အပိုင်း - 21 ဒုတိယပိုင်း ( Z + U )

8.2K 748 9
                                    

အပိုင်း ၂၁ ( ဒုတိယပိုင်း )

"ငါ ပြောတာ မင်းဒီအိမ်ကနေထွက်သွားလို့မရဘူးလို့...."

"ဘာလို့လဲ..."

ဘုဏ်းမီးလျှံ ဆိုတဲ့လူကနည်းနည်းတော့ထူးဆန်းသည်ဆိုတာ
ရိုးရာ ခံစားမိလေသည် ။အပြုံးချိုချိုအားနှုတ်ခမ်းထက်မပြတ်
ချတ်ဆွဲထားပေမဲ့ မျက်ဝန်းတွေကတော့သိပ်ကိုအသက်မဲ့လှ
လေသည် ။

"နားတော့...."

သူ့အမေးကိုပြန်မဖြေပဲ အခန်းထဲကထွက်သွားရန် ပြင်နေသော
မီးလျှံဆိုသောလူကြောင့် ရိုးရာ အမြန်လှမ်းတားရလေသည် ။

"ဟေ့ နေဦးလေ ခုနပြောတဲ့စကားကဘာအဓိပ္ပါယ်လဲ...."

"နားတော့လို့ပြောနေတယ်လေ..."

ဆတ်ခနဲအော်ချလိုက်သောလူကြောင့် ရိုးရာ ကိုယ်လေးတုန်
တက်သွားရလေသည် ။

ငါ့ ကို အော် တယ်....

ရိုးရာ စိတ်ထဲထောင်းခနဲဖြစ်သွားလေသည် ။ဘယ်လိုပဲ
ယောက်ဖဖြစ်နေပါစေဦး အခုလိုအအော်ခံလိုက်ရတာကြောင့်
တော်တော်လေးစိတ်ဆိုးသွားရသည် ။

"မ နား ဘူး ငါ့လာမအော်နဲ့ သေနာရဲ့...."

ရှေးရိုးရာ၏လော်စပီကာလိုအသံကြောင့် မီးလျှံ ပင်ပြန်လန့်သွား
ရလေသည် ။မီးဝင်းဝင်းတောက်နေသောမျက်လုံးများနဲ့
သူ့အားစိုက်ကြည့်နေတာကြောင့် မီးလျှံ ဘာရယ်မဟုတ်
မသိမသာတွံတွေးမျိုချလိုက်မိသည် ။

"ထူးဆန်းတယ် မင်းငါ့ကိုဘာမဟုတ်တာလုပ်ဖို့ကြံစည်နေတာ
လဲ ဒီမှာ ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့နော် ယောက်ဖဆိုပြီး
ငါညှာမှာမဟုတ်ဘူး...."

"ရူးနေတာလား တစ်ယောက်တည်းစိတ်ကူးယဉ်နေတာရပ်
တော့ ရှေးရိုးရာ ငါမင်းကိုဘာမှမလုပ်ဘူး...."

သူ့စကားအား မျက်လုံးလေးမှေးကာ မယုံသလိုကြည့်နေသော
ရှေးရိုးရာကြောင့် မီးလျှံ သက်ပြင်းသာချလိုက်မိတော့သည် ။

"မင်းရဲ့ဒဏ်ရာကမကောင်းသေးဘူးလား အရမ်းလှုပ်လှုပ်ရှား
ရှားလုပ်လို့မရဘူး သူရဲကောင်းတော့လုပ်ချင်ပြီး ဦးနှောက်ကျ
မရှိဘူး...."

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Kde žijí příběhy. Začni objevovat