၅၉၁

2.2K 360 5
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၉၁)

ရှန်ယန်ရှောင်၏ ထူးဆန်းသော အပြုအမူတို့ကြောင့် ဖေးယွမ်တို့တစ်တွေ စိတ်ရှုပ်ထွေးစွာဖြင့်သာ သူမကို စိုက်ကြည့်နေမိကြပါသည်။
ထို့နောက်မှာတော့ ခေါင်းမော့လိုက်သော ရှန်ယန်ရှောင်၏ မင်သက်ဖွယ်မျက်နှာလှလှလေးမှာ ထူးဆန်းသောအပြုံးတစ်ခု တွဲလွဲခိုနေတာကို တွေ့မြင်လိုက်ရပါသည်။
“မင်းတိုင်ပင်ကြီးဖေးယွမ် ဒီမြို့ထဲမှာ နတ်ဆိုးဘယ်လောက်ရှိသလဲ သိပါသလား”
ဖေးယွမ်မျက်မှောင်ကြုတ်သွားသည်။
“ကျွန်မပဲ ပြောပြလိုက်ပါ့မယ် အစတုန်းက အဆင့်နိမ့်နတ်ဆိုး ၃၇၈၀၀၊ အလယ်အလတ်အဆင့် က ၆၇၉၀နဲ့ အဆင့်မြင့်နတ်ဆိုး ၂၃၁ယောက်တို့ ဒီတက်သစ်နေမြို့တော်ထဲမှာ ရှိကြပါတယ်”ဟု ပြောလိုက်သော ရှန်ယန်ရှောင်၏ စကားလာ အရေအတွက်တို့ကြောင့် ဖေးယွမ်တို့တစ်သိုက် မျက်နှာအမူအယာပြောင်းလဲသွားခဲ့ပါသည်။
စွန့်ပစ်နယ်မြေရဲ့ အဓိကမြို့ငါးမြို့ရဲ့ နတ်ဆိုးအရေအတွက်က တစ်ခြားမြို့တွေထက် သာလွန်တာ အမှန်ဖြစ်သော်လည်း မည်သူမှ အချက်အလက်အတိအကျ မသိရှိကြပါလေ။နတ်ဆိုးပေါင်း သုံးသောင်းကျော်ရှိတယ်လို့ ပြောလိုက်တဲ့ ရှန်ယန်ရှောင်ကြောင့် အားလုံးတုန်လှုပ်သွားခဲ့သည်။
စွန့်ပစ်နယ်မြေရဲ့ သာမန်မြို့တွေမှာရှိတဲ့ နတ်ဆိုးအရေအတွက်က ထောင်ဂဏန်းသာရှိသည်။ အဆင့်မြင့်နတ်ဆိုးဆိုရင်လည်း ဆယ်ဂဏန်းသာရှိကြတာဖြစ်သည်။ဒါတောင်မှ အင်အားကြီး လေးနိုင်ငံအတွက် အစဉ်မပျက်ခေါင်းကိုက်စေခဲ့တာဖြစ်သည်။သုံးနိုင်ငံက စွန့်ပစ်နယ်မြေမှာ မြို့တစ်မြို့ ချဲ့ထွင်တည်ထောင်နိုင်ခဲ့ဖို့အတွက် မရေမတွက်နိုင်အောင် များလှသော ငွေကြေးနှင့် လူအင်အားတို့ကို သုံးစွဲကုန်ဆုံးခဲ့ကြရပါသည်။
အခု တက်သစ်နေမြို့တော်ရဲ့ နတ်ဆိုးအရေအတွက်က သုံးနိုင်ငံမှ အဖွဲ့သုံးဖွဲ့ ရင်ဆိုင်ဖြေရှင်းခဲ့သ မျှ နတ်ဆိုးအားလုံးပေါင်းအရေအတွက်ထက်ကို အများကြီး ကျော်လွန်နေပါသည်။
စွန့်ပစ်နယ်မြေကို လာစဉ်တုန်းက ရှန်ယန်ရှောင်နဲ့ပါလာသော လူအရေအတွက်က တစ်ရာစွန်း စွန်းသာရှိခဲ့တာဖြစ်သည်။လူအင်အား တစ်သိန်းနဲ့ဆိုရင်တောင် တစ်လအတွင်းမှာ မြို့ကို သိမ်းနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။
လူတိုင်းရဲ့မျက်နှာပေါ်က အံ့အားသင့်တုန်လှုပ်မှုတွေကိုကြည့်ကာ ရှန်ယန်ရှောင် ပြုံးလိုက်သည်။
“မင်းတိုင်ပင်ကြီး အခုရော တက်သစ်နေမြို့တော်ထဲမှာ နတ်ဆိုးဘယ်လောက်ရှိသေးလဲ သိပါသ လား” လို့ ရှန်ယန်ရှောင်က ဆက်မေးလိုက်ပြန်သည်။
ဖေးယွမ်ရဲ့ နှလုံးခုန်မြန်သွားခဲ့ရသည်။တက်သစ်နေမြို့မှာ  နတ်ဆိုးတွေ ဒီလောက်ရှိမယ်လို့ သူ မထင်ထားခဲ့မိပါဘူး။ရှန်ယန်ရှောင်က နတ်ဆိုးဘယ်နှစ်ကောင်ထိ ရှင်းပြီးထားလဲဆိုတာ သူ မသိ ပေမယ့် မူလအင်အားထက် ဆယ်ပုံတစ်ပုံကျန်နေရင်တောင် တော်တော်လေး ဖြေရှင်းရခက်ဦးမှာ ဖြစ်ကြောင်းကိုတော့ သူ သဘောပေါက်ပါသည်။စောစောတုန်းက နတ်ဆိုးတွေကို အမြစ်ဖြတ် မယ်လို့ သူပြောရဲခဲ့ခြင်းက ဒီလောက်များမှန်း မသိခဲ့လို့ဖြစ်ပါသည်။အဆင့်မြင့်နတ်ဆိုး အနည်းငယ်ကိုသာ သူတွေ့ခဲ့တာဖြစ်လို့ သူ့ဒဏ္ဍာရီသတ္တဝါဖြစ်တဲ့ ပိုင်ဇီအကူအညီနဲ့ဆို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။သို့သော်လည်း ရှန်ယန်ရှောင်၏ လက်ရှိ အမူအယာအရ သူ့စိတ်ထဲမှာ အခြေအနေမကောင်းတော့ဘူးဟု ခံစားမိနေရသည်။
“အဆင့်နိမ့်နတ်ဆိုး ၃၇၈၀၀၊ အလယ်အလတ်အဆင့်နတ်ဆိုး ၆၇၉၀နဲ့ အဆင့်မြင့်နတ်ဆိုး ၂၃၁ယောက်တို့ ရှိနေပါသေးတယ်”လို့ ရှန်ယန်ရှောင်က ခပ်ပြုံးပြုံးပြောလိုက်သည်။
အုန်း
ရှန်ယန်ရှောင်ရဲ့ စကားလုံးတွေက ဖေးယွမ်ခေါင်းကို ဗုံးနဲ့ပစ်ခွဲလိုက်သလို ဖြစ်သွားစေသည်။ တက်သစ်နေမြို့တော်ရဲ့ နတ်ဆိုးတွေက တစ်ကောင်တစ်လေတောင် လျော့ပါးမသွားခဲ့ပါဘူး။
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါတွေ့ခဲ့တာ အဆင့်မြင့်နတ်ဆိုးနည်းနည်းလေးပါ ဒီမြို့ရဲ့ နေရာအတော်များများက အပျက်အစီးတွေပဲ ရှိတာလေ။အဆင့်နိမ့်နတ်ဆိုးတွေနဲ့ အလတ်ဆင့် နတ်ဆိုးတွေကို မင်းဖွတ်ထားလို့မှ မရတာ သူတို့အနေနဲ့ လူ့အသွင်လည်း မပြောင်းနိုင်တာကို ငါ့ အာရုံစက်ကွင်းကနေ ဘယ်လိုလုပ် တိမ်းရှောင်နိုင်မှာလဲ”ဟု ဖေးယွမ်က မယုံတဲ့အကြောင်း ပြောလိုက်သည်။ရှန်ယန်ရှောင်ပြောတဲ့စကားက အရမ်းကြောက်ဖို့ကောင်းလှပါသည်။ဒီကိစ္စသာ အမှန်အကန်ဆိုပါက သူတို့ကိုအမြစ်ဖြတ်ဖို့ဆိုတာ ဝေလာဝေး သူနဲ့ပိုင်ဇီတို့တောင် မိနစ်ပိုင်းအ တွင်းမှာပဲ နတ်ဆိုးတွေရဲ့ ရိက္ခာဖြစ်သွားကြတော့မှာဖြစ်သည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now