၅၇၅

2.1K 332 0
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၇၅)

ကျောက်မာတွေသုံးပြီးတော့လည်း ပြုလုပ်မယ်ဆိုရင် အဆင်ပြေပါတယ် ပိုပြီးတော့လည်း အကုန်အကျသက်သာမယ်လေ။
သူမက အဖိုးတန်ရတနာဓားကိုယူပြီးတော့ ဟင်းသီးဟင်းရွက်လှီးမိသလိုမျိုး မျက်ရည်လည်ရွဲ ဖြစ်နေကြတဲ့ ပညာရှင်တွေကိုကြည့်ကာ ရှန်ယန်ရှောင် နှုတ်ခမ်းတလှုပ်လှုပ်ဖြစ်သွားသည်။
“မြို့ရိုးတံတိုင်းအတွက် မသုံးရင် ဘယ်နေရာမှာ သွားသုံးရမှာလဲ”လို့ ရှန်ယန်ရှောင် ခေါင်းကုတ်ရင်း ပြောလိုက်သည်။
သူမက ဗိသုကာအပိုင်းမှာ တစ်ကယ့်ကို မူကြိုအဆင့်တောင် မရှိသူဖြစ်ပါတယ်။တူလန်းတို့ ပြောနေကြတဲ့ မီးသင့်ကျောက်တွေက အရမ်းမာကျောတာဆိုတာကို ကြားပြီးတော့ ပိုမို စိတ်ချရဖို့အတွက် မြို့ရိုးတံတိုင်းဆောက်ရာမှာ အသုံးပြုခဲ့လိုက်တာဖြစ်ပါတယ်။
ရှန်ယန်ရှောင်က အခုလိုမေးလိုက်တော့ ပညာရှင်တွေလည်း အသုံးချလို့ရတဲ့ နေရာစုံကို ရှင်းပြကြရာတွင် သူတို့ပြောတဲ့အထဲမှာ နန်းတော်တိုင်လုပ်ဖို့ အိမ်တိုင်အဖြစ်သုံးဖို့ စသဖြင့် အမျိုးမျိုးအဖုံဖုံဖြစ်ပြီး အများအပြားအလွန်အကျွံမသုံးစွဲဖို့တွေ ပါဝင်ပါတယ်။
“ဘယ်နေရာမှာ သုံးရမယ်လို့ ရွေးစရာ တစ်ကယ်ပဲလိုအပ်တာလား ဒါပေမယ့် မီးသင့်ကျောက် တွေက မြို့ရဲ့အရှေ့တောင်ဖက်မှာ တန်ပေါင်းဒါဇင်နဲ့ချီပြီးတော့ ပုံနေတာမှ သုံးလို့ကို မကုန်နိုင် ဘူး ဖြစ်နေတာ”လို့ ရှန်ယန်ရှောင်က စိတ်ရှုပ်စွာပြောလိုက်သည်။
“တန် ဒါဇင်ချီပြီးတော့ကိုရှိတာဟုတ်လား…”လို့ လူအချို့က တံတွေးတွေ မြိုချလိုက်ပြီးတော့ ရှန်ယန်ရှောင်ကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေလိုက်ကြသည်။
“အဲ့ဒီမှာ တစ်ခြားကျောက်တွေသတ္တုတွေလည်းရှိသေးတယ် ဒီအကြောင်းကို ကျနော့်ထက် စူဟီက ပိုနားလည်လို့ သူ့ကိုပဲ သွားမေးလိုက်ကြပါလား”လို့ ခေါင်းခဲလာရတဲ့ ရှန်ယန်ရှောင်က ဘော်လီဘောပုတ်ပေးလိုက်ပါတယ်။
စူဟီတို့ဟာ ယန်ယုရဲ့ ဂရုစိုက်ကုသမှုအောက်မှာ ပြန်လည်ကောင်းမွန်လာကြပြီဖြစ်ကာ လမ်းကောင်းကောင်းသွားနိုင်နေကြပါပြီ။
ရှန်ယန်ရှောင်က သူ့ခေါင်းပေါ်ကို ပုံချလိုက်တာကို သိလိုက်တဲ့ စူဟီ၏ ဖြူရော်ရော်မျက်နှာမှာ အပြုံးမပျက်သွားပါဘူး။
မကြာခင်မှာပဲ ဗိသုကာပညာရှင်တွေက စူဟီအား ဝိုင်းလိုက်ပြီးနောက် တစ်ယောက်တစ် ပေါက်ဖြင့် တက်သစ်နေမြို့ရဲ့ သိမ်းဆည်းထားသော ကျောက်တွေ သတ္တုတွေအကြောင်း မေးမြန်းကြပါတော့သည်။
စူဟီပါးစပ်က ထွက်လာတဲ့စကားအရ စွန့်ပစ်နယ်မြေထဲမှာ အန္တရာယ်တွေအပြင် ကြွယ်ဝမှုတွေလည်း ရှိနေတာကို နားလည်သွားကြပါတယ်။ရှားပါးတဲ့ ကျောက်အမျိုးမျိုးက ဒီနယ်မြေမှာတော့ သာမန်ကျောက်တွေလို ပေါများလှပါတယ်။များလွန်းလို့ တူးဖော်ရာမှာ အချိန်သိပ်မပေးရပါဘူး။
ဒီသတင်းက မီးသင့်ကျောက်တွေကို တွက်ချက်ချိန်ဆပြီးသုံးဖို့ ရည်ရွယ်ထားသူတွေရဲ့ မျက်ရည်တွေကို တိတ်သွားစေခဲ့ပါတယ်။အစကတော့ ဒီကိုလာဖို့အတွက် ကြူရှီယာက မက်လုံးအမျိုးမျိုးပေးပြီးမှ သူတို့လိုက်လာကြတာဖြစ်ပြီး အခုအချိန်မှာတော့ သူတို့ကို ကြိုးနဲ့တုပ် ပြီးခေါ်တောင် ဒီနယ်မြေကနေတော့ မသွားနိုင်ပါဘူး ယုတ်စွအဆုံး သေရင်တောင် ဒီမှာပဲ မြေကျခံမှာဖြစ်သည်။
ဒီမှာရှိတဲ့ ကြွယ်ဝသောအရင်းအမြစ်တွေနဲ့ဆိုရင် စိတ်ကူးယဉ်မြို့တော်တစ်ခုဖြစ်တဲ့ ချိုးဖျက်မရတဲ့ မြို့ကြီးတစ်ခု မည်သူမျှ မမြင်မတွေ့ဘူးသေးတဲ့ မြို့ကြီးတစ်ခု တည်ဆောက်လို့ ရပါတယ်။
သွေးဆူနေကြတဲ့ ဗိသုကာပညာရှင်တွေလည်း တက်သစ်နေမြို့တော်ကြီးကို ကိုင်တွယ်ကြမယ့် အပိုင်းအလိုက် အသီးသီး ခွဲဝေသတ်မှတ်လိုက်ကြပါတယ်။တက်သစ်နေမြို့ရဲ့ ပုံစံက စက်ဝိုင်းပုံစံ ဖြစ်တာကြောင့် မြို့လယ်မျှော်စင်ကို အစမှတ်အဖြစ်သတ်မှတ်ကာ ဆောက်မယ့်အိမ်တွေကို ပတ်ပတ်လည်ကို ဖြန့်ကျက်လိုက်ပါတယ်။မူလရှိတဲ့ မြို့ရိုးတံခါးဖြစ်သော အရှေ့တံခါးနှင့် အနောက်တံခါးကိုတော့ မူလအတိုင်းထားပြီး လမ်းမကြီးတစ်ခုနဲ့ ချိတ်ဆက်လိုက်ပါတယ်။အရှေ့ တံခါးကနေလာပြီးတော့ မြို့လယ်မျှော်စင်ကိုဖြတ်ကာ အနောက်တံခါးဆီသွားတာဖြစ်သည်။
တက်သစ်နေမြို့ရဲ့ ပုံကြမ်းအတိုင်း ဗိသုကာပညာရှင်တွေက ဗျူဟာကျကျ အစီအစဉ်တွေ ချမှတ်နေစဉ်မှာ စူဟီကတော့ ကျောက်တွေ ဆက်တူးဖော်နေလိုက်ပါတယ်။
အစစအရာရာအားလုံး လှပချောမွေ့စွာ သွားနေပြီဖြစ်ပါတယ်။
ဆရာငါးပါးလည်း ရှန်ယန်ရှောင်ဆီလာကာ တက်သစ်နေမြို့ကြီး ပြီးသွားတဲ့နောက် ဆက်လုပ်ရ မယ့် အစီအစဉ်တွေကို ဆွေးနွေးတိုင်ပင်ကြပါတယ်။
“နင်တို့က ဘယ်လိုတွေးထားလဲ”လို့ ဗိသုကာသမားတွေရဲ့ မေးခွန်းတွေကြောင့် ခေါင်းခဲနေတဲ့ ရှန်ယန်ရှောင်က မေးလိုက်တာဖြစ်သည်။သူမကိုတော့ ရင်ကျူးချန်က နောက်မှရပ်၍ နားထင်နှစ်ဖက်ကို အသာအယာနှိပ်နယ်ပေးနေပါတယ်။
“နင်ကဒီနေရာကို ဘယ်သူ့ကိုမှ မှီခိုစရာမလိုတဲ့ ခံတပ်ကြီးလုပ်မလား ဒါမှမဟုတ် တစ်ကယ့်မြို့ တော်ကြီးတစ်မြို့ လုပ်မှာလား”လို့ စီးပွားရေးမျိုးနွယ်ကလာတဲ့ ကြူရှီယာက မေးလိုက်ပါတယ်။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now