၅၀၉

3.3K 498 10
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၅၀၉)

ဒီတစ်ခေါက်မှာတော့ ဇာမဏီလည်း လှည်းမူးတာကြောင့် ရှန်ယန်ရှောင်ရဲ့ ကိုယ်ထဲကိုပြန်ဝင်နေ လိုက်ပါတယ်။အကျိုးဆက်ကတော့ ဖီးနစ်လေးဟာ ငိုကြွေးအော်ဟစ်လျက် ဖြစ်သွားခဲ့ပြီး ဖီးနစ်မောင်နှံတို့ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားခဲ့ရပါတယ်။

အဆိုပါဖြစ်ရပ်ကလွဲရင် ခရီးလမ်းတစ်လျှောက် အဆင်ပြေချောမွေ့နေပါတော့သည်။

ရက်ပေါင်းနှစ်ဆယ်ကျော်တဲ့နောက်မှာတော့ အဖွဲ့ကြီးတစ်ခုလုံး လောင်းရွှမ်ပြည်နယ်စပ်ကို ရောက်ရှိသွားခဲ့ပါသည်။

နယ်စပ်ရောက်တာနဲ့ တန်နာဇီ စေလွှတ်ထားခဲ့သော လှည်းနဲ့မြင်းတွေကို ရှန်ယန်ရှောင် လွှဲပြောင်းလက်ခံလိုက်သည်။

ထို့နောက်မှာတော့ အဖွဲ့တစ်ဖွဲ့လုံး လှည်းပြောင်းစီးလိုက်ကြပါတယ်။

လောင်းရွှမ်ပြည်နယ်စပ်ဒေသမှာ ရှန်ယန်ရှောင်ရှိနေဆဲဖြစ်သော်လည်း ဟိုးအရှေ့မှာရှိနေသော အနက်ရောင်ဒေသကို တွေ့မြင်နေရပါပြီ။

စွန့်ပစ်နယ်မြေ

လင်းလက်တိုက်ရဲ့ အကြီးဆုံးဒေသ။တစ်ချိန်တုန်းအခါက နတ်ဆိုးတွေရဲ့ ခြေကုပ်စခန်းဖြစ်ခဲ့ပြီး အခုအချိန်မှာတော့ နတ်ဆိုးတွေရဲ့ ရှင်သန်နေထိုင်ရာ လွတ်မြောက်ရာဒေသ….

အဝေးကြီးက ကြည့်နေတာဖြစ်သော်လည်း အဆိုပါနေရာကနေ ကျော်ဖြတ်တိုက်ခတ်လာသော အေးစက်စက်လေကို ခံစားနိုင်ပါတယ်။

စွန့်ပစ်နယ်မြေတစ်ခုလုံးကို အနက်ရောင်တိမ်တိုက်တွေသာ လွှမ်းခြုံထားပါတယ်။နယ်စပ်မှာရှိတဲ့ တပ်မှူးတွေအ ဆိုအရ အဆိုပါအနက်ရောင်တိမ်တိုက်တွေ စွန့်ပစ်နယ်မြေအပေါ်မှာ ရှိနေခဲ့တာ နှစ်ထောင်ချီနေပါပြီတဲ့။ကြည့်ရပုံတော့ နတ်ဆိုးမျိုးနွယ်တွေ ရှုံးနိမ့်သွားစဉ်ကတည်းက အဆိုပါအနက်ရောင်တိမ်တိုက်တွေက တစ်ခါမှ ပျောက်ကွယ်သွားခြင်း မရှိတော့ပုံပါပဲ။

အနက်ရောင်တိမ်တိုက်တွေ ဖုံးလွှမ်းခံထားရသော စွန့်ပစ်နယ်မြေဟာ နေရောင်ခြည်ရဲ့ ထိတွေ့မှုကို မခံရတာ တော်တော်ကြာမြင့်ခဲ့ပါပြီ။အသီးအနှံပင်မြောက်များစွာဟာ ထိုအချက်ကြောင့် သေဆုံးခဲ့ရသည်။စွန့်ပစ်နယ်မြေမှာ ပေါက်ဖွားရှင်သန်နိုင်သော အပင်တွေဟာ သာမန်ရိုးရိုးအပင်တွေတော့ မဟုတ်ကြပါဘူး။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now