၅၇၉

1.9K 303 1
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၇၉)

လူလတ်ပိုင်းဖြစ်သူဟာ လီချီလို့ခေါ်တဲ့ လောင်းရွှမ်ဧကရာဇ်မှ စွန့်ပစ်နယ်မြေကို စေလွှတ်လိုက်တဲ့ အထူးတမန်တော်ဖြစ်သည်။လူသူခေါင်းပါးပြီး နတ်ဆိုးတွေသာရှိတဲ့ ဒီနေရာကို သူ သွားရမယ်ဆို တာ သိခဲ့ရချိန်မှာ ငိုလုမတတ်ဖြစ်ခဲ့ပါသေးသည်။
နောက်ဆုံး သူမမျှော်လင့်ထားခဲ့တာက လက်ရှိဧကရာဇ်ရဲ့ တစ်ဦးတည်းသော သားတော်ဖြစ်တဲ့ လောင်ယုမင်းသားကလည်း သူ့အဖွဲ့နှင့်အတူ လိုက်ခဲ့မယ်လို့ ပြောခဲ့တဲ့ကိစ္စဖြစ်သည်။ဧကရာဇ်က မည်သို့ပင်ပြောပြော သဘောတူခြင်းမရှိခဲ့သော်လည်း နောက်မှာတော့ ခေါင်းမာလှသော သားတော် လောင်ယုကြောင့် မင်းတိုင်ပင်ဖြစ်တဲ့ ဖေးယွမ်ကိုပါ လောင်ယုနှင့်အတူ စွန့်ပစ်နယ်မြေကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။
လောင်းရွှမ်ပြည်မှာ ဒဏ္ဍာရီသတ္တဝါတွေ ပိုင်ဆိုင်သူတွေဟာ အရေးပါတဲ့သူတွေဖြစ်သည်။ မျိုးနွယ်ကြီးငါးစုနဲ့ ဖေးယွမ်တို့က ထိုသူတွေထဲမှာ အပါအဝင်ဖြစ်သည်။ဒါကြောင့်လည်း မင်းသားရဲ့ လုံခြုံရေးအတွက် ဧကရာဇ်က ဖေးယွမ်ကို အတူစေလွှတ်လိုက်ပါစေခြင်းလည်း ဖြစ်ပါသည်။
“မင်းတိုင်ပင်ကြီးက အရမ်းစွမ်းတာတော့ ပြောနေဖို့မလိုပါဘူးလေ။ရှန်ယန်ရှောင်ဆိုတဲ့ အဲ့ကောင် မလေးက ကောင်းလား ဆိုးလားတော့ မပြောနိုင်ပေမယ့် စွန့်ပစ်နယ်မြေထဲမှာ သူမက တစ်ကယ် မြို့တည်နိုင်ပါ့မလား”ဟု အသက်ဆယ့်ငါးနှစ်သာ ရှိသေးတဲ့ လောင်ယုမင်းသားက ပြောလိုက် သည်။
ဆယ့်ငါးနှစ်အရွယ်ဆိုတာ သိလိုစိတ်အပြင်းပြဆုံး အရွယ်လည်းဖြစ်ပြီး ဆယ့်သုံးနှစ်အရွယ် ကောင်မလေးတစ်ယောက်က စွန့်ပစ်နယ်မြေထဲမှာ မြို့သွားတည်မယ်ဆိုတာကို သိလိုက်ရချိန်မှာ အရမ်းအံ့အားသင့်သွားခဲ့ရသည်။
“ရှန်ယန်ရှောင်က ဇာမဏီမျိုးနွယ်ဝင်တစ်ယောက်ပါ။ဒီနှစ်ကျောင်းပေါင်းစုံပြိုင်ပွဲကိုလည်း ကျွန်တော်မျိုးတို့ မရောက်ခဲ့တော့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတဲ့အပေါ်မှာ သိပ်ပြီးတော့ ရှင်းရှင်း လင်းလင်း မသိရပါဘူး”လို့ လီချီက ပြုံးရင်းပြောလိုက်ခြင်းဖြစ်ကာ သူ့စကားတွေက အဓိပ္ပါယ် ကောက်ယူလို့ရနေပါသည်။
“အိုး ဇာမဏီမျိုးနွယ်က တစ်ခြားပြိုင်ပွဲဝင်တွေကို လာဘ်ထိုးထားတာများ ဖြစ်နိုင်လား”လို့ လီချီရဲ့ လေသံထဲမှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး သံသယဝင်နေတာကို သိလိုက်သော လောင်ယုမင်းသားက ပြောလိုက်သည်။
“ကျွန်တော်မျိုး အဲ့လိုမဆိုလိုပါဘူး”ဟု လီချီက ပြန်ပြောလိုက်သော်လည်း သူ့အမူအရာနဲ့ လေသံတို့က လောင်ယုရဲ့ တွေးမြင်မှုကို ထောက်ခံနေကြောင်း ပြသနေပါသည်။
နှစ်စဉ်ကျင်းပနေမြဲဖြစ်သော ကျောင်းပေါင်းစုံပြိုင်ပွဲကြီးမှာ ကျောင်းတိုင်းကျောင်းတိုင်းက လက်ရွေးစင်တွေသာ ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်သည်။အသက်ဆယ့်သုံးနှစ်အရွယ် ရှန်ယန်ရှောင်က တစ်ပြည်လုံးမှာရှိတဲ့ လက်ရွေးစင်ကျောင်းသားတွေကို တစ်ကယ်ပဲ လွယ်ကူစွာနဲ့ ယှဉ်ပြိုင်နိုင်ပါ့မလား။နေပြည်တော်ကလူတွေကတော့ ရှန်ယန်ရှောင်တစ်ယောက် ကိုယ်စွမ်းကိုယ်စနဲ့ အနိုင်ယူခဲ့တာလို့ မယုံကြပါဘူး။ဒီကိစ္စတစ်ခုလုံးကို ဇာမဏီမျိုးနွယ်ခေါင်း ဆောင်ဖြစ်တဲ့ ရှန်ဖန်ရဲ့ လုပ်ရပ်ဆိုပြီးတော့ အားလုံးက လှောင်ပြောင်ရယ်ပွဲဖွဲ့ခဲ့ကြပါသည်။ဇာမ ဏီမျိုးနွယ်ရဲ့ နာမည်တောက်ပစေဖို့ ပြိုင်ပွဲကို ကြိုးကိုင်ခဲ့တယ်လို့ ပြောနေကြပါသည်။
“ငါက လာချင်စိတ်ပြင်းပြနေခဲ့ပေမယ့် တစ်ဖက်သားကတော့ အသုံးမကျလှပါလား”လို့ လောင်ယုက အထင်အမြင်သေးစွာပြောလိုက်သည်။
“မှန်လှပါ အရှင့်သား ဒီလိုအူကြောင်ကြောင် ကောင်မလေးတစ်ယောက်က အရှင့်သားနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။အရှင်မင်းကြီးကသာ ဒီနှစ်ပြိုင်ပွဲအတွင်း အရှင့်သားကို ဝင်ပြိုင်ခွင့် ပေးတော် မူခဲ့ရင် အရှင့်သားက ချန်ပီယံဖြစ်နေမှာ သေချာပါတယ်ဘုရား”ဟု ဆိုလိုက်တဲ့ လီချီကတော့ နောက်တက်မယ့် ဧကရာဇ်ဖြစ်သူကို မြှောက်ပင့်ဖားရားရင်းနဲ့ အနာဂတ်အတွက် သူ့ အဆင့်မြင့်တက်လာဖို့ ကြိုးပန်းရင်း အလုပ်ရှုပ်နေခဲ့သည်။
“ဒါနဲ့ ငါကြားခဲ့တာကတော့ အဲ့ ကောင်မလေး ရှန်ယန်ရှောင်က ခမည်းတော်ဆီကို သူမက တက်သစ်နေမြို့တော်ထဲကို အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့တဲ့အကြောင်း စာဆက်သခဲ့တယ်ဆိုပဲ”
လောင်ယုက အမြဲတမ်း ခေါင်းဆောင်နေရာလိုမျိုး ထိပ်ဆုံးကချည်းနေခဲ့ထိုင်ခဲ့ရတာ ဖြစ်ပါသည်။သူနဲ့ သက်တူရွယ်တူတွေကြားမှာ ပြိုင်ဖက်မရှိသူတစ်ယောက်ဟု ထင်မြင်မှတ်ယူနေ ခဲ့သူပါ။သူ့အရည်အချင်းက အကောင်းဆုံးဖြစ်ပြီး တစ်ခြားသူ တစ်ယောက်ယောက်ရဲ့ ကျော်ဖြတ် ခြင်းကို လက်သင့်မခံနိုင်ဖြစ်နေပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now