၅၇၀

2.3K 391 8
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၇၀)

မှော်ဆန်းကြယ်မြို့သူမြို့သားတွေဟာ အိပ်ဖို့လုပ်နေကြတုန်းမှာပဲ မြေလှုပ်ခတ်မှုကြောင့် ဇဝေဇဝါဖြစ်သွားကြပါတယ်။ထို့နောက်မှာတော့ မိုးခြိမ်းသံကြီးမြည်ဟီးသွားကာ လျှပ်စီးတွေ လက်လက်ထလာသလို လေတိုက်သံလည်းညံလာပါသည်။
ပုံမှန်မဟုတ်သောဖြစ်အင်ကြောင့် တစ်မြို့လုံးနိုးထလာခဲ့ကြရပြီး တောက်ပနေသော ကောင်းကင်ကို တုန်လှုပ်ကြောက်ရွံ့စွာဖြင့် ကြည့်နေကြပါတယ်။
“ငလျင်လှုပ်တာလား”
“ဒုက္ခပဲ ငလျင်လှုပ်တာဟ ပြေးကြ”
ကြောက်လန့်တကြားအော်သံတွေက အိမ်တွေဆီကထွက်လာပြီး တိတ်ဆိတ်နေသော မှော်ဆန်းကြယ်မြို့ဟာ ဖရိုဖရဲဖြစ်သွားခဲ့ပါတယ်။
ဆူဆူညံညံအသံတွေကြောင့် ကန်းတီလည်း အိပ်ပျော်နေရာမှ နိုးလာခဲ့ပါသည်။အစောင့်တပ်သား တွေကတော့ တုန်တုန်ရီရီဖြစ်စွာနဲ့ သူ့အခန်းရှေ့မှာ ဒူးထောက်နေကြပါတယ်။
“အပြင်မှာ ဘာတွေဖြစ်နေတာလဲ သားရဲလှိုင်းက ထင်ထားတာထက် စောလာတာလား”လို့ မြေတုန်ခါမှုကို ခံစားမိနေတဲ့ ကန်းတီကမျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မြို့တော်သခင်ကို သတင်းပို့ပါတယ် အပြင်ဖက်မှာ အခြေအနေ မကောင်းတော့ပါဘူး…”
မှော်ဆန်းကြယ်မြို့ပြင်မှာတော့ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်က မားမားကြီးရပ်နေကြပါတယ်။
မြို့တံတိုင်းပေါ်ရှိ အစောင့်တပ်သားတွေကတော့ ဒဏ္ဍာရီသတ္တဝါတပ်တော်ကြီးကြောင့် အကြောက်လွန်နေကြပါပြီ။
ဒီလူတွေအဖို့ ဒဏ္ဍာရီသတ္တဝါတစ်ကောင်ကိုတောင် ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြပါဘူး။ဒါပေမဲ့ အခုအခါမှာတော့ ရှစ်ကောင်တောင် သူတို့မြို့ပြင်မှာ ရှိနေကြတယ်လေ။
ကောင်းကင်မှာက မိုးပြာနဂါး၊ တိုးနယား၊ ဇာမဏီနဲ့ ဖီးနစ်နှစ်ကောင်တို့ရှိပြီး မြေပေါ်မှာတော့ ကျားဖြူ၊ လိပ်နက်နဲ့ ခေါင်းရှစ်လုံးမြွေနဂါးတို့ ရှိနေကြပါတယ်။
စိတ်ပျော့ညံ့တဲ့ တပ်သားအချို့ကတော့ အကြောက်လွန်ကာ ပါးစပ်ထဲမှနေ အမြှုပ်တစီစီထွက်၍ မေ့လဲသွားကြပါတယ်။
မှော်ဆန်းကြယ်မြို့ထဲကလူတွေအနေနဲ့ ဘာအတွက်ကြောင့် ဒီလောက်များလှတဲ့ ဒဏ္ဍာရီသတ္တဝါ တွေ မြို့ပြင်မှာရောက်နေကြမှန်း မသိကြပါဘူး။သူတို့သိတာတစ်ခုကတော့ ဒီဒဏ္ဍာရီသတ္တဝါ ရှစ်ကောင်လုံးသာ ရန်ပြုလာပါက ကြီးမားလှသော ကပ်ဆိုးကြီးတစ်ခုလို ဖြစ်လာမယ့်ကိစ္စပါ။
ဒဏ္ဍာရီသတ္တဝါတစ်ကောင် ထွက်ပေါ်လာရင်ကို ကောင်းကင်နဲ့မြေကြီးပါ တုန်လှုပ်နိုင်သော အဖြစ်ဖြစ်ကာ ရှစ်ကောင်ဆိုရင်တော့…
မှော်ဆန်းကြယ်မြို့သားတွေဟာ မြို့ပြင်က ဒဏ္ဍာရီသတ္တဝါတို့ရဲ့ ခမ်းနားကြီးကြယ်မှုကြောင့် စိတ်ဝင်တစားဖြစ်ပြီး မြို့တံခါးနားမှာ လူအုပ်ကြီးဖြစ်သွားပါတယ်။
“ရှောင်လေး နင်က ဘယ်လိုသရုပ်ပြချင်တာလဲ”လို့ လိပ်နက်ကျောပေါ်မှာ ရပ်နေတဲ့တန်နာဇီက မြို့တံခါးနားက လူအုပ်ကိုကြည့်ပြီးမေးလိုက်သည်။သူ့အနေဖြင့် တိုက်ပွဲကြီးတစ်ခု ဆင်နွဲချင်နေပါပြီ။
“သူတို့ကို ငါတို့ဒဏ္ဍာရီသတ္တဝါတွေရဲ့ အစွမ်းဂုဏ်ကိုပြကြမယ်”လို့ ပြောပြီးနောက် ရှောင်လေးက ဇာမဏီနဲ့အတူ ကောင်းကင်ထက် ပျံတက်လိုက်ပါတယ်။
တစ်ချိန်ထဲမှာပဲ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်လုံး အတူတူ ဟိန်းဟောက်လိုက်ကြပါတယ်။
နဂါးဟစ်သံ၊ ဖီးနစ်တွန်သံနှင့် ကျားဟိန်းသံ…
ပြင်းထန်ကျယ်လောင်လှတဲ့ သားရဲသံတွေကြောင့် မြို့တံတိုင်းပေါ်က လက်နက်ကြီးတွေ ပျံလွင့်ကုန်ကြပါတယ်။
အခုလို ကြောက်ရွံ့တုန်လှုပ်ဖွယ် သားရဲသံတွေကြောင့် မှော်ဆန်းကြယ်မြို့သားတွေဟာ ကြောက်လန့်စွာဖြင့် မြေပေါ်တွင်တုန်တုန်ရီရီနဲ့ဝပ်ကာ နားတွေကို လက်နှင့်ပိတ်ထားလိုက်ကြ သည်။
ချက်ခြင်းသက်ရောက်သွားတဲ့ အဖြစ်ကို ရှန်ယန်ရှောင်‌ကျေနပ်စွာကြည့်နေပါတယ်။သူမရဲ့ လက်လေးကို အောက်ချလိုက်တော့ ကြောက်လန့်စရာ သားရဲသံကြီးတွေ ချက်ခြင်းပဲ တိတ်သွားခဲ့ပါတယ်။
ဇာမဏီက ရှေ့ကိုပျံသွားလိုက်ပြီးနောက် ရှန်ယန်ရှောင်က မှော်ဆန်းကြယ်မြို့ထဲကို ဝံ့ကြွားစွာဖြင့် ဝင်ရောက်လိုက်ပါတယ်။
လှပတဲ့မိန်းကလေးငယ်ဟာ လေအဟုန်ကို မမှုသလို မာန်ဖြင့်ရပ်နေပြီး ဆံနွယ်နက်တွေကတော့ လေနဲ့အတူ လွင့်မြောနေပါတယ်။သူမက မြေပြင်ပေါ်ရှိလူတွေကို ငုံ့ကြည့်ပြီးနောက် မိမိကိုယ်ကို နှိမ့်ချစွာဖြင့် ပြောလိုက်တာက “ကျနော်ကတော့ တက်သစ်နေမြို့တော်ရဲ့ မြို့တော်သခင်ဖြစ်တဲ့ ရှန်ယန်ရှောင်ပါ။သင်တို့ရဲ့ မြို့တော်သခင်ဆီကို ကျနော့်ရဲ့ အမှာစကားပါးလိုက်ကြပါ။ တက်သစ်နေမြို့ရဲ့ တည်ဆောက်ရေးပြီးတာနဲ့တစ်ပြိုင်နက်  ကျနော်ရှန်ယန်ရှောင်က သူ့ဆီကို ကိုယ်တိုင်ကိုယ်ကျ လာလည်ပတ်ပါဦးမယ်လို့ပေါ့”ဟု ဖြစ်ပါသည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now