၅၄၁

2.4K 359 7
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၄၁)

ဒီသာမန်ကျွန်နှစ်ယောက်အတွက် များပြားသောပမာဏကို ရရှိနိုင်မည်ဆိုသောအခါ ကုန်သည်တွေငြိမ်မနေနိုင်တော့ပါချေ။
ကျူလေးနှင့်လူသန်တို့ကို ရှန်ယန်ရှောင်အား မျက်နှာပြောင်တိုက်ကာ ရောင်းမည်အလုပ်မှာပဲ လူငယ်ဖြစ်သူက ရုတ်တရက်ထရယ်လိုက်သည်။
“လက်စသတ်တော့ မိန်းကလေးက ဒီလိုမျိုးဆော့ကစားချင်နေတာကိုး ကောင်းပြီလေ ကျနော်လည်း အဖော်ပြုပေးရတာပေါ့”
လူငယ်က သူ့လက်ညှိုးဖြင့်အချက်ပြလိုက်တော့ နောက်လိုက်တစ်ယောက်က သူ့လက်စွပ်ထဲမှနေပြီး သေတ္တာတစ်လုံးကိုထုတ်ယူကာ ချပေးလိုက်ပါသည်။လူငယ်က သစ်သားသေတ္တာအား ခြေထောက်ဖြင့် ကန်လိုက်သည့်အခါ အထဲရှိရွှေပြားတို့လည်း မြေပေါ်သို့သွန်ကျလာပါတော့သည်။
“ဒီမှာ ရွှေပြားတစ်သောင်းရှိတယ် ငါ အဲ့ကလေးမကိုလိုချင်တယ်ကွာ မိန်းမလှလေးရေ ကြေးအမြင့်ဆုံးပေးသူက အနိုင်ရတာကိုတော့ သိမှာပါနော်”လို့ပြောလိုက်ကာ လူငယ်က ရှန်ယန်ရှောင်အား မျက်စပစ်ပြလိုက်ပါသည်။
ရွှေပြားတစ်သောင်းတောင်….
ကုန်သည်တွေဟာ နှလုံးခုန်ရပ်တော့မလို ခံစားမိသွားကြရသည်။သူတို့၏ ကျွန်အားလုံးပေါင်းမှ ရွှေပြားထောင်ဂဏန်းသာတန်ကြေးရှိတာဖြစ်ပြီး တစ်စုံတစ်ယောက်မှနေပြီး ကျွန်မကလေးတစ်ယောက်ကို ဝယ်ယူဖို့အတွက် ရွှေပြားတစ်သောင်းတောင် ပေးနေပါတယ်။
ကျွန်ကုန်သည်တွေတင် ကြောင်အအဖြစ်ကုန်တာမဟုတ်ရပါဘူး ဒီမြင်ကွင်းကို ကြည့်နေကြသော တစ်ခြားကုန်သည်တွေဟာ သွေးအန်မတတ်တောင် ဖြစ်ကုန်ကြပါသည်။သူတို့ခင်ဗျာမှာ ဒီလိုမျိုး သုံးမကုန်ဖြုန်းမကုန်သော ဈေးဝယ်သူတွေနဲ့ တွေ့ကြုံချင်စိတ် ချက်ခြင်းပေါက်သွားကြရပါသည်။
ရွှေပြားတစ်သောင်းတဲ့ ဒီလိုပမာဏမျိုးရနိုင်ဖို့ ကျွန်အရေအတွက်ဘယ်လောက်အထိ သူတို့ရောင်းချရဖို့ လိုမလဲ…
“ကြေးအမြင့်ဆုံးပေးတဲ့သူလား”
ရှန်ယန်ရှောင်က ဝံ့ဝံ့ကြွားကြွားဖြစ်နေသော လူငယ်အားကြည့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်။
ထို့နောက်မှာတော့ လူအားလုံး၏ ရင်သပ်အံ့ဩသော အကြည့်တွေအောက်မှာပဲ ရှန်ယန်ရှောင်က လက်စွပ်ကိုထိလိုက်ပြီးနောက် ဖွင့်ချလိုက်သည့်အခါ ရွှေပြားတွေဟာ ရေတံခွန်ကြီး စီးကျလာသလိုမျိုး မြေပေါ်ကိုကျဆင်းလာပါတော့သည်။
တချွင်ချွင်မြည်သံတွေက ဆူညံပွက်လောရိုက်နေသော လမ်းတွေအပေါ်မှာဖုံးလွှမ်းသွားပြီး မရေမတွက်နိုင်သော ရွှေပြားတွေက မြေပြင်ပေါ်မှာပြန့်ကျဲနေသည်မှာ မျက်စိတစ်မှိတ်အတွင်းမှာတင် ရှန်ယန်ရှောင်၏ခြေထောက်ကို ဖုံးလွှမ်းသည်အထိဖြစ်သွားပြီး ရွှေစမ်းချောင်းလေးစီးဆင်းနေသည့်အလား ဖြစ်လာပါတော့သည်။
ဒီအချိန်မှာတော့ အားလုံးက အသက်တောင်မရှူမိကြတော့ဘဲ ရွှေတွေများသထက်များ ထူသထက်ထူလာသည်ကိုသာ ကျောက်ရုပ်ကြီးများလိုဖြစ်ကာ ကြည့်နေမိကြပါသည်။
တစ်ကယ့်ကို သုံးမကုန်ဖြုန်းမကုန်ချမ်းသာတာပဲဟ…
ရွှေပြားတွေက မြေပေါ်မှာချက်ခြင်းပဲ တောင်ပို့ကြီးတစ်ခုလိုဖြစ်လာပြီး လူငယ်၏ ဝံ့ကြွားသောအပြုံးလည်း ပျက်စီးသွားပါသည်။
များပြားလှသောပမာဏကြောင့် ဘေးမှနေပြီးကြည့်နေကြသောသူတွေ တုန်လှုပ်သွားကြပါသည်။သူတို့တွေ ငွေကိုမြင်ဖူးကြပေမယ့် ဒီလောက်ပမာဏကို ဘယ်တုန်းကမှမမြင်ခဲ့ဖူးကြပါဘူး။ရှန်ယန်ရှောင်လက်မှနေ ကျဆင်းနေတဲ့ ရွှေပြားတွေဟာ သောင်းချီနေပြီဖြစ်သော်လည်း မိန်းမလှလေးကတော့ ရပ်တံ့မယ့်ဟန် မပေါ်သေးပါဘူး။
ခြေရာပျောက်ဒေသကိုလာတဲ့လူအများစုဟာ ကြွယ်ဝချမ်းသာသူတွေဖြစ်ကာ ရွှေသန်းဂဏန်းကို တစ်ညအတွင်းမှာပင် သုံးစွဲဖူးသူလည်း မနည်းလှပါဘူး။ဒါပေမယ့် ဒီလူတွေက ရှားပါးရတနာပစ္စည်းတွေကို ဝယ်ယူကြတာဖြစ်ပြီး ကျွန်နှစ်ယောက်အတွက် ရွှေတစ်သိန်းလောက်သုံးမယ့်သူကိုတော့ တစ်ရံတစ်ခါမျှ မမြင်ဖူးမကြုံဖူးခဲ့ကြပါဘူး။
နောက်ပြီးတော့ ဒီပမာဏမှာတင် မရပ်သေးပါဘူး…
ရှန်ယန်ရှောင်လက်စွပ်ထဲမှာ ရွှေပြားပေါင်းဘယ်လောက်ရှိလို့ ဒီလိုရေတံခွန်စီးနေသလို ရွှေတွေသွန်ချနေတာလဲလို့ လူတွေကခန့်မှန်းနေကြပါတယ်။
လူငယ်ရဲ့မျက်နှာလည်း ရွှေတွေထွက်လာလေလေ ပျက်လာလေလေဖြစ်နေပါသည်။သူထင်ခဲ့တာက သူထုတ်ပြလိုက်တဲ့ ရွှေပြားတစ်သောင်းဟာ တော်တော်မိုက်နေပြီပေါ့ ဒါပေမယ့် တစ်ဖက်သားက လုံးဝကို လူမဆန်ခဲ့ပါဘူး။
ဘာမှတန်ဖိုးမရှိတဲ့ ကျွန်မကလေးအတွက် မည်သူကများ ရွှေပြားသိန်းပေါင်းများစွာ အကုန်ခံမှာလဲ။
အခန်း(၅၄၁)

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now