနေပါသည်။

အဆင့်မြင့်နတ်ဆိုးတစ်ရာကျော်တယ်တဲ့ဟေ့…

ဒီတစ်ခါက တစ်ကယ့်ကို ထီပေါက်တာပဲဟ…

သူများတွေသာ နတ်ဆိုးကို ကြောက်လန့်နေကြတာဖြစ်ပြီး ရှန်ယန်ရှောင်ကတော့ နတ်ဆိုးတွေအား အရမ်းကြိုက်ပါသည်။

သူမရဲ့ တစ်ကယ့်ရည်ရွယ်ချက်က ဒီနတ်ဆိုးဆိုသူတွေကို သူမလက်အောက်ထည့်ထားဖို့ပဲဖြစ်ပါသည်။အဆင့် မြင့်နတ်ဆိုးဆိုတာက သူမအတွက်တော့ ရှားပါးလှသော ပန်ဒါကြီးတစ်ကောင်အလားပင်ဖြစ်နေပါသည်။

တစ်ရာကျော်မဆိုထားနှင့် နောက်မှာသုညတစ်လုံးထပ်တိုးပေးရင်တောင် သူမကတော့ ကျေကျေနပ်နပ်ကြီး ကို လက်ခံလိုက်ဉီးမှာဖြစ်ပါတယ်။

များနေမှာကို မကြောက်ပါဘူး အရမ်းနည်းနေမှာကိုသာ သူမစိတ်ပူနေတာဖြစ်သည်။

ရင်ထဲကအပျော်လုံးကြီးအား ဖိနှိပ်လိုက်ပြီးနောက် တည်ငြိမ်အောင်မနည်းလုပ်လိုက်ကာ နောက်ကိုလှည့်၍ သူမ၏ ရဲဘော်တွေအား မျက်နှာချင်းဆိုင်လိုက်ပါတော့သည်။

သူမအနေဖြင့် တည်ငြိမ်နေမှဖြစ်မှာပါ ပျော်မြူးနေတာကို သူတို့တွေ တွေ့သွားလို့မဖြစ်ပါဘူး။နတ်ဆိုးတွေ ဖမ်းမယ့်အစီအစဉ်ကို သူတို့တွေမသိကြဘူးလေ သူမအနေဖြင့် သူတို့တွေကို ခြောက်လှန့်လို့ မဖြစ်ပါဘူး။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now