၅၁၇

3K 446 5
                                    

ကောင်းကျိုးမပေးသော သမီးပျို

အခန်း(၅၁၇)

ဉီးလေးကြူရဲ့ သက်ပြင်းချလိုက်ပုံအရ တစ်ခုခုလွဲနေလို့ဆိုတာကို ရှန်ယန်ရှောင် သိလိုက်ပါတယ်။ သူခိုးတွေကို သူမ နှင်ထုတ်လိုက်ပြီးပြီဖြစ်လို့ ဉီးလေးကြူမျက်နှာမှာ ဘာကြောင့် စိတ်မသက်မသာ ဖြစ်နေတဲ့ပုံပေါက်နေရတာလဲ။

ဉီးလေးကြူဟာ ရှန်ယန်ရှောင်လေးအား ကြည့်လိုက်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်ပါတယ်။

“ရှောင်လေးရေ မင်းလုပ်တာက မှန်ပေမယ့် အချိန်အခါ မသင့်ဘူးကွယ်”

“ဘာလို့ ဒီလိုပြောရတာလဲဟင်”

“တစ်ခြားတိုင်းပြည်သုံးခုဟာ စွန့်ပစ်နယ်မြေထဲမှာ အခိုင်အမာခြေကုပ်ရပြီးကြပြီဖြစ်လို့ ဒီနယ်မြေအတွင်းမှာ အင်အားရှိတယ်လို့ပြောနိုင်ပြီး လူအားလည်းတောင့်ကြတယ်။ဒါပေမယ့် မင်းကတော့ သူတို့နဲ့မတူဘူးလေ။ မင်းက အခုမှ ဒီကိုရောက်တာဖြစ်ပြီးတော့ အရာရာအားလုံးကို အောက်ခြေကနေ စလုပ်ရမှာ။မင်း အခုလုပ်လိုက်တဲ့လုပ်ရပ်အရ နောင်ကျရင် သူတို့က မင်းမြို့တော်တည်ထောင်မယ့်ကိစ္စမှာ မလိုလားအပ်တဲ့ ပြဿနာတွေပေးကြလိမ့်မယ်။ဒီတစ်ခေါက်တော့ သူတို့ထွက်သွားပြီဆိုပေမယ့် မင်းလုပ်လိုက်တာအတွက် အငြိုးအတေးမထားဘူးလို့ မပြောနိုင်ဘူးလေကွယ်”

“အဲ့တော့ ဘာဖြစ်လို့လဲ”လို့ ရှန်ယန်ရှောင်က ပြန်ပြောလိုက်သည်။

တူလန်းက ဉီးလေးကြူကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်ယန်ရှောင်ကို ကြည့်လိုက်သည်။ထို့နောက် ဉီးလေးကြူ အစား သူက ဝင်ရှင်းပြလိုက်သည်။

“ဉီးလေးကြူပြောချင်တာက အဲ့လူတွေက ဒီနေရာကို ပိုင်ဆိုင်အုပ်ချုပ်နေတဲ့သူ အရင်တုန်းက မရှိခဲ့လို့ လာပြီးတော့ မိုင်းတွင်းတူးကြတာ။မင်းဒီနေ့တွေ့လိုက်တဲ့သူတွေက အဲ့လိုအဖွဲ့တွေထဲက တစ်ဖွဲ့ပဲဖြစ်မှာ။ သူတို့ကို ကိုင်တွယ်ရတာ လွယ်ကူပေမယ့် သူတို့နောက်ခံက အင်အားစုကို ရန်စသလိုဖြစ်သွားမှာပဲ။ သူတို့ရဲ့ နောက်ခံကျောရိုးအစစ်က စွန့်ပစ်နယ်မြေထဲမှာရှိတဲ့ သူတို့တိုင်းပြည်ရဲ့ အဓိကမြို့တော်ကပဲ။ စွန့်ပစ်နယ် မြေထဲမှာ မြို့တော်တစ်ခု တည်ထောင်နိုင်တဲ့သူကို သာမန်လူတန်းစားဖြစ်မယ်လို့ မင်းထင်သလား။ သူတို့သာ မင်းကို ဆန့်ကျင်လှုပ်ရှားမယ်လို့ ဆုံးဖြတ်ထားရင် ဒီနယ်မြေမှာ မြို့တော်တည်ထောင်မယ့် မင်းဆန္ဒဟာ ခက်ခဲသွားမှာပဲ”

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now