အပိုင်း - 27 ( Z + U )

7.7K 710 20
                                    

အပိုင်း ၂၇


အခန်းထဲတွင် အသံများတိတ်ဆိတ်နေပြီး လေထုကလည်း
အတန်ငယ်အေးစက်နေလေသည် ။
သားနှစ်ယောက်ရဲ့သတင်းဆိုးကြောင့် ဦးရိုးမဟာ တစ်ယောက်
ဆေးရုံခန်းထဲတွင်သတိလစ်ကာလဲလျောင်းနေလေပြီဖြစ်
သည် ။ကျန်တဲ့သူတွေကလည်း အသီးသီးစိုးရိမ်ပူပန်မှုတွေ
ကြောင့် မျက်နှာတွေမကောင်းကြပေ ။

"ဘာသတင်းထပ်ကြားသေးလဲ ခိုက်...."

အပြင်တွင်ဖုန်းပြောပြီး ပြန်ဝင်လာသော ခိုက်အားအကုန်လုံးက
ဝိုင်းဝန်းမေးမြန်းကြလေသည် ။ခိုက်လည်းမျက်နှာမကောင်းစွာ
ခေါင်းကိုသာခါယမ်းပြလေတော့သည် ။

"ဒုက္ခပဲ ရာရာ တစ်ခုခုဖြစ်နေတာမဟုတ်ပါဘူးနော် ဂုဏ်လေး
ကိုရောဘယ်သူတွေခေါ်သွားတာလဲ...."

ခြွေကစိုးရိမ်တကြီး ရေရွတ်လေသည် ။အားလုံးရဲ့ရင်ထဲတွင်
စိုးရိမ်ပူပန်မှုတွေကြောင့် လေးလံနေကြလေသည် ။
အရှင်သခင်ကတော့ထိုင်စောင့်ပြီးမနေနိုင်တာကြောင့် ကလေး
အက်ဆီးဒင့်ဖြစ်သည့်နေရာသို့လိုက်သွားလေသည် ။
သခင် အခင်းဖြစ်သည့်နေရာကိုရောက်တော့ ရဲတွေ ဆေးရုံကား
တွေနဲ့ ရှုပ်ယှက်ခတ်နေတာတွေ့ရပြီး ခပ်လှမ်းလှမ်းတွင်
မီးလောင်နေသောကားတစ်စီးကိုတွေ့ရလေသည် ။သေချာ
ကြည့်လိုက်တော့ ကားကရှေးရိုးရာအမြဲစီးနေကျဖြစ်သော
ကားလေးဖြစ်နေသည်ကိုတွေ့လိုက်ရသည် ။
ရင်ဘတ်ထဲဒိန်းခနဲဆောင့်ခုန်သွားပြီး စိုးရိမ်မှုကြောင့်မျက်လုံး
တွေပြာဝေလာရလေသည် ။

"ကလေး......"

တစ်ခါမှမငိုဖူးသည့်သခင် ဒီတစ်ခါတော့မျက်ရည်များဖြင့်
ဖြေမဆည်နိုင်အောင်ဖြစ်နေရတော့သည် ။
ယိုင်နဲ့ချင်နေသောခြေထောက်တွေကိုထိန်းရင်း ကလေးအား
တွေ့လိုတွေ့ငြားလိုက်ရှာနေမိသည် ။

ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့ ကလေးရယ်....

"တစ်ဖက်ကကုန်တင်ကားက ဘရိတ်မထိန်းလိုက်နိုင်ပဲ
အစ်ကိုလေးရဲ့ကားကိုဝင်ကြုံးတာတဲ့ အစ်ကိုလေးရဲ့ကားက
ပြင်းပြင်းထန်ထန်ပျက်ဆီးသွားပြီး လူကိုမကယ်လိုက်နိုင်ခင်
မှာပဲ ကားကပေါက်ကွဲသွားတယ်လို့ပြောပါတယ် ဘော့စ်...."

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now