၅၃၇

2.6K 400 22
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၃၇)

ဖီးနစ်ဖိုနှင့်ဖီးနစ်မတို့က မြို့တော်မှာပဲနေရစ်ခဲ့ပြီးတော့ ပြဿနာရှာချင်တဲ့လူတွေကို တားဆီးပေးပါလိမ့်မယ်။
ရှန်ယန်ရှောင်တို့အုပ်စုက လှည်း၃၂စီးသာယူခဲ့ကြပါတယ်။အခြေအနေကို ရှင်းပြလိုက်ပြီးနောက် ရှန်ယန်ရှောင်လည်း အဖွဲ့ကိုခေါ်ဆောင်ကာ တက်သစ်နေမြို့တော်ကနေ ထွက်ခွာလိုက်ပါတော့သည်။
လမ်းတစ်လျှောက်လုံး ဖူတူ၏အရှိန်အဝါကြောင့် ဘာအခက်အခဲမှမတွေ့ရဘဲ ချောချောမောမောရှိခဲ့ပါတယ်။
နယ်စပ်ဒေသရှိ နယ်ခြားစောင့်တပ်အရာရှိတို့၏ ဘယ်ကိုသွားပြီးဘာလုပ်မှာလဲစသည့် မေးခွန်းအချို့ကို ဖြေဆိုရတာကလွဲရင် ဘာနှောင့်နှေးမှုမှမရှိဘဲ သူမတို့အုပ်စု စွန့်ပစ်နယ်မြေ၏ နယ်စပ်တစ်လျှောက် ဆက်လက်ခရီးနှင်ခဲ့ကြပါသည်။
စွန့်ပစ်နယ်မြေအတွင်းခရီးနှင်ရတာက အပြင်လောကမှာထက် ပိုစိတ်ချလုံခြုံနေတဲ့အတွက် သူတို့တွေ သွေးအန်ချင်စိတ်ဖြစ်မိကြပါသေးတယ်။
ခြေရာပျောက်ဒေသဟာ လင်းလက်တိုက်ပေါ်မှာတော့ အကြီးမားဆုံး ကုန်သွယ်ရာဌာနလို့ ပြောနိုင်ပါသည်။
ထိုနေရာမှာ သင်ဝယ်ချင်သောအရာမှန်သမျှ ဝယ်ယူလို့ရပါသည် တစ်ခုရှိတာကတော့ ဝယ်ချင်တဲ့အရာက ဒီလောကမှာရှိနေဖို့ပါပဲ။အဖိုးတန်ပြီးရှားပါးသော ရတနာပစ္စည်းအမျိုးမျိုးကစလို့ အမျိုးမျိုးသော မှော်သားရဲတွေ စသည့်အရာတွေအားလုံးကို ထိုနေရာမှာတွေ့နိုင်ပါသည်။
သို့သော် ခြေရာပျောက်ဒေသမှာ စည်းမျဉ်းတစ်ခုတော့ရှိပြီး သင်ဘာကိုပဲဝယ်သည်ဖြစ်ပါစေ ဝယ်ယူသည့်အရာ၏ နောက်ခံဇစ်မြစ်ကိုတော့ မမေးရပါဘူး။
ဆယ်ရက်ကြာမြင့်ပြီးနောက် ရှန်ယန်ရှောင်တို့ ခြေရာပျောက်ဒေသကို ရောက်ရှိသွားပါတယ်။
ရှန်ယန်ရှောင်က လွင်ပြင်ကြီးမှာရပ်ကာ လျှိုမြောင်ကြီးအား လှမ်းကြည့်နေပါသည်။သူမတို့သွားမယ့်နေရာက တစ်ကယ့်ကို အံ့အားသင့်ဖို့ကောင်းပါသည်။
ခရီးဆက်နှင်လိုက်တော့ ချို့ဝှမ်းတွေအတွင်းမှာ ဆောက်ထားကြသော အိမ်တွေကိုမြင်ခဲ့ရပါတယ်။မြေပြင်က ညစ်ထေးညစ်ပေနေပြီး စုတ်တီးစုတ်ပြတ်ရှိလှသော အိမ်တွေကိုလည်း နေရာအနှံ့တွေ့မြင်ရသည်။ ကျူးကျော်ရပ်ကွက်တစ်ခုနှင့်တောင် တူလှပါသည်။
လျှိုမြောင်တစ်ခုလုံးက ပူပြင်းခြောက်သွေ့ပြီး စူးရှသောအနံ့က လူတွေကို မခံသာအောင်ဖြစ်နေစေပါသည်။
ဒီလိုရှုပ်ထွေးပွေလှီလှသောနေရာမှာ တောက်တောက်ပြောင်ပြောင်ဝတ်စားထားသော သူကောင်းမျိုးတွေ သူဌေးသူကြွယ်လူတန်းစားတွေ သွားလာနေတာကို တွေ့မြင်ရမှာဖြစ်ပြီး လူအများအပြားလည်း သူတို့နောက်တွင် လိုက်ပါလာတာကိုတွေ့နိုင်သည်။သူတို့မှာ ရီဝေသောမျက်လုံးများရှိကြကာ လက်တွေခြေတွေမှာတော့ သံကြိုးတွေနှင့်ခတ်ထားတာဖြစ်ပြီး ကျွန်တွေဖြစ်ကြပါသည်။ဒီကျွန်တွေဟာ သူတို့ပိုင်ရှင်တွေနောက်ကနေပြီး တိရိစ္ဆာန်များကဲ့သို့ လိုက်ပါနေကြတာလည်းဖြစ်ပါသည်။
“ငယ်ရွယ်သန်မာတဲ့ ကျွန်တွေနဲ့ အရွယ်ရောက်ပြီး ကြံ့ခိုင်တဲ့ ကျွန်တွေကို ဝင်ကြည့်နိုင်ပါတယ်”
“ဒီမှာ ကျွန်မိန်းမပျိုလေးတွေရရှိ…”
လင်းလက်တိုက်တစ်တိုက်လုံးတွင် ဥပဒေအရ ဒီနေရာမှာသာ ကျွန်ဈေးကွက်ရှိတာဖြစ်လို့ ကျွန်ကုန်သည်အများအပြားကို တွေ့နိုင်ပါတယ်။သစ်သားစင်မြင့်တွေပေါ်တွင် ဒူးထောက်နေကြသော ကျွန်တွေကိုတွေ့ရပြီး သူတို့၏ လက်တွေခြေတွေနှင့် လည်ပင်းမှာ ထူထဲသောသံကြိုးတို့ တုပ်နှောင်ထားပါတယ်။ဆံပင်တွေက ပွေလီရှုပ်ထွေးနေပြီး အစုတ်စုတ် အပြတ်ပြတ်ဖြစ်နေသော အဝတ်တို့သာရှိကြပြီး သူတို့၏နောက်ဆုံးသော အရှက်တရားကို ဖုံးကွယ်ပေးထားတာဖြစ်သည်။ တစ်ကိုယ်လုံးမှာလည်း ခေါင်းအစခြေအဆုံး ညစ်ထေးပေရေနေကြသည်။
ကျွန်ကုန်သည်တစ်ဉီးက ကျာပွတ်တစ်ချောင်းကို ဝှေ့ယမ်းနေတာကိုတွေ့ရပြီး ထိုသူက ကျွန်တွေအား ထိခိုက်မိမှာကို ဂရုစိုက်ဟန်မရှိပါ။
“ဒီနေရာက တစ်ကယ့်ကို စိတ်ညစ်စရာကောင်းတာပဲ”လို့ နတ်ဆရာတစ်ယောက်ဖြစ်သော ပျော့ပြောင်းဝံပုလွေက ကျွန်ဈေးကွက်၏ ရက်စက်မှုကို မခံစားနိုင်စွာပြောလိုက်သည်။
“လင်းလက်တိုက်မှာ ဒီလိုနေရာမျိုးကို ခွင့်ပြုထားရအောင် အဲ့လူတွေက ဘယ်လိုတွေများ တွေးခေါ်နေကြတာလဲမသိပါဘူးကွာ”လို့ မီးဝံပုလွေလည်း မိန်းကလေးငယ်တစ်ယောက်ကို ကျာပွတ်ဖြင့် ရိုက်နှက်နေတာကို ဆက်လက်မကြည့်ရက်တော့တာကြောင့် မျက်နှာလွှဲပြီးပြောလိုက်သည်။
ဝံပုလွေခြောက်ယောက်လုံး သူတို့ရှေ့ကနေသွားနေသော ရှန်ယန်ရှောင်ကိုကြည့်လိုက်ကြသည်။ ခြေရာပျောက်ဒေသကိုခြေချမိကတည်းက ရှန်ယန်ရှောင်အနေဖြင့် စကားတစ်ခွန်းမျှမပြောသေးပေ။
သူတို့အဖွဲ့ထဲမှာ ဒီအဖြစ်ကို မခံမရပ်နိုင်အဖြစ်ဆုံးက ရှန်ယန်ရှောင်ဆိုတာကိုတော့ သူတို့တွေ မသိကြပါဘူး။
ရှန်ယန်ရှောင်ရဲ့ မျက်လုံးတွေ အခုလောက် မအေးစက်ဖူးပါဘူး။မရောင်းထွက်သေးတဲ့ကျွန်တွေနဲ့ ရောင်းထွက်သွားတဲ့ကျွန်တွေကို သူမကြည့်ခဲ့ရပါသည်။ဉီးနှောက်ဆေးခံထားရတာကြောင့် ဝယ်သူကျေနပ်စေဖို့ မြေပေါ်တွင်ဝပ်ကာတောင်းပန်တိုးလျှိုးနေကြသော တုန်ရီနေကြတဲ့ ကျွန်တွေကို သူမ ကြည့်လိုက်သည်။သူတို့အားလုံးက တိရစ္ဆာန်များလို ရောင်းဝယ်ကြသလို သွားတွေဖြဲပြရ ကြွက်သားတွေထုတ်ပြလုပ်ပြနေကြရပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now