၅၇၂

2.4K 365 4
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၇၂)

“ငါ့အတွက်လား ဘာတဲ့လဲ အမှာစကားက”ဟု ပို၍ ဝေခွဲရခက်သွားရတဲ့ ကန်းတီက မေးလိုက်သည်။ဒီလောက်စွမ်းတဲ့ အမျိုးသမီးကို သူဘာလို့ မမှတ်မိနိုင်ရတာလဲ…
“သူ သူပြောတာက သူဟာ တက်သစ်နေမြို့တော်သခင် ရှန်ယန်ရှောင်ဖြစ်ပြီးတော့ တက်သစ်နေမြို့တည်ပြီးတာနဲ့ သခင်ကြီးဆီ ကိုယ်တိုင်ကိုယ်ကျ လာလည်ဦးမယ်ဆိုပြီး…”
ကန်းတီရင်ထဲ ဒိန်းကနဲဖြစ်သွားသည်မှာ အသံပင်ကြားလိုက်ရသလို ခံစားလိုက်ရသည်။ သူ ကောင်းကောင်း မရပ်တည်နိုင်တော့ဘဲ လဲကျတော့မလိုဖြစ်သွားသည်။
“တက်သစ်နေမြို့တော်က ရှန်ယန်ရှောင်တဲ့လား”ဟု ပြောလိုက်သော ကန်းတီဟာ သူ့နားကို သူမယုံနိုင်ဖြစ်နေပါသည်။
ကန်းတီရင်ထဲ ဘယ်လိုတွေဖြစ်ပျက်နေသလဲဆိုတာကိုတော့ ဖော်ပြစရာ စကားလုံးပင် မရှိပါဘူး။ သူ့မြို့ရှေ့ကို ဒဏ္ဍာရီသတ္တဝါရှစ်ကောင်နဲ့အတူ ရောက်လာသူက တစ်ခြားသူမဟုတ်ဘဲ ဒီရက်ပိုင်းအတွင်း သူအနှောက်အယှက်ပေးခဲ့တဲ့ တက်သစ်နေမြို့တော်၏ လက်ရှိမြို့တော်သခင် ဖြစ်သူ ရှန်ယန်ရှောင်ပါတဲ့။
“ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ ဘယ်လိုဖြစ်တာလဲ သူ့ဆီမှာ ဘာဖြစ်လို့ ဒဏ္ဍာရီသတ္တဝါရှစ် ကောင်တောင် ရှိနေရတာလဲ”
ကန်းတီ ရူးတော့မလိုဖြစ်နေသည်။ကျူရူပြောတဲ့သတင်းအရ ရှန်ယန်ရှောင်ဆီမှာ ဒဏ္ဍာရီသတ္တဝါ နှစ်ကောင်ပဲ ရှိတာတဲ့လေ။ဒဏ္ဍာရီသတ္တဝါနှစ်ကောင်ဟာလည်း ကြောက်ဖို့ကောင်းပေမယ့် ကန်းတီအနေနဲ့ သိပ်တော့မစိုးရိမ်ခဲ့ပါဘူး။
သူ့မြို့ထဲမှာလည်း အစွမ်းရှိတဲ့ ဒဏ္ဍာရီသတ္တဝါတစ်ကောင်ကို လျှို့ဝှက်စွာထားရှိထားလို့ ဖြစ်ပါတယ်။နောက်ပြီးတော့လည်း စွန့်ပစ်နယ်မြေထဲမှာ သူ့မြို့အနေနဲ့ ခြေကုပ်ကောင်းကောင်း ရထားပြီးပြီလည်းဖြစ်သည်။တိုက်ရမယ်ဆိုရင်တောင် တိုက်စရာခိုက်စရာ အစွမ်းအစမရှိသူတော့ မဟုတ်ပါဘူး။
ဒါကြောင့်လည်း တက်သစ်နေမြို့တော်ရဲ့ အဖွဲ့တွေကို လူလွှတ်ကာ ပြောင်ပြောင်တင်းတင်း အနှောက်အယှက်ပေးစေတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့မှာ ရှန်ယန်ရှောင်ရဲ့ရုပ်လုံးပြခဲ့မှုက သူ့မျက်နှာကို ခပ်ပြင်းပြင်းရိုက်ခံလိုက်ရသလို ခံစားလိုက်ရပါတယ်။
ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ကို တစ်ခြားမြို့တွေဆီခေါ်သွားပြီးတော့ သူတို့ရဲ့ အစွမ်းကိုပြကာ ဂုဏ်မြှင့်တင်သွားပါတယ်။
ရှန်ယန်ရှောင် ဒီကိုလာရခြင်းမှာ သူမရဲ့ အစွမ်းအစကို ထုတ်ဖော်ပြသပြီး တက်သစ်နေမြို့တော်ရဲ့ ရန်သူဖြစ်ချင်တယ်ဆိုရင် သူမအနေနဲ့ ဒဏ္ဍာရီသတ္တဝါရှစ်ကောင်နဲ့အတူ မှော်ဆန်းကြယ်မြို့ကို တစ်စစီဖြစ်သွားအောင် လာလုပ်မယ်လို့ ခြိမ်းခြောက်ဖို့အတွက်ဆိုတာကို ကန်းတီ သဘောပေါက်ပါတယ်။
ရှန်ယန်ရှောင်က သူ့ကို ခြိမ်းခြောက်သွားမှန်း သိထားသော်လည်း သူ့အနေနဲ့ကတော့ မိနစ်ဝက်ခန့်တောင် ပြန်မတုံ့ပြန်ရဲပါဘူး။
ဒဏ္ဍာရီသတ္တဝါရှစ်ကောင်လေ…
သူသိထားတာထက် လေးဆပိုများတဲ့ အရေအတွက်ဖြစ်ပါတယ်။သူသာ ပြန်တိုက်ခိုက်လိုပါက အရင်ဆုံး လန်းယူပြည်က ဒဏ္ဍာရီသတ္တဝါအားလုံးကို စုစည်းနိုင်မယ့် အစွမ်းရှိဖို့လိုပါတယ် မဟုတ်ရင် ဒဏ္ဍာရီသတ္တဝါရှစ်ကောင်ရဲ့ အမျက်ဒေါသကို ခံယူနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
“ချီးလိုပဲ ဟိုငတုံးကောင် ကျူရူကို ငါ့ဆီခေါ်လိုက်ကြစမ်း အဲ့ကောင် မျက်ကန်းလား ဘာလားလို့ ငါကိုယ်တိုင် သေချာအောင်မေးကြည့်ရမယ်။ဒီလို ပလိပ်နတ်ဆိုးကို သွားပြီးတော့ ရန်စလာခဲ့သေး တယ်”ဟု မကျေမချမ်းဖြစ်နေတဲ့ ကန်းတီက အော်ပြောလိုက်သည်။
ကျူရူပြောသမျှကို ငါ အလွယ်တကူနဲ့ မယုံခဲ့သင့်ဘူးကွာ ငါ့အနေနဲ့ ရှန်ယန်ရှောင်အကြောင်းကို သေချာလေး စုံစမ်းခဲ့ရမှာ အဲ့လိုသာဆိုရင် အခုလို ခံနေရမှာမဟုတ်ဘူး။
တစ်ဖက်မှာ ဒဏ္ဍာရီသတ္တဝါနှစ်ကောင်ပဲရှိတာလို့ မဆင်မခြင်တွေးတောကာ တစ်ဖက်သားရဲ့ လူတွေကို လေးသမားတွေလွှတ်လို့ ကြားဖြတ်တိုက်ခိုက်ခိုင်းခဲ့တယ်လေ။ဒါက တစ်ကယ့်ကို သေတွင်းတူးမိတာပဲ။
ကန်းတီ တွေးလေကြောက်လေဖြစ်လာခဲ့သည်။ဒီနေ့ ရှန်ယန်ရှောင်က မှော်ဆန်းကြယ်မြို့ကို သတ်ဖြတ်မသွားခဲ့ခြင်းက လေးနိုင်ငံစာချုပ်ကြောင့် ဖြစ်နိုင်ပါတယ်။ဒါပေမယ့် သူမသာ လက်စားချေတုံ့ပြန်ဖို့အတွက် အထိန်းအကွပ်မဲ့သွားမယ်ဆိုရင်…
အရာရာအားလုံး သူမရဲ့ အစွမ်းကုန်ထုတ်သုံးမှုအောက်မှာ ကျရှုံးပျက်စီးပြီး မှော်ဆန်းကြယ်မြို့ ဆိုတာလည်း သွေးပင်လယ်ဝေသွားခဲ့မှာဖြစ်သည်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now